ကဗျာ ကမာပုလဲ

ကျနော်ဟာ ချုပ်ရိုးတကြောင်း ဖြစ်တယ်

ကမာပုလဲ
ဇန်န၀ါရီ ၁၂၊ ၂၀၁၃

ကျနော်ဟာ ချုပ်ရိုးတကြောင်းပါ
ဆန္ဒနဲ့ ဘ၀ကြားမှာ နေတယ် …။

ကျနော်ဟာ ချုပ်ရိုးတကြောင်းပါ
ချစ်သူနဲ့ မုန်းသူကြားမှာ ရပ်လျှက် …။

ကျနော်ဟာ ချုပ်ရိုးတကြောင်းပါ
ဟိုမှာဘက်ကမ်းနဲ့ ဒီမှာဘက်ကမ်းကြားက တံတားကလေး …။

ကျနော်ဟာ ချုပ်ရိုးတကြောင်းဖြစ်တယ်
ကျနော်ဟာ ချုပ်ရိုးတကြောင်းဖြစ်ပါတယ်
ချစ်သူပစ်ထားခဲ့မှာကို သိပ်ကြောက်တဲ့ အိပ်မက်ကလေးပေါ့
ကျနော်ဟာ ချုပ်ရိုးတကြောင်း ဖြစ်တယ် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts