News

Myanmar Insider’s debut

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အင်္ဂလိပ်ဘာသာဖြင့် လစဉ်ထုတ်မည့် ဂျာနယ်တစ်စောင် ထွက်ပေါ်လာ

နော်အဲ

နိုဝင်ဘာ ၁ဝ၊ ၂ဝ၁၃
 

အင်္ဂလိပ်စာဖတ်ပရိသတ်ကို ပစ်မှတ်ထားပြီး အင်္ဂလိပ်ဘာသာဖြင့် လစဉ်ထုတ်မည့်  Myanmar Insider  ဂျာနယ်သည် ပြီးခဲ့သည့် သောကြာနေ့က စတင်ပြီး စာနယ်ဇင်းဈေးကွက်သို့ ရောက်ရှိလာသည်ကို တွေ့ရှိရသည်။
ဂျာနယ်ဝိုင်းတော်သားစာရင်းတွင် မြန်မာအမည်များကိုသာမက နိုင်ငံခြားသားတို့၏အမည် အများအပြားကိုတွေ့နိုင်သည်။
ဂျာနယ်ထုတ်ဝေရေးအတွက် ၀ိုင်းတော်သားတို့က အချိန် ၆ လ ကြာ ပြင်ဆင်ခဲ့ရသည်ဟု အယ်ဒီတာချုပ် Victor Jeffery က ပထမဆုံးထွက်လာသည့် နိုဝင်ဘာလထုတ်ဂျာနယ် အမှာစာတွင် ရေးသားဖော်ပြထားသည်။

ဆိုင်များတွင် ကျပ် ၁,၂ဝဝ ဖြင့ပ် ၀ယ်ယူနိုင်သော ထိုဂျာနယ်တွင် ပါဝင်သော ဆောင်းပါးများကို ၎င်းတို့၏ အွန်လိုင်း http://www.myanmarinsider.com/index.php တွင် ဖတ်ရှုနိုင်စေရန်လည်း စီစဉ်ပေးထားသည်ကို တွေ့ရှိရသည်။

ယခုအခါ မြန်မာပြည်ဈေးကွက်တွင် အင်္ဂလိပ်ဘာသာဖြင့် လစဉ်ထုတ်နေသော Irrawaddy, Acumen,  စသည့် စာစောင်များ ရှိနေသည်။ Myanmar Times, Mizzima စသည့် အပတ်စဉ်ထုတ် ဂျာနယ်များ နှင့် ဦးသီဟစော စီစဉ်သည့် Freedom နေ့စဉ်ထုတ်သတင်းစာတို့ကလည်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသည်ကို တွေ့ရှိရသည်။

ဂျာနယ် ၀ိုင်းတော်သားများစာရင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts