ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ထိန်လင်းဆေးခန်းသို့ လေ့လာမှု

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
စက်တင်ဘာ ၅၊ ၂၀၁၂

၁.၉.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်ရှိ “ထိန်လင်းကုသိုလ်ဖြစ် ဆေးခန်း” သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အလုပ်မှုဆောင် ဦးဖြိုးကိုကို၊ သုခကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ခံ ဒေါ်မိုးမိုးကြည်နှင့် အသင်းသား ဦးဇော်စိုင်းတို့သည် ဆေးခန်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား မေးမြန်းမှုပြုလုပ်ခဲ့ကြပြီး ကူညီမှုထောက်ပံ့မှု ပြုလုပ်ပေး နိုင်ရန် လေ့လာခဲ့ကြသည်။ ယင်းဆေးခန်းသည် တစ်ပတ်လျှင် (ဗုဒ္ဓဟူး၊ စနေ) နေ့များတွင်ဖွင့်လှစ်ခဲ့ပြီး တစ်နေ့လူနာ (၅ဝ) ဦးခန့်အား ဆရာဝန် (၃) ဦးတို့မှ ကုသဆောင်ရွက်ပေးလျှက်ရှိသည်။ ဆေးဝါး တစ်နေ့တာ ငါးသောင်းကျပ်ခန့်ကုန်ကျလျှက်ရှိပြီး တစ်လလျှင် လေး သိန်းကျပ်ခန့် ကုန်ကျနေကြောင်းသိရသည်။ တစ်ပတ်လျှင် (၃) ရက်နှုန်းတိုးမြှင့်၍ ဆေးဝါးကုသမှုပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းအားထုတ် နေကြကြောင်း သိရှိရသည်။ “ထိန်လင်းကုသိုလ်ဖြစ်ဆေးခန်း” ၏ တာဝန်ရှိသူများသည် ၂ဝ.၈.၂ဝ၁၂ ရက်နေ့၌ နာရေးကူညီမှုအသင်း (ရန် ကုန်) သို့လာရောက်၍ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့်တွေ့ဆုံခဲ့ပြီး အကူအညီတောင်းခံ ဖိတ်ကြားမှုပြုခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အများပြည်သူတို့အား ကူညီပေးဆပ်သည့်နေရာတွင် ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း ကူညီဖေးမမှုများပြုလုပ်ပေးနေသကဲ့သို့ ယခုကဲ့သို့ ကိုယ်ကျိုးမဖက်သည့် လူမှုရေးအသင်းအဖွဲ့များအားလည်း အင်အားဖြည့်ဆည်း (တိုးမြှင့်) ပေးမှုများ ကိုလည်း အင်တိုက်အားတိုက် လုပ်ကိုင်ပေးဆပ်လျှက်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts