မိုးမခကို ပေးတဲ့စာ

ဘ၀တွေ ဘာလဲ ဘယ်လဲ (Pyi Chit Maung)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ပြည်ချစ်မောင်(သာယာဝတီ)။ ဇူလိုင် ၃၁၊ ၂၀၁၂
(နို့ဘိုးဒုက္ခသည်စခန်းကနေ ရေးတဲ့စာ)
တလောကကြားလိုက်မိပါသေးတယ်    “အိမ်ပြန်ခွင်”့ တဲ့  တကယ်တော့လဲ၊ ဘယ်တော့မှ ရောက်မလာတတ်တဲ့ ရွှေမိုးကိုမျှော်လင့် နေကြသူတွေလို ထိုင်း-မြန်မာနယ်စပ်တစ်လျောက်ကဒုက္ခသည်တွေ ဟာလဲဖင်တကြွကြွနဲ့ အိမ်ပြန်ခွင့်တွေကိုစောင့်နေကြပါပြီ။
တကယ်တော့ တရားဥပဒေအထက်မှာ ရှိနေကြသူတွေက တရားဥပဒေကို  ပစ်စလက်ခတ် သုံးနေကြတယ်ဆိုတာကိုတော့ အနည်းနဲ့အများခံစားမိကြမှာပါ။ဦးလေးကြီးတစ်ယောက်က ပြောပါသေးတယ်
“သူတို့ခေါ်တဲ့အချိန်မှာပြန်မှကွ တဲ့ နို့မို့ဆို နိုင်ငံပျောက်သွားမယ်” တဲ့။
ဟုတ်နေတာပဲလေ။   ဒါပေမယ့်ဘယ်လောက်အထိတာဝန်ယူပေးမှာလဲ စီးပွားရေး လူမှုရေး ဘာညာပေါ့ ဒုက္ခသည်စခန်းတစ်ခုလုံး တော့ပွဲဆူ နေဆဲပါပဲ။
မြန်မာ့စစ်တပ် နောက်ပြန်ဆွဲသမ္မတကြီးကတော့ ဒုက္ခသည်တွေပြည်တော်ပြန်ရေးဆိုတာ သူ့အတွက် သောက်လက်စ ရေတစ်ခွက်လောက်မှ အလေးထားပါ့မလား မသိနိုင်ပဲနော့။အချိန်တွေသာကုန်တယ် အနောက်ကလာမယ့် ထောက်ပံ့မူတွေလဲလျော့ပေါ့လာ။ ကန့်တွေထဲထောက်ပံ့မူတွေလဲ  နည်းပါးလာတော့ကြားနေမဟုတ်ပဲ   သစ်ကိုင်းလွတ်မျောက်လိုလဲ မဖြစ်ချင်ကြတာဖြစ်မှာပေါ့။ အများစုကလဲ ထိုင်ပြီး ဒုက္ခကိုစောင့်နေကြတာထက်စာရင် မြေမြုပ်မိုင်းသာ နင်းတော့မယ်တဲ့။ တကယ်လဲ တဖက်မှာ တစ်ချို့တစ်ချို့အဖွဲ့အစည်းတွေက မြေမြုပ်မိုင်း တွေရှင်းလင်းပေးရေ့း၊ လမ်းပန်းသာယာချောင်ချိရေး၊ အန္တရာယ်ကင်းရှင်းလုံခြုံစေရေး အစရှိသည်ဖြင့် ကျယ်ကျယ် လောင်လောင် ခုတစ်လောမှာပိုကြားလာရပါတယ်။
တစ်ချို့ကလဲ ဖဆပလ နှစ်ခြမ်းကွဲသလို ပြန်မယ် မပြန်ဘူး အစရှိသည်ဖြင့် … ကွဲလွဲနေကြတုန်းပါ။ မြန်မာအစိုးရကလဲ စစ်တပ်ကိုသိက္ခာထပ်ချင်တော့ ပြည်တွင်းစစ်ကို တစ်မျိုးမဟုတ် တစ်မျိုး မွှေးနေတဲ့ကာလ။ ဆရာစိုးနေလင်း စကားနဲ့ပြောရရင် တည်ဆဲအရေခွံလဲစစ်အစိုးရလက်ထက်မှာ ဘာကိုမှ ယုံယုံကြည်ကြည် ပုံမအပ်တာက အကောင်းဆုံးနည်းလမ်းဖြစ်မယ်ထင်ပါရဲ့ဗျာ။
ပြီးတော့လက်ရှိမှာ အာဏာခွဲဝေမူမညီမျှတဲ့ မြန်မာအာဏာရအသိုင်းအ၀ိုင်းမှာလဲ ဒုက္ခသည်များပြည်တော်ပြန်ရေးဟာ ၀န်ကြီးဌာနတစ်ခု တည်ထောင်ရေးလို အရေးမကြီးသေးတဲ့ကာလ့။ မြန်မာအစိုးရကလဲ ရိုဟင်ဂျာကို မျက်စပစ်နေ ပြည်သူကို နားယောင်အောင်လုပ်နေတဲ့အခိုက်အတန့်။ ဒီကြားထဲ ဆော်ဒီက ရိုဟင်ဂျာအရေးကိစ္စကို ကျယ်ကျယ်လောင်လောင် အော်ပေး၊ ဘေးတီးပေးနေတဲ့ကိစ္စတွေ။ ဆရာဦးနိုင်ဦးစကားနဲ့ပြောရရင်
“မြန်မာ ဒီမိုကရေစီအရေးမှာတော့ လေလာတုန်းတောင် လေကျယ်ကျယ်မလည်ခဲ့တဲ့ ရိုဟင်ဂျာ အုပ်စုက ခုမှလာပြီး  လေပင့်နေတယ်”တဲ့။
အာဏာကိုတည်မြဲအောင်လုပ်နေတဲ့ အစိုးရကြား စစ်တပ်မှာလဲ   အရေးကြီးကြောင်းပြဖို့ ပြည်တွင်းစစ်ကို လက်သပ် မွေးနေမှာပဲ ။ ဟန်ပြတောင်မပေါ်လာခဲ့သေးတဲ့ မြန်မာဒီမိုကရေစီ ၊ကျောင်းသားခေါင်းဆောင်တွေကို တောင် ဆဲဗင်းဂျူလိုင် နှစ်ငါးဆယ်ပြည့်ပွဲအတွက် သွေးတိုးစမ်း ဖမ်းပြခဲ့သေးတာ မြန်မာအသိ ကမ္ဘာအသိ၊ “ငါတို့လုပ်နိုင်သေးတယ် သတိထားကြ”ဆိုတဲ့သဘောပေါ့။မြန်မာ့ စစ်တပ်ကိုထပ်မွေးနေတယ် ဦးနေ၀င်း လက်သစ် တွေပေါ့ကျောင်းသားထုနဲ့ က ကမ္ဘာ့ရန်ဖြစ်ခဲ့တာကိုး။ သမိုင်းကြောင်ကွက်ဖြစ်လာတဲ့ စစ်အာဏာရှင်  ထင်ရာလုပ်ဖို့တော့ဘယ်တော့မှ ၀န်လေးလိမ့်မယ်မထင်လေနဲ့။ ဘိုးဘိုးဘေးဘေး စစ်ခေါင်းဆောင်ကြီးတွေလို  အငှားဗိုက်နဲ့ဓါးထိုးခံဦးမယ့် ဦးသန်းရွှေ ပွဲကြည့်ပရိတ်သတ်အဖြစ်နဲ့ပဲ ခုဆို ရွှေပွဲလာတရုတ်ပရိတ်သတ်ကြီးနဲ့ စကားတွေတောင် ပွဲကျနေတယ်ထင်ပါ့။
မြန်မာဆိုတာမင်းအဆက်ဆက်မှာ ဘာတွေပဲ ကောင်းခဲ့ ကောင်းခဲ့၊ မကောင်းခဲ့မကောင်းခဲ့ မြန်မာ့သမိုင်းမှာတော့   ဗုဒ္ဓဘာသာနိုင်ငံဆိုတာတော့ပြနိုင်ခဲ့သေးတယ် ။ ဘုန်းကြီးအတုတွေပါဆိုပြီး ရက်ရက်စက်စက်ရိုက်သတ်ခဲ့တဲ့ကာလဟာ သိပ်မဝေးလှသေးတဲ့ နှစ်ထောင့်ခုနှစ် (၂၀၀၇) မှာပါ။ စစ်အာဏာရှင် သိန်းစိန်ကြီးကို အားပါးတရ ဝေဖန်နေကြတဲ့ လွတ်မြောက်နယ်မြေက ကိုကို တို့၊ မမတို့ရေ … ခင်ဗျားတို့လောက်တောင် နိုင်ငံအပေါ်မှာ ကောင်းကွက်မရှိခဲ့တဲ့ အဲ့သည့် သမိုင်းကြောင်စစ်အာဏာရူးကို အရေးအရာလုပ် ထင်မြင်ချက်တွေမပေးဖို့ တောင်းဆိုလိုက်ပါတယ်။  ခင်ဗျားတို့ဝေဖန်ခံရလောက်အောင် သူ့မှာ တန်ဖိုးမရှိတာ သတိရပါ။    သားသတ်သမားဟာ အ၀တ်လဲလို့ သူတော်စင်မှဖြစ်မလာနိုင်တာပဲ။
ဆရာဒေါက်တာသန်းထွန်း ပြောတာကြားဘူးခဲ့ပါတယ် “သမိုင်းသင်တာ မ“အ”အောင်တဲ့” အရမ်းကြိုက်ပါတယ်    အဲ့  ဒါကြောင့်လဲ သမိုင်းကိုစစ်အစိုးရ  လက်စဖျောက်နေခဲ့တယ်ထင်ပါ့။  တစ်ချို့ကလဲ  ပြောနေကြသေးဗျား “ဦးသန်းရွှေ  ဟာတိန်ရှောက်ဖိန်လက်သစ်” တဲ့။  အားပါးပါး ထင်မြင်ချက်ပေးစရာမရှိအောင် လွဲနေတော့တာပဲ   နိုင်ငံအပေါ်မှာ လက်လွန်ပြီးလို့လား … မခိုင်တွယ်တဲ့ သဘောတရားကို လက်ကိုင်ထားလို့လား … တိန်ရှောက်ဖိန်ဟာ   ဖေါက်ပြန်ရေးသမားတစ်ယောက်လို့လဲ ထင်မြင်မိပါရဲ့။ မြန်မာ့သန်းရွှေ ကြီးဟာ စစ်ခုံရုံးကို ရှောင်ခဲ့တယ်လို့ရော  မတွေးမိကြဘူးလား။
မြန်မာ့ဆိုရှယ်လစ်နည်းနဲ့ချီတက်ခဲ့တဲ့ ဦးနေ၀င်း လမ်းသစ်ထွင်တယ် ထင်လိုထင်၊ ဘာဟုတ်မလဲ … နောက်တော့ သူ့အာဏာမြဲဖို့ ထင်ရာလုပ်သွားတာပဲလေ။ ခုလဲ လာပြန်ပြီ လွှတ်တော်မှာ စစ်တပ် တစ်မတ်သားနဲ့ ဖေဖေနေ၀င်းကြီးလို မြန်မာ့နည်းမြန်မာ့ဟန်ပေါ့ အဟဲ …။
ပွဲက ကားလိပ်မှမတင်ခင် ဇာတ်သိမ်းနေတာပဲ။ အခြေနေအရ လက်ခံရတဲ့ အခြေနေပါ။ လူထုခေါင်းဆောင်အနေနဲ့ သွေးမြေမကျရေး လမ်းစဉ်နဲ့ ပြုပြင်ယူမယ်ပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေကို အသိတစ်ခုတော့ ရင်ထဲမှာထည့်ထားရလိမ့်မယ်။
 “တမာပင်ကဘယ်တော့မှ သရက်ချို  မသီးဘူ့း့အဲ့ဒါ လောကပါလအမှန်တရားပဲ”။
        နိုင်ငံပျောက်နေတဲ့ ပြည်သူတွေ၊ သူများနိုင်ငံမှာ ထောက်ပံ့ကြေးနဲ့ မလောက်မငှ  ရပ်တည်နေကြသူတွေကို စာနာကြပါ။ လူကို မျောက်ပွဲကြည့်သလို လာကြည့်ကြတဲ့ အနောက်အုပ်စုတွေကြား ဒုက္ခသည်စခန်းနေသူတစ်ချို့  တောက် ခတ်ကြတယ်။ ထောက်ပံ့ရေးနဲ့ ကူညီရေးကို အတူတူအဓိပ္ပာယ်ဖွင့်ထားကြသူတွေကတော့ ဘယ်လို နေမယ်မသိဘူးပေါ့။
        “ဒုက္ခသည်စခန်းရောက်တိုင်း စာပေမတတ်တဲ့လူတွေမှ မဟုတ်တာကွာ” တဲ့…။
        အသက် ကြီးကြီး  လူကြီးတစ်ယောက်ရဲ့ကြုံးဝါးသံ။
            ဒီလိုတွေဖြစ်နေတာတွေကို အခြေနေအရပ်ရပ်    နားလည်လာကြပြီ။ တစ်ချို့ကလဲ     …
            “အသက်တွေ ကြီးပါပြီတဲ့ ။ ကိုယ့်မြေ ကိုယ့်ရေလေး မှာပဲ ပြန်ခေါင်းချချင်တော့မယ် ” တဲ့။
            စိတ်ဓါတ်တွေကို တတိတိ သတ်ပစ်တဲ့နည်းနဲ့  မြန်မာအစိုးရ အကွက်ကျကျစီစဉ်ခဲ့တယ်။   တဖက်ကလဲ အပစ်ရပ်ဆွေးနွေးနေတုန်း မြန်မာစစ်တပ်က အင်အားတွေ ခဲယမ်းတွေ တိုးမြှင့်ပို့ဆောင်နေသတဲ့။ ဟိုးတချိန်က ပြည်တွင်းသတင်းတွေမှာ    ဂုဏ်ယူဝင့်ကြွားစွာ ကြေညာတယ် …
             “မြန်မာစစ်တပ် အနေနဲ့ ရန်သူ့စခန်းတွေကို သိမ်းပိုက်ရရှ၊ိ ရန်သူ့အလောင်း၂၀ ရရှိ၊ မြန်မာ့စစ်တပ်မှ တိုင်းပြည်အားအသက်ပေး ကာကွယ်သွားကြသော  စစ်သူရဲကောင်း ၁၂ ဦးအား စစ်သည်ကောင်းဘွဲ့ပေးအပ်”  
            အဲ့အချိန်က အဖိုးပြောတာကြားဘူးတယ် …
            “ဟဲ့ကောင်ရ … တကယ်တော့ မြန်မာနိုင်ငံသား ၃၂ ယောက် သေသွားတာပဲ” … တဲ့။
            လွတ်လပ်ရေးဖခင် မြန်မာ့စစ်တပ်ရဲ့ ဖခင် ဗိုလ်ချူပ်အောင်ဆန်း မြန်မာ့စစ်တပ်ကို    တည်ထောင်စဉ်ကတော့ အာဏာ ယူဖို့မှမဟုတ်ခဲ့ပဲ။ လူမျိုးခြားတွေကို နယ်ချဲ့တွေကိုသုတ်သင်ဖို့ပဲ  ဖြစ်ပါတယ်။ စနစ်တကျ သမိုင်းကို ဖျောက်တာ  အာဇာနည်နေ့ကို မသိတော့တဲ့ ၉၀လွန် မျိုးဆက်တွေကြား မြန်မာသမိုင်းဟာ ပျောက်လုလု ဖြစ်နေပါပြီ။      လူမျိုးရေးတိုက်ပွဲတွေဖြစ်နေတဲ့အကြား လူမျိုးချင်း ရန်  တိုက်တာတွေကိုလဲ     မြန်မာစစ် အာဏာရှင်တွေ မပျက်မကွက်လုပ်ခဲ့ပါသေးရဲ့။
            မြန်မာလူမျိုးတွေ မြန်မာ့ရေမြေပေါ်မှာ  နေထိုင်နေကြသူတွေ      အားလုံးဟာ စစ်တပ်တွေ၊ လွှတ်တော်ထဲကနေ ထွက်ခွာသွားတဲ့အထိ ပြည့်သူ့ကိုယ်စားပြု အမျိုးသားအစိုးရ  ပေါ်ပေါက်သည်အထိ   ဆက်လက်ကြိုးပမ်းနေရမှာပါ။ မျက်နှာဖုံးအောက်က အစွယ်ဖွေးဖွေးတွေကို မဖုံးနိုင်တာကြောင့် မြန်မာအစိုးရဟာ ဘီးလူးခေါင်းဆောင်းထားတဲ့ ဘီလူးသာဖြစ်ပါတယ်။  သူကတော့     မင်းသားမျက်နှာဖုံး ဆောင်းထားတာပေါ့ ဒါပေမယ့် အောက်က ဇာတိရုပ်ကိုလုံခြုံအောင်မထိန်းနိုင်ခဲ့ပါဘူး။
            အခြေနေအမှန်ကို  နားလည်သင့်ကြပြီထင်ပါတယ်။ မြန်မာအစိုးရကိုတော့ ယုံမှတ်ပြီး မပုံအပ်ပါနဲ့တော့။ သမိုင်းရှင်းလင်းရေး တံမြက်စည်းလှဲပွဲမှာ ပါဝင်ကပြသူ ဖြစ်သွားပါလိမ့်မယ်။  အသက်တွေထပ်   မဆုံးရှုံးပါစေနဲ့တော့။    ပြီးဆုံးသည်အထိ ဆက်လက်  တိုက်ပွဲဝင်ကြမှာသာဖြစ်ပါတယ်။     နယ်စပ်တစ်လျောက်မှာနေနေတဲ့ ပြည်ဝင်ချင်သူများအနေနဲ့လဲ တရားဝင်မခေါ်ပါဘဲ ပြန်မ၀င်ကြဖို့ တရားဝင်ခေါ်ရင်တောင် အဖွဲ့အစည်းနဲ့တကွပြန်ကြဖို့     တိုက်တွန်းလိုက်ပါရစေ။ အစာနောက်မှာ ပါတဲ့အဆိပ်ကို  ရှောင်ရှားနိုင်ကြပါစေ။
Photo via ezioman via Flickr CC

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဘ၀တွေ ဘာလဲ ဘယ်လဲ (Pyi Chit Maung)
  1. ပြည်ပရောက်အမျိုးသားကျောင်သားများအဖွဲ့  says:

    နိုဘိုး စခန်းအတွင်းမှာ လည်း အာဏာရှူးတွေကြောင့် နေရပ်ပြန်လိုသူတွေရှိသလို ဘန်ကောက်နဲ့ မဲဆောက်မြို့ တွေမှာ သွားလုပ်ကိုင်စားသောက်နေသူတွေလည်းတွေ့ ရတယ် မန္တလေးမြို့ ကနေပြီး အိမ်ခြံမြေရောင်းကာ စခန်းအတွင်းလာနေတဲ့ နိုင်ငံခြား သွားခြင်တဲ့ သူတေါလည်းရှိတယ် နည်းအမျိုးမျိုးပါ ဒီလိုလူတွေများများ ၀င်လာလေ စခန်းတာဝန်ခံတွေအကျိုးအမြတ်ရလေပါ နောက်ကွယ်က လျှို့ ဝှက်ချက်တွေ ကို ဒီနေရာမှာ အကုန်မရေးခြင်တော့ဘူး

Comments are closed.