ရေခြားမြေခြား မြန်မာများ နိုင်ငံတကာရေးရာ

SFBC Book Drive ရန်ကုန်ရှိ ကိုယ်ထူကိုယ်ထစာဖတ်ခန်းများသို့ စာအုပ်ပုံးများ ဆက်လက်လှူဒါန်း

 ဆန်ဖရန်ဘေးဧရိယာ မြန်မာကွန်ြမူနီတီ Book Dirve က

ရန်ကုန်ရှိ ကိုယ်ထူကိုယ်ထစာဖတ်ခန်းများသို့ စာအုပ်ပုံးများ ဆက်လက်လှူဒါန်း

မိုးမခ၊ ဇူလိုင် ၂၇၊ ၂၀၁၂

San Francisco Burmese Community Book Drive အမည်နဲ့ အများပြည်သူကောင်းမှု လှုပ်ရှားမှုတခုအဖြစ် အင်္ဂလိပ်ဘာသာ ကလေးလူငယ်စာအုပ်များ ကောက်ယူစုဆောင်း အလှူခံပြီး မြန်မာပြည်အတွင်း လက်လှမ်းမီသမျှ စာကြည်တိုက်နှင့် စာဖတ်ခန်းများထံ စာအုပ်များ ပေးပို့ လှူဒါန်းခြင်းပြုလုပ်လျက်ရှိရာ ယခု အမေရိကန်နွေရာသီကာလအတွင်း စာအုပ်ပုံးများ ထပ်မံရောက်ရှိပြီး ကိုယ်ထူကိုယ်ထစာဖတ်ခန်းများ၊ စာဖတ်အသင်းများသို့ ပေးပို့ လှူဒါန်းနိုင်ခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခအလင်းစာကြည့်တိုက်သို့ ယခုဇူလိုင်လအတွင်း တတိယအကြိမ်မြောက် ကလေးစာအုပ်တပုံး လှူဒါန်းနိုင်ခဲ့သည့်အပြင် Lingus Workschop 2 (ဒဂုံမြို့သစ် အရှေ့ပိုင်း) သို့ ဇွန် ၂၇ က၎င်း၊ လောကအမွန် စာကြည့်ခန်း (ကျောက်တံတားမြို့နယ်) သို့ မေ ၁၈ က၎င်း စာအုပ်တပုံးစီ လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း အလှုရှင်များ၊ စေတနာရှင်များ ၀မ်းမြောက်သာဓု ခေါ်ဆိုနိုင်ရန် အသိပေးကြေညာလိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts