သတင်းပဒေသာ

မဲဆောက်မြို့က ပတ်စ်ပို့လောက အကြီးအကျယ် အကြပ်တွေ့နေရ

မိုးမခအထောက်တော်
ဇွန် ၁၂၊ ၂၀၁၂
မြ၀တီ-တစ်ဘက်ကမ်း မဲဆောက်တွင် ဧပြီလ ၂၀ ရက်နေလောက်က မဲဆောက် ထေ့စ္စပန်း (စည်ပင်) ရုံးမှ ထိုင်းနှစ် ၂၅၅၄ ခုနှစ်က လက်ကျန်နေထိုင်ခွင့်လက်မှတ်များကို လူစားထိုးပြီး မြန်မာပြည်သား ရွေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့်လက်မှတ်များကို တရားဝင် လုပ် ဆောင်ပေးလိုက်ပါတယ်။

သို့သော် လူစားထိုးရသည့်အတွက် နာမည်-အသက်-အဖအမည်တို့မှ ယခင်လူဟောင်းအမည်နှင့် အသက်ဖြစ်ပြီး ယခု ဓာတ်ပုံရိုက်သူ၏ ပုံ နှင့် လက်ဗွေ ဖြစ်သော ထော်လော်များကို ၃၅၀၀ ဘတ်မှ ၆၀၀၀ ဘတ်အတွင်း ယူပြီး ပြုလုပ်ပေးခဲ့ပါသည်။သို့သော်လည် ဓာတ်ပုံအောက်တွင် ဓာတ်ပုံရိုက်သည့်နေ့ 2555 ဆိုသည့်ခုနှစ်ပါရှိပါသည်။

ယခုအခါ ၎င်းနေထိုင်ခွင့် (ထော်လော်) ဖြင့် မဟားဒိုင်း (ဘန်ကောက်ခွင့်ပြုမိန့်) ရပြီး ပတ်စ်ပို့ ပြုလုပ်ရန်အတွက် မဲဆောက် တောမောင်းရုံး(လ-၀-က)ရုံးက ၄င်းထော်လော်များသည် တရားမ၀င်ပါဟု ဆိုကာ ပါတ်စပို့လုပ်ဆောင်ခြင်းအတွက် မည်သို့မျှဆောင်ရွက်မပေးနိုင်ဘဲ ဖြစ်နေရာ တာဝန်ယူဆောင်ရွက်ထားကြသော ကုမ္မဏီများ၊ အေးဂျင့်များမှာ ပတ်စ်ပို့ပြုလုပ်ထားသော ထော်လော်အသစ်ပိုင်ရှင်များနှင့် ပြဿနာများ နေ့စဉ် ဖြေရှင်းနေကြရကြောင်းသိရပါသည်။ မြန်မာပြည်သားများ ယခုကဲ့သို့ 2554 ခုနှစ်လက်ကျန်ကို 2555 တွင်ရိုက်ပေးသော နေထိုင်ခွင့် လက်မှတ်ကိုင်ဆောင်ပြီး ပတ်စ်ပို့ရရှိရေးစောင့်နေသူမှာ ထောင်ကျော်ရှိပြီး တစ်ဦးလျှင် ဘတ် ၃၀၀၀ နှုန်းအနည်းဆုံးထားတွက်ချက်လျှင် လူထောင်ချီသဖြင့် မြန်မာလူမျိုးတို့ ငွေ ထိုင်းဘတ် သန်းပေါင်းများစွာမှာဆုံးရှုံးရမည့်အခြေအနေဖြစ်နေပြီး အချိန်ကုန်-လူပန်းဖြစ်ကာ ကြီး စွာ သောဒုက္ခရောက်လျှက်ရှိကြောင်း သိရပါသည်။

http://universalinterfaith.blogspot.com/2012/06/blog-post_10.html တွင်လည်း ဖော်ပြထားသည်ကို တွေ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts