ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

မျှဝေသူတို့၏ ပေးဆပ်မှုများ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၁၀၊ ၂၀၁၂

၂၀၁၂ ခုနှစ်၊ ဧပြီလ၊ ၇ ရက် (စနေနေ့) နံနက် (၉) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူ အချို့သည် ဒဂုံအရှေ့ပိုင်းရှိ ဦးလှထွန်း(Hospice) မေတ္တာရိပ်မွန် ကင် ဆာ၏ဖောင်ဒေးရှင်းသို့သွားရောက်ကာ ငွေလှူဒါန်းပွဲသို့ တက်ရောက်အလှူခံခဲ့သည်။ ဦးလှထွန်း (ကင်ဆာဖောင်ဒေးရှင်း) (နာယကကြီး)ဗိုလ်ချုပ်အေဘယ် (လ်) (ငြိမ်း) နှင့် ဥက္ကဋ္ဌ (Prof) ဒေါက်တာမျိုးညွှန့်၊ ဒုဥက္ကဋ္ဌ (Prof) ဒေါ်ရီရီမြင့်နှင့် ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းရှိ အလုပ်အမှုဆောင်များမှ ကြိုဆို နူတ်ဆက်ကာ အလှူငွေ (၁၀) သိန်းတိတိအား လှူဒါန်းခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဦးလှ ထွန်းကင်ဆာဖောင်ဒေးရှင်းမှ ကွယ်လွန်သွားရှာကြသော ကင်ဆာဝေဒနာရှင်ဦးရေ (၂၀၀၀) ဦးခန့်ကို (အခမဲ့) နာရေးပို့ဆောင် သဂြိုလ် ပေးခဲ့ပြီးဖြစ်သည်။

ဦးလှထွန်း (ကင်ဆာဖောင်ဒေးရှင်း) မှ (နာယကကြီး) ဗိုလ်ချုပ်အေဘယ်(လ်) (ငြိမ်း) နှင့် အလုပ်အမှုဆောင်များသည် ဦးလှထွန်းကင်ဆာ ဖောင်ဒေးရှင်း၏ စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကာ ကွယ်လွန်သူဦးလှထွန်း အမှတ်တရပြတိုက်အား ပြသခဲ့ သည်။ ကွယ်လွန်သူဦးလှထွန်း နှစ်သက်မြတ်နိုးခဲ့သော အသုံးအဆောင်ပစ္စည်းများ၊ ဦးလှထွန်းနှစ်သက်ခဲ့သော ပန်းချီကားများနှင့် “ဘကြီး အောင်ညာတယ်” ပန်ချီကားအပြင် စာအုပ်စာပေများ၊ ဦးလှထွန်း၏ မိသားစုဓာတ်ပုံများ၊ ဦးလှထွန်းချစ်ခင်အားကိုးခဲ့သော အိမ်မွေးခွေးလိမ် မာကြီးများနှင့် အမှတ်တရ ရိုက်ကူးထားပုံများနှင့်အတူ ကွယ်လွန်သူ ဦးလှထွန်း၏ လူတစ်ရပ်စာ ပုံတူရုပ်ထုကြီးများအား လေ့လာတွေ့ရှိခဲ့ သည်။ ထို့နောက် ကင်ဆာဝေဒနာရှင်များထံ သွားရောက်အားပေးစကားများပြောကြားခဲ့ရာတွင် ပထမဦးဆုံး သံဃာတော်များထားရှိရာ အ ဆောင်သို့သွားရောက်ခဲ့ပြီး ဂါရ၀ပြုအားပေးစကားများပြောကြားခဲ့ကာအမျိုးသားကင်ဆာဝေဒနာရှင်များထားရှိရာအဆောင်တွင်းသို့လည်း ကောင်း၊ အမျိုးသမီးကင်ဆာဝေဒနာရှင်များထံသို့လည်းကောင်း သွားရောက်အားပေးစကားပြောကြားခဲ့ကာ ဝေဒနာရှင်များ၏ဆန္ဒအရ အမှတ်တရဓါတ်ပုံများ တွဲရိုက်ပေးခဲ့သည်။

ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းတွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာဝင် ကင်ဆာဝေဒနာရှင်ပေါင်း (၃၀၀၀) နီးပါးခန့်က ကုသပေးခဲ့ရာ လုံးဝရောဂါပျောက်ကင်းသွားသောသူများလည်း ရှိသည်ဟုသိရှိခဲ့ရသည်။ ယင်းနောက်ကင်ဆာ ဖောင်ဒေးရှင်းတွင်ရှိသော ဘုရားခန်းကို (ဘုရားခန်းဟုဆိုရာ၌ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) နည်းတူ လူမျိုး ဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့အား ကူညီစောင့်ရှောက်သော ဖောင်ဒေးရှင်းဖြစ်ပါသဖြင့် လူမျိုးဘာသာအလိုက် ကိုးကွယ်ရာဘုရားခန်း များကိုလည်း သီးသန့်ထားရှိခြင်းကို တွေ့ရှိခဲ့ရသည်။) စာကြည့်ခန်း၊ သန့်ရှင်းသန့်ပြန့်သော ထမင်းစားခန်း စသည်တို့ကို လိုက်လံလေ့လာ ကြည့်ရှုကာ “စောင့်ရှောက်ခြင်းသည် တို့တာဝန်၊ စောင့်ရှောက် ခြင်းသည်မျှဝေမှု” ဟူသောဆောင်ပုဒ်ကို လက်ကိုင်ကျင့်သုံးလျှက်ရှိသော ဦးလှထွန်းကင်ဆာ ဖောင်ဒေးရှင်း (နာယကကြီး) ဗိုလ်ချုပ်အေဘယ်(လ်) (ငြိမ်း) နှင့် အလုပ်အမှုဆောင်လူကြီးများ၊ သူနာပြုဆရာမများအား နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာခဲ့တော့သည်။

အချုပ်ဆိုရသော် ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းမှ အလှူငွေလက်ခံရန်အတွက် ဖိတ်ကြားခံရသောအချိန်၌ ကျွန်တော်၏စိတ်တွင် ကင် ဆာဝေဒနာရှင်အများစုတို့သည် မိမိတို့၏ဝေဒနာမျာကို ခံစားနေရင်းဖြင့် ဘ၀ကူးပြောင်းရမည့်နေ့ရက်ကို စောင့်စားနေရသူများဖြစ်သဖြင့် မိမိ (နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ) အနေဖြင့်သွားရောက်ပါက ဝေဒနာရှင်လူနာများ၏စိတ်ထဲတွင် အားငယ်စိတ်၊ ကြောက်ရွှံ့စိတ်၊ စိုးရိမ်စိတ်များဖြစ်ပေါ်သွားမည်ကို မိမိအနေဖြင့်စိုးရိမ်မိခဲ့သည်။ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်း (နာယကကြီး)ဗိုလ်ချုပ် အေဘယ် (လ်) (ငြိမ်း) နှင့် အလုပ်အမှုဆောင် လူကြီးလူကောင်းများမှ ကိုယ်တိုင်ကိုယ်ကျလှူဒါန်းမှုကိုပြုလုပ်လိုသည်ဟု သိရှိရပါသဖြင့် မိမိ အနေဖြင့် အချိန်မအားလပ်သည့်ကြားမှ စိုးရိမ်စိတ်နှင့်အတူသွားရောက်ခဲ့သည်။

သို့သော်ကင်ဆာဖောင်ဒေးရှင်းသို့ရောက်ရှိ၍ ကင်ဆာဝေဒနာရှင်များနှင့် တွေ့ကြုံရသောအခါ မိမိထင်မြင်ထားသော မိမိအား ကြောက်ရွံ့မှု များဖြင့် ကြိုဆိုကြမည့်အစား ဝေဒနာရှင်များသည်ဝမ်းသာအားရ ကျေနပ်ပီတိဖြစ်စွာ ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခြင်း အမှတ် တရ ဓါတ်ပုံရိုက်ကူးကြခြင်းတို့အပြင် မိမိတို့၏လုပ်ဆောင်မှုများ၊ ပေးဆပ်မှုများ၊ ကူညီပေးမှုများအပေါ် များစွာကျေးဇူးတင်ရှိပါကြောင်း ပြော ကြားခဲ့ရခြင်းကြောင့် မိမိအနေဖြင့် များစွာအံသြ၊ ၀မ်းသာ၊ ပီတိ ဖြစ်ခဲ့ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts