>US ready to exchange ambassadors with Burma

>

အကျဉ်းသားလွှတ်သဖြင့် အမေရိကန်က သံအမတ် ပြန်ထားမည်
မိုးမခအထောက်တော် ဝဝ၁
ဇန်န၀ါရီ ၁၃၊ ၂ဝ၁၂

ယနေ့ နယ်ထောင်များမှ ပြန်လည် လွတ်မြောက်လာသော ကိုဂျင်မီ၊ မနီလာသိန်း တို့သည် ၎င်းတို့၏ သမီးငယ်နှင့် ရန်ကုန်တွင် ပြန်ဆုံခဲ့ကြသည် (ဓာတ်ပုံ-ဘားမားဗီဂျေမီဒီယာနက်ဝပ်)


နိုင်ငံရေးအကျဉ်းအသား အများအပြား ပြန်လွှတ်ပေးသဖြင့် မြန်မာပြည်နှင့် သံတမန် ဆက်ဆံရေး တိုးမြှင့်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ယနေ့ ပြောလိုက်သည်။

ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း သံရုံးယာယီတာဝန်ခံအဆင့် သံတမန်ဆက်ဆံရေးသာ ရှိခဲ့သည်။

ယခု သံအမတ်အဆင့်ထိ တိုးချဲ့မည်ဟု ဆိုသည်။

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်က သံဆက်သွယ်ရေးကို အဆင့်နိမ့်ခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော်အမတ်များနှင့်တိုင်ပင်ပြီး သမ္မတ အိုဘားမား၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံနှင့် သံအမတ် အပြန်အလှန် ခန့်အပ်ရန် စတင် လုပ်ဆောင်သွားမည်” ဟု ကလင်တန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြုပြင်ပြောင်းလဲမှုများကို အမေရိကန်က ထောက်ခံကြောင်း ပြသရန် မြန်မာသမ္မတ ဦးသိန်းစိန်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား ယခု သီတင်းပတ်ကုန်တွင် တယ်လီဖုန်းဆက်မည်ဟု ဆိုသည်။

ကရင် လက်နက်ကိုင်တို့နှင့် အပစ်ရပ်ရေး စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းကိုလည်း ကလင်တန်က ကြိုဆိုလိုက်သည်။

တိုင်းရင်းသားအုပ်စုအားလုံးနှင့် အဓိပာယ်ရှိသော ဆွေးနွေးပွဲများ ပြုလုပ်ရန်လည်း အစိုးရကို တိုက်တွန်းလိုက်သည်။