>
၁၃။ ဇန်နဝါရီ၊ မြန်မာ့အလင်းသတင်းစာ – အကျဉ်းသား၊အကျဉ်းသူ (၆၅၁) ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “လွတ်ငြိမ်းချမ်းသာခွင့်”ပြုလိုက်ကြောင်း
၁၃။ ဇန်နဝါရီ၊ မြန်မာ့အလင်းသတင်းစာ
ပုဒ်မ၄၀၁၊ ပုဒ်မခွဲ (၁)ဆိုသည်မှာ – ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) “ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါနိုင်ငံတော်သမ္မတသည် မည့်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်းခြင်းခံရသူသဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၄င်းအပေါ်ချမှတ်သည့်ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကိုဆိုင်းငံ့ထားနိုင်သည်၊ သို့မဟုတ် ၄င်းကိုစီရင်သည့်ပြစ်ဒဏ် အားလုံး၊ သို့မဟုတ်အစိတ်တစ်စုံတစ်ရာကိုလွတ်ငြိမ်းသက်သာခွင့်ပေးနိုင်သည်။
