>Mar Mar Aye’s song for new year

>

မာမာအေးရဲ့ နှစ်သစ်ကူး သီချင်း
ဒီဇင်ဘာ ၃၁၊ ၂၀၁၁

 

ငြိမ်းချမ်းမြေမှာပျော်ပါစေ
မာမာအေးနှစ်သစ်ကူး ဆုတောင်းသီချင်း
ဇန်န၀ါရီ၁၊၂၀၁၂
ကချင် ကယား ကရင် ချင်း နဲ့ ဗမာ မွန် ရခိုင် ရှမ်းတွေ .. တမိုးအောက်မှာနေ..အငြိုးဖျောက်ကာ မသွေ ..
မောင်နှမတတွေ သွားကြစို့ ဟေ .. ငြိမ်းချမ်းတဲ့မြေ .. လာလေ …
တောင်ပေါ်နေနေ .. မြေပြန့် နေနေ …
တပြည်ထဲဖွားတဲ့ နောင်ရင်းဆွေ …
တညီထဲအားနဲ့ ဆောင်ကျဉ်းလေ …
အတည်မြဲသွားမယ့် အောင်ခြင်းတွေ …။
မြင်ပါတယ် အဝေးကဆွေ …
အစဉ်လာမပျယ် ရှေးသမယအခြေ …
ရွှင်စရာကွယ် တေးမျှဝေ …
ပျော်စေ …အောင်ပါစေ …။
 နှစ်သစ်ကူးမှာ အားလုံးပျော်မြူးရပါစေ
 မာမာအေး    



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts