>Daw Suu to run in parliamentary polls

>

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်မည်
AP သတင်းဌာန
နိုဝင်ဘာ ၂၁၊ ၂၀၁၁


သောကြာနေ့က NLD ရုံးသို့ ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – AP)

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း NLD ပါတီ အစည်းအဝေးကချမှတ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်အပြီး ပေါ်ပေါက်လာသော ဆုံးဖြတ်ချက် ဖြစ်သည်။

မည်သည့် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည်ကို မဆုံးဖြတ်ရသေးကြောင်း ပါတီ ပြောခွင့် အရာရှိ ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်” ဟု ဦးဥာဏ်ဝင်းက AP သတင်းအေဂျင်စီကို ပြောသည်။

NLD သည် ပြီးခဲ့သည့် သောကြာနေ့က ပါတီ ပြန်လည်မှတ်ပုံတင်ပြီး အနာဂတ်ရွေးကောက်ပွဲများတွင် ၀င်ရောက်ရန် ဆုံးဖြတ်ထားသည်။

ထိုဆုံးဖြတ်ချက်သည် ယခုနှစ်ဆန်းပိုင်း အာဏာရလာသော အရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအပေါ် ယုံကြည်ကြောင်း ပြသနေသည်။

နှစ်ပေါင်း ၅၀ ကြာ စစ်တပ်ချုပ်ကိုင်မှုရှိခဲ့သည့် မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲတွင်
စစ်တပ်ကထောက်ခံသော (ကြံ့ခိုင်ရေး) ပါတီက အနိုင်ရခဲ့သည်။ ထိုရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖော်ဆောင်မည်ဟု ယခင်စစ်အစိုးရက ပေးထားတဲ့ ကတိအတိုင်း ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ဖြစ်သည်။

NLD က ထိုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ထိုရွေးကောက်ပွဲဥပဒေက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မ၀င်နိုင်စေရန် တားမြစ်ထားသောကြောင့် ဖြစ်သည်။

သို့သော်လည်း အစိုးရသစ်က နောက်ပိုင်းတွင် ဥပဒေကို ပြင်ဆင်ပေးလိုက်သဖြင့် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများတွင် NLD ပါဝင်စေရန် အခြေအနေများ ဖြစ်ပေါ်လာသည်။

(ဘာသာပြန်သူ – မျိုးဇော်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts