>NLD-Youth recommend party registration & pro-election

>

အင်န်အယ်ဒီလူငယ်အဖွဲ့ကပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် ဆန္ဒပြု
မိုးမခအထောက်တော် ၀၀၃၊နိုဝင်ဘာ ၁၈၊ ၂၀၁၁
လာမည့်သောကြာ နိုဝင်ဘာ ၁၈၊ သောကြာနေ့တွင်အင်န်အယ်ဒီပါတီဗဟိုဦးစီးအစည်းအဝေး ကျင်းပပြီး လက်ရှိအစိုးရ၏ ဥပဒေပြဌာန်းချက်များနှင့်အညီပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် ဆွေးနွေးကြမည်ဟုဆိုရာ ထိုရက်မတိုင်မီတွင်အင်န်အယ်ဒီပါတီ၏ လူငယ်အဖွဲ့က ပါတီ မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရေးကို ထောက်ခံကြောင်းသဘောထားထုတ်ဖော်သည့် စာ နိုဝင်ဘာ ၁၆ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
နိုဝင်ဘာ ၁၇ ရက်နေ့ ဂါဒီယန်းသတင်း၊ယူကေအဆိုအရ ၂၀၁၄တွင် မြန်မာပြည်ကို အာဆီယံဥက္ကဋ္ဌအဖြစ် သတ်မှတ်ရန် အရှေ့တောင်အာရှနိုင်ငံများ၏နိုင်ငံခြားရေးဝန်ကြီးများကထောက်ခံအဆိုသွင်းမှုကို ကြိုဆိုကြောင်း အင်န်အယ်ဒီပါတီက ထုတ်ဖော်ပြောကြားသည်ဟု ရေးသားထားသည်။ထိုနေ့တွင်ပင် ၁၉ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံက မြန်မာပြည်ကို ၂၀၁၄ အာဆီယံဥက္ကဋ္ဌတာဝန်ပေးရန်ခေါင်းဆောင်များက သဘောတူလိုက်ပြီ ဖြစ်သည်။
ပါတီတွင်းနှင့် ပါတီ၏ မဟာမိတ်များ၊မိတ်ဆွေများအကြား ဆွေးနွေးမှုများ၊ သဘောထားအချင်းချင်း ထုတ်ဖော် ညှိနှိုင်းနေမှုများ မျိုးစုံရှိသော်လည်းပါတီအနေဖြင့် တစုတစည်း၊ စည်းကမ်းတကျ ဆုံးဖြတ်ချက်ချကြမည်သာဖြစ်ကြောင်း သတင်းအင်တာဗျုးတခုတွင်ပါတီခေါင်းဆောင်ဦးဝင်းတင်က ပြောဆိုခဲ့သည်။