>Ma Than Than Htay Free At Last after 11 Year in Prison

>

အကြည့်ခေါ် မသန်းသန်းဋ္ဌေး ( ထောင် ၁၃ နှစ်) လွတ်မြောက်လာသူများထဲတွင် ပါဝင်
မိုးမခအထောက်တော်ရန်ကုန်၊ အောက်တိုဘာ ၁၃၊ ၂၀၁၁
ယမန်နေ့က လက်ရှိအစိုးရ၏ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူများထဲတွင်နိုင်ငံရေးအကျဉ်းသားများလည်း ပါရှိရာ ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသော နိုင်ငံရေးအကျဉ်းသူမသန်းသန်းဋ္ဌေး ခေါ် အကြည့်ဋ္ဌေးလည်း တဦးပါဝင်သည်။ သူ့အကြောင်းကို မိုးမခ၏ http://ppmoemaka.blogspot.com/ စာမျက်နှာတွင်မိတ်ဆွေ ကိုသားကြီးက အခုလိုရေးသားဖော်ပြခဲ့သည်။ အကြည့်ဋ္ဌေးသည် ထောင် ၁၁ နှစ် အကျဉ်းကျခံထားရပြီး ဖြစ်သည်။
လွတ်မြောက်လာသည့်အတွက် မည်သို့ခံစားရသည်ကို မိတ်ဆွေက မေးမြန်းရာကျန်ရစ်နေဆဲဖြစ်သည့် အကျဉ်းကျ နိုင်ငံရေးသမားများအားလုံးကို လွတ်မြောက်စေလိုကြောင်းပြောကြားသွားသည်။