>Burma to hold Miss Handicapped Beauty Contest in Rangoon

>

ကိုယ်အင်္ဂါ မသန်စွမ်းသည့် လှယဉ်ကျေးမယ် ပြိုင်ပွဲ လာတော့မည်
မိုးမခအထောက်တော် အမှတ် ၀၁၂
သြဂုတ် ၁၊ ၂၀၁၁


ယခုလအတွင်း ရန်ကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် မယ်ရွေးပွဲတခုသည် တခြားသော အလှမယ်ပြိုင်ပွဲများနှင့် သိသိသာသာ ကွဲပြားလျက်ရှိသည်။ ပြိုင်ပွဲဝင်ကြမည့်သူများမှာ ကိုယ်အင်္ဂါ မသန်စွမ်းသူများ ဖြစ်သောကြောင့် မတူခြားနားသည့် မယ်ရွေးပွဲ ဖြစ်လာပေတော့မည်။

မြန်မာပြည်တွင် ပထမဆုံး ပြုလုပ်မည့် မသန်စွမ်းမယ်ပြိုင်ပွဲ ဖြစ်သည်။

ကိုယ်အင်္ဂါ မသန်သော်လည်း အစွမ်းရှိသူများကို အားပေးသည့်အနေဖြင့် ပြိုင်ပွဲကို စီစဉ်ရခြင်း ဖြစ်ကြောင်း၊
ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း ၏ ပြောဆိုချက်ကို ကိုးကားပြီး အေဂျင်စီသတင်းများတွင် ရေးထားသည်ကို တွေ့ရသည်။

ယခုလ ၂၀ ရက်နေ့တွင် ကျင်းပမည်ဟု ဆင်ဟွာသတင်းက ဆိုသည်။ အသက် ၁၈ နှစ်မှ ၃၀ အတွင်း အမျိုးသမီး မသန်စွမ်းသူများ ၀င်ပြိုင်နိုင်သည်ဟု ဆိုသည်။

နိုင်ငံတချို့တွင်လည်း မသန်စွမ်းမယ်ပြိုင်ပွဲ ပြုလုပ်နေကြောင်း အင်တာနက်တွင် တွေ့ရသည့် သတင်းများ ဓာတ်ပုံများအရ သိရသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts