>Thai PM admits election defeat

>

ရွေးကောက်ပွဲတွင် ရှုံးသွားပြီဟု ထိုင်းဝန်ကြီးချုပ် ပြောဆို
AFP သတင်းဌာန
ဇူလိုင် ၃၊ ၂၀၁၁


ယနေ့တွေ့ရသော အဖိဆစ် နှင့် ယင်လပ်။
ရွေးကောက်ပွဲကော်မရှင်က မဲရလဒ် မကြေညာသေးသော်လည်း မဲရုံများမှ ရရှိသော သတင်းများအရ ယင်လပ်၏ ပါတီက အပြတ်အသတ် အနိုင်ရသွားသည်ဟု ဆိုသည် (ဓာတ်ပုံများ – Reuters, Getty Images)


ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲတွင် သူ ရှုံးနိမ့်ကြောင်း ပြောဆိုလိုက်ပြီး အတိုက်အခံတို့၏ အောင်မြင်မှုကို ချီးကျူး ဂုဏ်ပြုလိုက်သည်။

“ရလဒ်က ရှင်းနေပါပြီ။ ဖုယာ့ထိုင်းပါတီက ရွေးကောက်ပွဲမှာ နိုင်ပါတယ်။ ဒီမိုကရက်တစ်ပါတီက ရှုံးပါတယ်” ဟု သူက ဘန်ကောက်မြို့ ပါတီဌာနချုပ်ရှိ ပါတီထောက်ခံသူများကို ပြောလိုက်သည်။

မစ္စတာသက်ဆင်၏ နှမအငယ်ဆုံး ယင်လပ်ရှင်နာဝပ်က ထိုင်းနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာတော့မည် ဖြစ်သည်။

“ယင်လပ်က အစိုးရအဖွဲ့ကို ဖွဲ့မယ့် ပထမဆုံး အမျိုးသမီးပါ။ ညီညွတ်မှု နဲ့ ပြန်လည်သင့်မြတ်မှုတွေ ကျနော် မြင်ချင်ပါတယ်။ (ကျနော်တို့) ဒီမိုကရက်တွေက အတိုက်အခံအဖြစ် ရပ်တည်မှာပါ” ဟု အဖိဆစ်က ဆိုသည်။

အဖိဆစ်သည် ၂၀၀၈ ရွေးကောက်ပွဲမှ တက်လာခြင်း ဖြစ်သည်။ သူ၏ ဒီမိုကရက်တစ်ပါတီကို အစဉ်အလာအားဖြင့် ဘန်ကောက် နှင့် နိုင်ငံတောင်ပိုင်းဒေသတို့တွင်သာ ထောက်ခံမှု ရရှိထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts