>NLD celebrates Burmese New Year

>

အဖွဲ့ချုပ်ရုံးရှေ့ သင်္ကြန်နှစ်သစ်ကူးအကြို စတုဒီသာ အလှူတိုက်ကျွေး
အင်န်အယ်ဒီမိတ်ဆွေ၊ ရန်ကုန်
မိုးမခ၊ ဧပြီ ၁၅၊ ၂၀၁၁
ဧပြီလ ၁၄ ရက်နေ့က အင်န်အယ်ဒီပါတီရုံးချူပ်ရှေ့မှာ ပါတီဝင်လူငယ်တွေ စုစည်းပြီးတော့ သင်္ကြန်ပွဲတော် ရိုးရာစတုဒိသာအလှူပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အင်န်အယ်ဒီပါတီဝင်များ၊ မိတ်ဆွေများနဲ့ ဧည့်ပရိသတ်များ အပြင် သင်္ကြန်ရေပက်ခံထွက်သူများကလည်း အားပေးကြတယ်လို့ ဆိုပါတယ်။ ယနေ့လည်း စတုဒိသာအလှူ ဆက်လုပ်ဦးမည် ဖြစ်ပြီး နှစ်ဆန်းတရက်မှာတော့ သက်ကြီးပူဇော်ပွဲနဲ့ နှစ်သစ်ကူးအလှူလုပ်မယ်လို့ သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts