>comment on news in photos

>

ဓာတ်ပုံသတင်း ဖတ်ပြီး ပေါ်လာတဲ့ စိတ်ကူး
စာဖတ်သူတဦး
စက်တင်ဘာ ၂၃၊ ၂၀၁ဝ

ဒီတခါ ဓါတ်ပုံ သတင်းက ကိုယ့်ကို အတော်ဖမ်းစားတယ်။ comment ပေးချင်စိတ်က တားမရဘူး။ ဓါတ်ပုံသတင်းက ပေးချင်တဲ့ message က အထက်အောက် အလွှာ ဘယ်လောက် မညီမမျှ ဖြစ်နေပါကြောင်း မီးမောင်း ထိုးပြချင်နေတာ ဖြစ်ရင်ဖြစ်မယ်၊ ကိုယ်ကတော့ ကိုယ့်အထင်လေးပဲ ပြောဖို့ စိတ်ကူးတာပါ။


အင်မတန် ခန့်ညားလှပတဲ့၊ တောက်ပ လင်းလက်တဲ့၊ ရတနာစုံ စီချယ်ထားတဲ့ မြန်မာ ဆန်ဆန် ဘိုဆန်ဆန် မင်္ဂလာစုံတွဲလေးများ။ သူတို့ ဒီလိုလှဖို့ ကုန်ကျမယ့် ငွေကြေးကို ကိုယ် မမှန်းဆတတ်။ အထက်လွှာ ခရင်(မ်) လူတန်းစားများသာ သုံးစွဲနိုင်မှာက သေချာ။ မျက်စေ့ အေးအေးလေးနဲ့ အရသာခံပြီး ကြည့်လာတယ်။ တပုံပြီးတပုံ၊ တတန်းပြီးတတန်း.. အဆင်ပြေပြေ.. ဟန်ကျ ပန်ကျ…။

အဲ.. လေးတန်းမြောက်တော့ ကိုယ့် ဖီးလ်ကအောက်စပြုပါရော..။ တကတည်းဗျာ “သန်လျင်မှ လမ်းဘေးဈေးသည်များ၊ ခရီးသည် စောင့်သူ ဆိုက်ကားသမားများ” တဲ့။


ဈေးသည်ကြည့်တော့လဲ ၀ယ်သူမရှိ၊ ဆိုက်ကားလဲ ငှားနေသူမမြင်၊ ငေါင်းစင်းစင်းနဲ့ လူတွေကြည့်တော့လဲ တက်တက်ကြွကြွမရှိ။ စိးပွားရေး အဆင်မပြေ ကြဘူး ထင်တယ်။ ဆိုက်ကားဆရာတွေ ကြည့်လိုက် တွေတွေဝေေ၀။ ညနေအိမ်အပြန် ငွေ မရရင်ဖြင့် အခြေ လှမယ်မထင် လို့များ တွေးနေကြသလား….

ကဲပါ.. ဆက်ကြည့်ဦးမှပါ..။

အမယ် နောက်တတန်းကတော့ ဈေးဝယ်သူလေးခတ်ကြဲကြဲနဲ့ “သန်လျင်မှ လမ်းဘေးဈေးသည်များ” တဲ့။ သို့သော်မြင်ရတာက..၀ယ်သူကြည့်လဲ မကြည်မလင်.. ရောင်းသူကလဲ မပျော်မရွှင်… အဲသလို.. သတိထားမိလာတယ်။ အင်း.. စိတ်ညစ်လာပြီနော် ..။

ဟိုက်ရှာလဘတ်ရည်… ရေသည် တဲ့ဗျာ.. ဒီအချိန် ရေရောင်းစရာလားလို့ စက်တင်ဘာလကြီးထဲမှာများ..။ အမယ် … ၀ယ်သူရှိပါသော်ကော…။ ဟုတ်တယ်.. ဒါ အမှန်ဘဲ.. ကြည့်ဦး.. မိုးတွင်းကြီးပေမဲ့ ကိုယ်တို့ဖက်မှာ ဂျိုးဖြူရေ လာဘူးလေ။ ရေတွန်းစက် ပျက်သတဲ့ စည်ပင်က။ ဒါပေမဲ့ ရေဖိုးတော့ ပုံမှန်ဘဲ လာတောင်းလေရဲ့။ ပေးနေရတာ ပြောပါတယ်။ မြို့တော်ဝန်က ဒါနဲ့များ သူ့ကို မဲပေးစေချင်နေသေးသတဲ့ ဝေးပါ့..၊ ဟွင်း..ဟွင်း.. ရေတောင် မှန်အောင် မပေးနိုင်တဲ့သူများ မဲပေးရဦးမှာလား … ထွမ်…။

အင်း.. ဒေါသသာဖြစ်နေတာ မျက်စေ့ကတော့ အောက်ကိုဆက်ဆင်းပြိး ကြည့်မိပြန်တယ်..။
အဟက်ဟက် .. ငါးသည်တွေ ဘာလုပ်နေတာလဲ.. ရောင်းမကုန်တဲ့ ငါးဗန်းတွေ ရှေ့ထားပြီးလေ.. မကြည်မရွှင် မျက်စောင်း တငင်ငင် နဲ့.. အား…တွေ့ပြီ.. မဲစာရင်း ကြည့်နေသူတွေဆီမှာကိုး။ ကိုယ်ကတော့ သူတို့ကို ကြည့်လိုက် အောက်က မဲစာရင်း ကြည့်နေသူတွေကို ကြည့်လိုက်နဲ့ နားထဲ တခုခုကြားလိုက်သလိုဘဲ.. ဟယ်.. ဈေးသည်နှစ်ယောက် စကားပြောနေသံ ပါလား …..မှန်း…
“ဒီလောက် တပြည်ထောင်လုံး ပျက်စီးအောင် ဦးဆောင် နေတဲ့ အစိုးရရဲ့ လက်ကိုင်ဒုတ်တွေ.. လွှမ်းမိုးမဲ့ ရွေးကောက်ပွဲများ.. ဘာစိတ်ဝင်စားစရာ ရှိလို့.. မဲထည့်ဖို့ စဉ်းစားနေကြသလဲ မသိ.. အံ့ပါဘိတော်.. စာရင်းများ ကြည့်နေ၇တယ်လို့.. အားအား ယားယား..
ဟိတ်.. သူငယ်ချင်း.. ငါတော့ မဲမပေးဘူး နော့.. ညည်းကော..။”