>regime minimizes the image of aung san

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အစိုးရသတင်းစာက အာဇာနည်နေ့ကို ချောင်ထဲပို့
မိုးမခအထောက်တော် အမှတ် ၂
ဇူလိုင် ၂၀၊ ၂၀၁၀
ယခုနှစ် အာဇာနည်နေ့ အခမ်းအနားသတင်းကို ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် မျက်နှာဖုံးတွင် မဖော်ပြဘဲ အတွင်း စာမျက်နှာများတွင်သာ ဖော်ပြထားသည်။

မြန်မာ့အလင်းတွင် စာမျက်နှာ ၃၊ ကြေးမုံ နှင့် The New Light of Myanmar တို့တွင် စာမျက်နှာ ၇ တို့ ဖြစ်သည်။

ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း အခမ်းအနား တက်ရောက်သည့် သတင်းကို သတင်းစာများတွင် ဖော်ပြထားသည်။

စစ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခဲ့သည့်နေ့ ဖြစ်သော အာဇာနည်နေ့နှင့် ပတ်သက်သမျှကို မှေးမှိန်ထားလေ့ရှိသည်။

ယခင်က အာဇာနည်နေ့ အခမ်းအနားများသို့ ၀န်ကြီးချုပ် ကိုယ်တိုင် တက်ရောက်သော်လည်း နောက်ပိုင်းတွင် ပြည်ထဲရေး ၀န်ကြီးသာ တက်ရောက်ကြောင်း၊ ယနေ့ခေတ်တွင် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်သော ရာထူး အမြင့်ဆုံး အစိုးရ အရာရှိမှာ ရန်ကုန်မြို့တော်ဝန် ဖြစ်ကြောင်း AP သတင်းတပုဒ်တွင် ရေးထားသည်။

ယမန်နေ့က ရန်ကုန်ရှိ အစိုးရရုံးများတွင် အာဇာနည်နေ့ ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် အလံ တိုင်ဝက် လွှင့်ထူခြင်း မရှိကြောင်း ခေတ်ပြိုင် အင်တာနက် စာမျက်နှာ သတင်းတပုဒ်တွင် ရေးထားသည်။

စာနယ်ဇင်းများတွင် အာဇာနည်နေ့ အကြောင်း ဆောင်းပါးများ ဖော်ပြရန် ကြိုးစားသော်လည်း အာဏာပိုင်တို့က ခွင့်ပြုခြင်း မရှိကြောင်း ရန်ကုန်မှ ဂျာနယ် အယ်ဒီတာတဦးကို ကိုးကားပြီး ဧရာဝတီ အင်တာနက်စာမျက်နှာတွင် ရေးထားသည်။

“ဇူလိုင်လ အာဇာနည်နေ့ အထိမ်းအမှတ် အထူးထုတ်အဖြစ် ထုတ်ဝေရန် စီစဉ်ထားသည့် စာမျက်နှာ ၂၀၀ ခန့်ရှိ စတိုင်သစ် မဂ္ဂဇင်းမူကြမ်းကို စာပေစိစစ်ရေးရုံးသို့ တင်ခဲ့ရာ စာမျက်နှာ ၁၀၀ ကျော် အဖြုတ်ချခံခဲ့ရကြောင်း” ဧရာဝတီတွင် ရေးထားသည်။

စစ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းကို မှေးမှိန်စေရန် ပြုလုပ်နေခြင်းမှာ သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့်သာ မဟုတ်ဟု ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်၏ ပြောကြားချက်ကို VOA သတင်းဌာနက မကြာသေးခင်က ထုတ်လွှင့်သွားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာ့တပ်မတော်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်းကို လေးစားခြင်း မရှိဟု သူက ရှင်းပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts