ဆောင်းလူ

Saung Luu – Poem

ပြောင်းလာလိုက်တာ
ဆောင်းလူ
ဇွန် ၁၀၊ ၂၀၁၃
ပြောင်းလာလိုက်တာ
ဘ၀ကို
စတစ်ကာ ဖမ်းအကပ်ခံလိုက်ရတယ် …

ပြောင်းလာလိုက်တာ
ရဲဘော်ရဲဘက်တယောက်
အိုကြီး အိုမမှ
နေ့စားအလုပ် ၀င်လုပ်နေရတယ် …။

ပြောင်းလာလိုက်တာ
အဲန်ဂျီအိုလခစား
ရဲဘော် ရဲဘက်တယောက်
အိပ်မက်တွေ ထုပ်ပိုးပြီးမှ
အလုပ်က လက်မဲ့ …။

ပြောင်းလာလိုက်တာ
မျက်စိကစားမိရာ
မန်းရှားခမ်းမတ၀ိုက်
ခွပ်ဒေါင်းတွန်သံတွေတိတ်လို့ …။

ပြောင်းလာလိုက်တာ …
လမ်းဟောင်းတွေ ကျဉ်းကျဉ်းလာသလောက်
လမ်းသစ်တွေ ချဲ့ချဲ့လာလိုက်ကြတာ …။
လူဟောင်းတွေ ပျောက်ပျောက်လာသလောက်
လူသစ်တွေ ပေါက်ပေါက်လာတယ် …။

ပြောင်းလာလိုက်တာ …
ခွေးလေ ခွေးလွင့်တကောင်တောင်
ပလက်ဖောင်းဘေးမှာ
ရင်ကိုကော့ ခေါင်းကိုမော့လို့ …။

ပြောင်းလာလိုက်တာ …
နယ်စပ်မြို့ နှစ်မြို့
လက်ချင်းချိတ်
ခွက်ချင်းတိုက်လို့
တစားပွဲထဲ အတူထိုင်ဖြစ်သွားပြီ …။

ပြောင်းလာလိုက်တာ
ပြေင်းလာလိုက်တာ

မေးမိတဲ့ အလုပ်ကြမ်းသမား
တနေ့ကို တစ်ရာနဲ့
ဘ၀ကို ရိုးမြေကျလို့ …။

Photo by Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts