>Local Ethnic Network dennouned 7 ethnic said-to-be leaders

>

ကိုယ်ကျိုးရှာ တိုင်းရင်းသားနိုင်ငံရေးသမားများ စာရင်း ပြည်တွင်းတိုင်းရင်းသားကွန်ယက်တခုက ထုတ်ပြန်
မိုးမခအထောက်တော် ၀၀၃
မေ ၂၇၊ ၂၀၁၀
တိုင်းရင်းသားလူမျိုး နိုင်ငံရေး စောင့်ကြည့်ကွန်ယက် – Burma Ethnic Politics Watch Network (BEPWN) က မေ ၂၂ ရက်စွဲဖြင့် တိုင်းရင်းသား ခေါင်းဆောင်ဟု ဆိုသူ ၇ ဦး အမည်စာရင်းကို ထုတ်ပြန်လိုက်ပြီး ၎င်းတို့ကို ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ အဖြစ် စွပ်စွဲလိုက်သည်။
တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီရရှိရေးတို့ကို ထိခိုက် နစ်နာအောင် လုပ်ခြင်းတို့ကြောင့် လည်းကောင်း၊ စစ်အာဏာရှင် သက်တမ်းရှည်အောင် အားပေး ဆောင်ရွက်နေခြင်းတို့ကြောင့် လည်းကောင်း၊ ထိုသူတို့နှင့် ပတ်သက်ပြီး တိကျသော အထောက်အထားများ၊ သက်သေများ ရှိသောကြောင့် လည်းကောင်း ထိုသူတို့ကို နာမည်ပျက်စာရင်း သွင်းလိုက်သည်ဟု ဆိုသည်။
ထို နာမည်ပျက်စာရင်းသွင်းခံရသူများမှာ –
၁။ ဟန်ညောင်ဝေ (ရှမ်း)၊ ယူရိုဘားမား၊
၂။ ဆလိုင်းလျန်မှုန်း (ချင်း) ပြည်ပ အီးအင်စီ၊
၃။ စိုင်းအိုက်ပေါင်း (ရှမ်း) အက်စ်အင်န်အယ်ဒီ၊
၎။ ဦးစံသာအောင် (ရခိုင် ချင်း) ခမိညီညွတ်ရေးအဖွဲ့၊
၅။ စောဖိလစ် (၀) ၀အမျိုးသားဖွံဖြိုးတိုးတက်ရေး ပါတီ၊
၆။ စားပွဲကျုံ (ကချင်)၊
၇။ စောဆိုင်မွန်သာ (ကရင်) အထူးကုသမားတော်ကြီး တို့ဖြစ်သည်ဟု ဖော်ပြထားပြီး ကွန်ယက်အဖွဲ့က ၎င်းတို့ တွေ့ရှိချက်နှင့် သဘောထားများကို ထုတ်ဖော်ထားသည်။
ထိုကွန်ယက်အဖွဲ့၏ စာထုတ်ပြန်မှုတွင် လိပ်စာအားဖြင့် “ရန်ကုန်” ဟုသာ ဖော်ပြထားပြီး မီဒီယာများက ဆက်သွယ် မေးမြန်းနိုင်ရန် အမည်၊ ဖုံးနံပါတ်နှင့် အီးမေးလိပ်စာတို့ ထည့်သွင်းထားခြင်း မရှိပေ။
ပြည်တွင်းနှင့် အဆက်အသွယ်ရှိသူတဦးက ပြောကြားရာတွင် ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက မတရား နည်းလမ်းများဖြင့် ဆောင်ရွက်မှုများ တိုးမြှင့်လာကြောင်း၊ တိုင်းရင်းသားများနှင့် တိုင်းရင်းသားအဖွဲ့များ အကြား သွေးခွဲမှု၊ သပ်လျူိုမှုများ ပိုမို ပြုလုပ်လာကြောင်း၊ အဆိုပါ တိုင်းရင်းသား ခေါင်းဆောင်ဟု ဆိုသူများသည် စစ်အစိုးရ၏ အကာအကွယ်ကို အခွင့်ကောင်း ယူလျက် ပိုမို ထိုးဖောက်ပြီး တိုင်းရင်းသား စည်းလုံးမှုကို ပျက်ပြားအောင် လုပ်လာကြောင်း၊ NLD ပါတီနှင့် CRPP မဟာမိတ်အဖွဲ့တို့က ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးသိန်းညွန့်တို့ ဦးဆောင်သောအဖွဲ့ကို ပြတ်သားစွာ ဖယ်ရှား အရေးယူနိုင်လိုက်သကဲ့သို့ တိုင်းရင်းသား အသိုင်းအ၀ိုင်းတွင်လည်း ထိုသို့ဆောင်ရွက်ရန် လိုအပ်ချက်တခုအဖြစ် ထိုကွန်ယက်က ဆောက်ရွက်ခြင်း ဖြစ်ပုံရကြောင်း ၎င်းသဘောထားကို ပြောကြားလိုက်သည်။
ယခင်လလည်ပိုင်းက ပါတီက ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ပါတီကို သစ္စာဖောက်ပြီး ထွက်ခွာသူ ပါတီဝင် ၁၃ ဦးကို ပါတီဝင်အဖြစ်က ထုတ်ပယ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။ NLD ပါတီနှင့် CRPP ကိုယ်စားလှယ်မဟာမိတ်အဖွဲ့ကလည်း တသဘောတည်း ရပ်တည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုနောက် သခင်သိန်းဖေ၊ သခင်သိန်းမောင်၊ သခင်ချန်ထွန်းတို့ ပါဝင်သည့် ၀ါရင့် နိုင်ငံရေးသမားကြီးများကလည်း ၎င်းတို့ စုဝေးမှု တခုတွင် ၂၀၁၀ ရွေးကောက်ပွဲနောက်ကို လိုက်ပါကြသည့် ဦးသုဝေ အပါအ၀င် နိုင်ငံရေးသမား လက်ဟောင်းများကို ဖိတ်ကြားခြင်း မပြုဘဲ ၎င်းတို့၏ ပြတ်သားသော သဘောထားကို ပြခဲ့ကြသည်။
ယမန်နေ့ကလည်း မြန်မာပြည်တွင်းရှိ သံဃာ့ တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များနှင့် ဗကသများ အဖွဲ့ချုပ် ၃ ဖွဲ့ပေါင်း မဟာမိတ်က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် ၎င်းတို့ စုပေါင်း သဘောထားကို ထုတ်ပြန်ခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts