>Kason Full Moon Pwe at Sule Pagoda

>


ဆူးလေဘုရားက ကဆုန်လပြည့် ညောင်ရေသွန်းပွဲ မြင်ကွင်း

ဧပြီ ၂၈၊ ရန်ကုန်

မိုးမခ ဓာတ်ပုံသတင်း

နှစ်စဉ် မြန်မာပြက္ခဒိန် ကဆုန်လပြည့်နေ့မှာ မြန်မာနိုင်ငံ ရှိ ဘုရားများ၊ ကျောင်းများမှာရှိတဲ့ ညောင်ပင်တွေမှာ ရေလောင်းပြီး ဆုတောင်းကြပါတယ်။ ဂေါတမ ဗုဒ္ဓဖြစ်လာမယ့် ဘုရားလောင်း မွေးဖွားသန့်စင်တဲ့ နေ့ကို ဗုဒ္ဓနေ့လို့ ခေါ်ဆိုပြီး နေ့ထူးနေ့မြတ် အဖြစ်သတ်မှတ်ထားခဲ့ကြပါတယ်။

ရန်ကုန်မြို့ရှိ စေတီပုထိုးများ၊ဘုန်းတော်ကြီးကျောင်းများ ရှိညောင်ပင် တွေမှာ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပခဲ့ကြတာ တွေ့မြင်ရပါတယ်။

၂၀၁၀ ခုနှစ်ဟာ စီးပွားရေး နိုင်ငံရေးနဲ့ အခြားလူမှု ရေး ဆိုင်ရာ အပြောင်းအလဲ တွေများစွာကြုံတွေ့ရမယ့် နှစ် တစ်နှစ်ဖြစ်လိမ့်မယ်လို့ မြန်မာပြည်သူတွေ ထင်မှတ်ထားကြပါတယ်။ အပြောင်းအလဲ တွေတွေကြုံရမယ်လို့ မျှော်လင့်ပေမယ့် အများစုဟာ လူထုဘ၀ ကောင်းစားဖို့ မြင့်တက်လာဖို့ မျှော်လင့် မထားကြပါဘူး။

ဗုဒ္ဓဘာသာ အယူအဆ အရ ယခုလို နေ့ထူးနေ့မြတ်မှာ အသီးသီး သောသူတွေက သူတို့ နေမှုထိုင်မှု စားရေး သောက်ရေး အဆင်ပြေ ဖို့ မျှော်လင့် ဆုတောင်း ညောင်ရေသွန်းလောင်း ကြမယ်လို့ ယူဆရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts