>
အလင်းပြာ လာပါ
ညို
မတ် ၁၇၊ ၂၀၁၀
ဒီမနက်ကို
ငါ့ ဘယ်ခြေနဲ့ ကန်ထုတ်လိုက်တယ်
ဒါ အရုဏ်တဲ့
အသံကလေးတချက် ရတယ်
ကျောင်းသားလေးတွေ သွေးမြေခသတဲ့
ဒါ အရုဏ်တဲ့လား
ငါ မယုံဘူး
အလင်းကလေး တချက်လက်ပါ
ဒါ …
အပြာ၊၊
ဒီမိုးသောက်ကို
ငါ့ သွေးသားက ရလိုက်တယ်
အရုဏ်
ပြီးတော့ …
ငါ့ အရုဏ်
ဘယ်မှာလဲ? ဘာတွေလဲ?
ဆီးမီးခွက်နဲ့ လင်းတဲ့ ညဈေး
ဟောင်တတ်တဲ့ ခွေးတွေ
သူကောင်းမျိုးတွေပေါ့ … ခဏ ကြွလာကြတယ်
အချင်းချင်း ပါးလျှက် နားလျှက် လုပ်ကြ
ခဏကလေးပြောခွင့်ပြုပါ
ပြီးတော့
ကဗျာတပုဒ်ကို နားထောင်ပါ
ကဗျာမှာ
အပြာ … ။