>The Flowers of Nargis – Burmese Poets rasied fund to help Nargis Victims with their Poems
>
မေလရဲ့ ပန်းပွင့် – ကမ်းပါးပေါ်က ကျွံကျသွားသော နာဂစ်ခံစားမှု ကဗျာနဲ့ ကဗျာဆရာများ
မိုးယံမခ
မတ် ၁၆၊ ၂၀၁၀
          နာဂစ်မုန်တိုင်း ၂ နှစ်ပတ်လည်မှာ အထက်ပါအမည်နဲ့ ကဗျာစာအုပ် ထွက်လာတယ်။ အဲဒီစာအုပ် မိတ်ဆက်ပွဲ၊ ရောင်းချပွဲ နဲ့ လှူဒါန်းပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ၂၄၉ က မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမမှာ မနေ့က နံနက် ၁၀ နာရီက စလို့ မွန်းလွဲ ၁ နာရီ အထိ ကျင်းပခဲ့တယ်။
          အခမ်းအနားမြင်ကွင်းများ
         အဲသည်စာအုပ်မှာ ဆရာကြီးဒဂုန်တာရာရဲ့ အမှာစာ၊ ကဗျာဆရာ ၁၀၂ ယောက်ရဲ့ ကဗျာ၊ ပန်းချီဆရာ အယောက် ၃၀ ရဲ့ ပန်းချီကား ပြီးတော့ သူတို့ကိုယ်တိုင် ရွတ်ဆိုထားတဲ့ ကဗျာအသံစီဒီ တချပ် ပါဝင်ပါတယ်။ အဲသည်စာအုပ်နဲ့အတူ ကမ်းတဲ့ တီရှပ်ပေါ်မှာ ကဗျာစာအုပ်အမည် – “မေလရဲ့ ပန်းပွင့် (သို့မဟုတ်) ကမ်းပါးပေါ်က ကျွံကျသွားသော …” စာတန်းနဲ့ ပန်းချီဆရာ ၀င်းဖေမြင့်ရဲ့ လဲကျနေတဲ့ သစ်ပင်မြစ်ဆုံရဲ့ ပုံကို ရိုက်နှိပ်ထားတာ ကို တွေ့နိုင်တယ်။
          အခမ်းအနားမှာ နာဂစ်ကြောင့် ကွယ်လွန်သွားသူတွေအတွက် ၀မ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် ၈ စက္ကန့် ငြိမ်သက်ခဲ့တယ်။ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ အမှာစကားကို ကဗျာဆရာကိုရွေးက ဖတ်ကြားပြီး ဆရာရဲ့ အမှာစကားကို ဗီဒီယိုပရိုဂျက်တာက တဆင့် ပြသခဲ့ပါတယ်။
ကဗျာဆရာကိုရွေး – မောင်ခင်မင်(ဓနုဖြူ)
        ဆရာ မောင်ခင်မင်(ဓနုဖြူ)က “နာဂစ်ခံစားမှု၊ နာဂစ်အတွေး အမှတ်တရ” ခေါင်းစဉ်နဲ့ အမှာစကား ပြောပါတယ်။ ကဗျာစာအုပ်က ပန်းချီသရုပ်ဖော်တွေရဲ့ ပန်းချီဆရာများကိုယ်စား ပန်းချီ ၀င်းဖေမြင့်က အမှတ်တရစကား ပြောတယ်။
          ကဗျာဆရာတွေက သူတို့ရဲ့ ကဗျာတွေ ရွတ်ဆိုကြတယ်။
          မိုဃ်းဇော်က “၂၀၀၈ မေလ ၂ ရက်” ကဗျာ …
          မောင်စိမ်းနီက မောင်အောင်ပွင့်ရဲ့ “ရင်ထဲဝင်မွှေသွားတဲ့ နာဂစ်”
ကဗျာဆရာမ မိကောက်က “မိကောက်”
သူရနီက “ကျောင်းတွေပြန်ဖွင့်ကုန်ပြီ အေးမိစံ”
မင်းထက်မောင်က “ရွှံ့ပုံထဲက ငှက်”
 နိုင်သစ်နီက “မီးလောင်နေတဲ့ ရေငုပ်သဘောင်္”
 မင်းထင်ကိုကိုကြီးက “နာဂစ်အလျဉ်”
သစ္စာနီက “မုန်တိုင်းအလွန်” ။ အဂ္ဂထက်က “ရင်ကွဲပက်လက် ပုရွက်ဆိတ်များ” 
ကဗျာဆရာမ မြတ် က “ကူကယ်ရာမဲ့”
 မောင်လင်းရိပ်က “မြစ်ရိုးလေ” 
မင်းချမ်းမွန်က “ရွှဲရွှဲစိုအောင် ရွာလိုက်မိုး”
မအိက “ဧရာဝတီအီးမေးလ်” 
အောင်ပိုင်စိုးက “လပွတ္တာ”
ငြိဏ်းဝေက “ပြန်လည်ထူထောင်တဲ့ အခါ”
သင်းဝေအောင်က “၀ိဉာဏ်လှိုင်း”
စတဲ့ ကဗျာတွေကို ရွတ်ဆိုကြတယ်။
သီတဂူအဖွဲ့ကြီး၏ ကိုယ်စား ဦးဟန်သို့ အလှူငွေ ပေးအပ်စဉ်
ကဗျာစာအုပ် ရောင်းချလို့ ရတဲ့ငွေ ကျပ် သိန်း ၃၀ ကို နာဂစ်သင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေသူ သီတဂူဆရာတော် ဦးဉာဏိသရထံ ပေးအပ်လှူဒါန်းလိုက်ပါတယ်။ သီတဂူ ပြည်တွင်းပြည်ပ သာသနာပြုအဖွဲ့ အတွင်းရေးမှုး ဦးဟန်က အလှူငွေကို လက်ခံပါတယ်။ 
သီတဂူအဖွဲ့ကြီး၏ ကိုယ်စား ဆရာတော် အရှင်ပညာဝံသမှ ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်စဉ်
သီတဂူ ကမ္ဘာ့သာသနာပြုအဖွဲ့က ဆရာတော် ဒေါက်တာ အရှင် ပညာဝံသက စီစဉ်သူတွေကို ဂုဏ်ပြုမှတ်တမ်း ပေးအပ်ပြီး သာဓုအနုမောဒနာတရား ဟောပါတယ်။ 
 အခမ်းအနားစီစဉ်သူများကိုယ်စား ပန်းချီသန်းမြင့်အောင်က ကျေးဇူးတင်စကား ပြန်ပြောပါတယ်။
ဒီကဗျာစာအုပ်ကို စစ်အစိုးရရဲ့ “သက်ဆိုင်ရာများ” က စိစစ် စစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် တနှစ်ကျော် ကြာပြီးမှ အခုလို ကဗျာစာအုပ် ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
ယာမှ ၀ဲ – အောင်ဇင်မင်း၊ သစ္စာနီ၊ မောင်စိမ်းနီ၊ ဧည့်သံဃာ၊ အံ့မောင်
ယာမှ ၀ဲ – ယဉ်မင်းပိုက်၊ ခင်စောတင့်၊ ၀င်းသူရ
ယာမှ ၀ဲ – ရှေ့တန်း – ၀င်းဖေမြင့်၊ နိုင်ကြီး၊ နောက်တန်း – ကျော်လင်း၊ အောင်ကျော်ဆန်း
ယာမှ ၀ဲ – မိုဃ်းဇော်၊ အောင်ဘညို၊ အဂ္ဂထက်၊ ဟိန်းမြတ်ဇော်
ယာမှ ၀ဲ – ရှေ့တန်း – သန်းမြင့်အောင်၊ နိုင်သစ်နီ၊ မင်းထက်မောင်၊ မောင်လင်းရိပ်၊ စိုးမြင့်သိန်း၊ နောက်တန်း – နှစ်ဦး၊ မိုဃ်းဇော်၊ အောင်ဘညို၊ အဂ္ဂထက်၊ ဟိန်းမြတ်ဇော်၊ သားကြီးမောင်ဇေယျ၊
ဝဲမှ ယာ – ဟိန်းမြတ်ဇော်၊ ဧည့်သည်တဦး၊ လှသန်း၊ ဖေစိန်းအောင်
အောင်ဇင်မင်း၊ အံ့ဘွယ်ဇင်
အံ့မောင်၊ မောင်ခင်မင်(ဓနုဖြူ)
အမှတ်တရ ဧည့်သည်အစုအဝေး ဓာတ်ပုံ
မောင်သွေးသစ်၊ မင်းဝေအောင်နှင့် ဇနီး
ဇေယျာလင်း၊ ပန်းချီ ၀င်းဖေမြင့်
သူရိန်ထွန်း၊ အခမ်းအနားမြင်ကွင်း