>
ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်နန္ဒာ ကလေးထိန်းခွင့်ရပြီဟုဆို
မိုးမခအထောက်တော် အမှတ် ဝဝ၆
ဇန်နဝါရီ ၃၊ ၂ဝ၁ဝ
၂ဝဝ၇ ခုနှစ်ကပြုလုပ်သည့် မြတ်သောမောင် ၁ နှစ်ပြည့် မွေးနေ့တွင် တွေ့ရသည့် သားအမိနှစ်ဦး
မိုးမခအထောက်တော် အမှတ် ဝဝ၆
ဇန်နဝါရီ ၃၊ ၂ဝ၁ဝ
၂ဝဝ၇ ခုနှစ်ကပြုလုပ်သည့် မြတ်သောမောင် ၁ နှစ်ပြည့် မွေးနေ့တွင် တွေ့ရသည့် သားအမိနှစ်ဦးရုပ်ရှင်သရုပ်ဆောင် စိုးမြတ်နန္ဒာနှင့် အဆိုတော်ဖြိုးကြီးတို့ ပြတ်စဲပြီးနောက် သားဖြစ်သူ “မြတ်သောမောင်” အား အုပ်ထိန်းခွင့်ကို မိခင်ဖြစ်သူက ရရှိသွားသည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာ ကြော်ငြာတခုတွင် ဖော်ပြထားသည်။ ထိုကြော်ငြာကို စိုးမြတ်နန္ဒာ၏ ရှေ့နေဖြစ်သူက ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
မင်းသမီး နှင့် အဆိုတော် တို့၏ အခြေအနေကို ပရိသတ်က ရှင်းရှင်းလင်းလင်း မသိရသော်လည်း ၎င်းတို့၏ အိမ်ထောင်ရေးဇာတ်လမ်းမှာ ရှုပ်ထွေးလျက်ရှိကြောင်း တွေ့ရသည်။
အိမ်ထောင်သက် ၂ နှစ် ကြာခဲ့ပြီး ၂၀၀၇ နှစ်ကုန်ပိုင်းတွင် ကွာရှင်းပြတ်စဲလိုက်ကြောင်း အကယ်ဒမီ စိုးမြတ်နန္ဒာက သတင်းစာတွင် ကြော်ငြာထည့်ခဲ့သည်။ ဖြိုးကြီး၏ လင်မယားအဖြစ် ပေါင်းသင်းနေဆဲဖြစ်ကြောင်း ကြော်ငြာကလည်း နောက်မှ လိုက်လာပြန်သည်။
ပြတ်စဲပြီးဖြစ်သည်၊ ပေါင်းသင်းဆဲဖြစ်သည်ဟူသော ၎င်းတို့ ၂ ဦး၏ အပြန်အလှန်ထည့်သည့် ကြော်ငြာများကို ရန်ကုန်သတင်းစာများတွင် အနည်းဆုံး ၄ ကြိမ် တွေ့ခဲ့ရသည်။