Uncategorized

Statement

မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) (မူ ၁)
(ဇွန် ၂၇၊ အင်းစိန်၊ သံဃာညီလာခံတွင် တင်သွင်းသည့်မူကြမ်း)
(၁) ဤဥပဒေကို ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ (အရေးပေါ်)ဥပဒေ ဟု ခေါ်တွင်စေ ရမည်။
(၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးအား လွတ်လပ်စွာ ကိုးကွယ် ခွင့်ပြုသူဖြစ် ရမည်။
(၃) လက်ထပ်မည့်ဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ မိဘ (သို့) အုပ်ထိန်းသူ၏စာဖြင့် တရားဝင်ခွင့်ပြုချက်ကို လက်ခံရယူရမည်။
(၄) အထက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာ ကျေးရွာ (သို့) ရပ် ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုး လက်ထပ်ရမည်။
(၅) အထက်ပါ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း မလိုက်နာဘဲ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်ပေါင်း သင်းခြင်း ပြုလုပ်ပါက ထိုသို့ကျူးလွန်သူအပေါ် ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ် ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မတို့နှင့်သာ သီးခြားအရေး ယူအပြစ်ပေးရမည်။
(၆) ဤအက်ဥပဒေအရ ၁၉၅၄-ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများနှင့် အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေ အသစ်ရေးဆွဲပြဋ္ဌာန်းပြီးသည်အထိ ရုပ်သိမ်းထားရမည်။
(၇) ဤအရေးပေါ်ဥပဒေကို (       ) ပြဋ္ဌာန်းအတည်ပြုပြီး အာဏာတည်စေရမည်။
 — ဟူ၍ဖြစ်ပါသည်။ —
ယခုကဲ့သို့ အရေးပေါ်ဥပဒေကို ပြဋ္ဌာန်းသည့်အခါတွင် လူ့အခွင့်အရေးကိစ္စကို အကြောင်းပြ၍ ကန့်ကွက်ရန် အကြောင်းအရာများရှိနိုင်ပါသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အောက်ပါအတိုင်း ရှင်းလင်းတင်ပြပါသည်။
(၁) လူ့အခွင့်အရေးကြေညာစာတမ်းမှာ နိုင်ငံတကာမှ လိုက်နာကျင့်သုံးရန် ထုတ်ပြန်သောကြေညာချက်မျှသာ ဖြစ်ပါသည်။
(၂) ယေဘုယျအသွင်ဆောင်သောအချက်များသာ ဖြစ်ပါသည်။ အသေးစိတ် သတ်မှတ်ချက်မျိုးမဟုတ်ပါ။
(၃) ထိုကြေညာစာတမ်းသည် နိုင်ငံတိုင်း၏ အချုပ်အခြာ အာဏပိုင်မှုကို လွှမ်းမိုးခြင်း၊ ရုပ်သိမ်းခြင်းမရှိပါ။
(၄) အခုအထက်တွင် တင်ပြထားသော အရေးပေါ်ဥပဒေမှာ ကျား/မ ချင်း လက်ထပ်ထိမ်းမြားပေါင်းသင်းခြင်း ကို ပိတ်ပင်မှုမျိုးမဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးကို လက်ထပ်မည့်သူ၏ အရည်အချင်းကို သတ်မှတ်သော ပြဋ္ဌာန်းချက်သာ ဖြစ်ပါသည်။
(၅) အထက်တွင်ဖေါ်ပြထားသည့် အခြားဘာသာဝင်များ ဥပဒေများတွင်လည်း ယခုကဲ့သို့ (သို့) ယခုထက်ပို၍ တင်းကြပ်သော ကန့် သတ်ပြဋ္ဌာန်းချက်များရှိပါက ထိုဥပဒေများရှိ ကန့်သတ်ပြဋ္ဌာန်းချက်များကို လူ့အခွင့်အရေးရ မကိုက်ညီပါဟု ဆန့်ကျင်ပြောဆိုခြင်း ကန့် ကွက်ခြင်းမျိုး ယနေ့ထိ မရှိနိုင်ပါ။
(၆) ယင်းသို့ကန့်ကွက်မည်ဆိုပါက အခြားဘာသာများနှင့် နိုင်ငံခြားဘာသာများ ကိုးကွယ်သည့်ဘာသာများ၏ အချုပ်အခြာအာဏာကို ၀င် ရောက်စွက်ဖက်ရာရောက်မည်ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts