>
AP သတင်းဌာန
မေ ၁၀၊ ၂၀၀၉
ဒေါ်စု၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူများ၏ အဆိုအရ ဒေါက်တာပြုံးမိုအိသည် ယနေ့နေ့လည်တွင် ဒေါ်စုထံ သွားခွင့် ရသည်ဟု ဆိုသည်။ ဒေါ်စု၏ ကျန်းမာရေးအတွက် ဆေးကုသမှု ထပ်မံ လိုအပ်ကြောင်း အဖွဲ့ချုပ်က ကြေညာချက် ထုတ်ထားသည်။
အာဏာပိုင်တို့က ဒေါ်စု၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို စစ်ဆေးမေးမြန်းရန်အတွက် ပြီးခဲ့သည့် ကြာသပတေးနေ့မှ စပြီး ဖမ်းဆီး ထိန်းသိမ်းထားသည်။ ဒေါ်စု၏ အိမ်မှ ပြန်လာသည့် အမေရိကန် နိုင်ငံသား တဦးကို ဖမ်းမိထားကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက်တွင် ထိုသို့ ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။