>Aung Way – Thagyan 2009 Poem

>

ပိတောက်ပွင့်ချိန် မဲဆောက်သို့ 

ကင်ဒိုဓားများ လက်ဆောင်

အောင်ဝေး

ဧပြီ ၉၊ ၂၀၀၉

မောင်လွမ်းဏီ ရေ …

အေးမိဖြူ ရေ …

အောင်ကျော်ဇာနည် ရေ …

ပိတောက် မသေ၊ တော်လှန်ရေး မသေ။

ပိတောက် မတုံး၊ တော်လှန်ရေး မရှုံး။

ပိတောက် မအို၊ တော်လှန်ရေး မပြို။

ပိတောက် မဝေး၊ တော်လှန်ရေး မအေး။

ပိတောက် မပြယ်၊တော်လှန်ရေး မကွယ်။

ပိတောက် မသွေ့ ၊တော်လှန်ရေး မမေ့ ။

ပိတောက် မခြောက်၊တော်လှန်ရေး မပျောက်။

ပိတောက် မနွမ်း။ တော်လှန်ရေး မပန်း။

ပိတောက် မဆွံ့ ၊တော်လှန်ရေး မရွံ့ ။

ပိတောက်ပွင့်ဆဲ၊ တော်လှန်ဆဲ။

ပိတောက်ပွင့်မြဲ၊ တော်လှန်မြဲ။

ပိတောက်ပွင့်ရဲ၊ တော်လှန်ရဲ ဟေ့ 

အသည်းငယ်ရင်၊ တာသဘင်မှာ

မဆင်တော့နဲ့ သင်္ကြင်္န်ပွဲ။ ။

(ဧပြီ ၆-၂၀၀၉)