>Ottara Moon – Home Coming, Amigo …

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အာမီဂို(Amigo) ရဲ့ အိမ်ပြန်ခရီး

ဥတ္တရမွန်း

အောက်တိုဘာ ၁၇၊ ၂၀၀၈

စီးပွားရေးကျဆင်းလို့ အမေရိကန် လေကြောင်းကုပ္မဏီများဟာ လေယာဉ်ပေါ် အစားအသောက်နဲ့ ၀န်ဆောင်မှုများကို လျော့ချနေချိန်မှာ လက်တင်အမေရိကနိုင်ငံများကို အဓိကပြေးဆွဲနေတဲ့ လေယာဉ်လိုင်းတစ်ခုဟာ သားရေထိုင်ခုံ၊ ခြေဆန့်ဖို့နေရာ ကျယ်ကျယ်၊ အခမဲ့ အစားအသောက်များနဲ့ ကောင်းမွန်စွာ ဧည့်ခံနေပါတယ်။

အဲဒီလေကြောင်းလိုင်းကို အမေရိကန် လူဝင်မှုနှင့်အကောက်ခွန်ဌာနက ပြေးဆွဲပါတယ်။ အမေရိကန်နိုင်ငံကို တရားမ၀င် ၀င်ရောက်လာသူများကို ဖမ်းဆီးပြီး တိုင်းပြည်အသီးသီးဆီကို ပြန်ပို့ရတဲ့ အရေအတွက် တိုးပွားလာမှုကြောင့် လိုအပ်ချက်တစ်ခုအဖြစ် ယင်းလေကြောင်းလိုင်း ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။

အဲဒီ လေယာဉ်လိုင်းကုမ္ပဏီကို ICE Air လို့ခေါ်ပါတယ် … တရားမ၀င်ရောက်လာတဲ့သူ အများစုဟာ ခက်ခက်ခဲခဲနဲ့ ဒုက္ခမျိုးစုံတွေနဲ့ ဒီကိုရောက်ခဲ့တာပါ၊ ဒါကြောင့် ဒီလေယာဉ်ခရီးစဉ်ဟာ သူတို့အတွက် အမေရိကန်နဲ့ ပတ်သက်တဲ့ နောက်ဆုံးအမှတ်တရ ဖြစ်ပါတယ်၊ ဒါကြောင့် သူတို့ကို ၀န်ဆောင်မှု ကောင်းကောင်းပေးလိုပါတယ် … ”

လို့ ICE လေယာဉ်လိုင်းရဲ့ စီမံခံ့ခွဲသူ မိုက်ကယ်လ်ပစ် (Michael Pitts) က ပြောပြပါတယ်။

လောလောဆယ် လေယာဉ် ၁၀ စီးနဲ့ ပြေးဆွဲနေတဲ့ ICE ရဲ့လည်ပတ်ပုံဟာ အမေရိကန်မြို့အသီးသီးက နိုင်ငံပြန်ပို့ခံရသူများကို လူသိနည်းတဲ့ ဗဟိုလေဆိပ်ရှိရာ Mesa(Arizona), Alexandria(Louisiana) ဆီကို အရင်ပို့ပါတယ်။ အဲဒီမြို့နှစ်ခုဟာ ဖမ်းမိတဲ့ တရားမ၀င် ၀င်ရောက်လာသူများကို ထိမ်းသိမ်းတဲ့စခန်းနဲ့ နီးကပ်ပါတယ်။ အဲဒီကတဆင့် လက်တင်အမေရိကနိုင်ငံများသို့ ပို့ဆောင်ကြပါတယ်။ တစ်ရက်မှာ သုံးကြိမ်အထိ Guatemala၊ Tegucigalpa၊ နဲ့ Honduras နိုင်ငံတွေကို ပို့ကြပါတယ်။ မိုက်ကယ်လ်ပစ်ဟာ အခုဆိုရင် ခရီးစဉ်အသစ်အဖြစ် ဖိလီပိုင်၊ အင်ဒိုနီးရှား နဲ့ ကမ္ဘေဒီယား ကိုပါ တိုးချဲ့ထားပါတယ်။

အမေရိကန်အစိုးရဟာ ဒီနှစ်ထဲမှာ နိုင်ငံကိုပြန်ပို့သူ(မက်ဆီကိုမပါ) ၇၆၁၀၂ ယောက်ရှိပြီး မနှစ်က ၇၂၁၈၇ နဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ၅၀၂၂၂ ယောက်ရှိပါတယ်။ ပြန်ပို့ခံသူ တစ်ဦးရဲ့ တစ်ကြောင်းသွား လေယာဉ်စရိတ်ဟာ ပျှမ်းမျှ ဒေါ်လာ ၆၂၀ ဖြစ်ပြီး အမေရိကန်အစိုးရက ပေးပေးပါတယ်။ ခရီးသည် တစ်ဦးစီတိုင်းကိုလည်း ပစ္စည်းအလေးချိန် ပေါင် ၄၀ သယ်ယူခွင့် ပေးထားပါတယ်။

မှတ်ချက် – amigo (စပိန်ဘာသာ) = သူငယ်ချင်း ဟု အဓိပ္ပယ်ရသည်။

(ဝေါလ်စထရီဂျာနယ်၊ အောက်တိုဘာ ၁ရ ကို ကိုးကားသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts