>Quotable Quotes in August 2008

>

သြဂုတ်လ စာကိုး စကားကိုး

သြဂုတ် ၂၉၊ ၂၀၀၈

“အနှစ်(၂ဝ) ကြာမှ ဦးနု အဲသည်တုံးက လုပ်ခဲ့တဲ့ နိုင်ငံရေးကစားကွက်ဟာ လုပ်သင့်တဲ့ ကစားကွက်လို့ ၁၉၈၈ ကျောင်းသားမျိုးဆက်တွေနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း အတော်များများက အပြင်စကားဝိုင်း တွေမှာ ဝန်ခံကြပါတယ်။ နေရာ အဆင့်ဆင့်မှာ လူငယ်ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့တဲ့သူများ အနေနဲ့ ကိုယ်ကိုယ်တိုင် အားနည်း ခဲ့တာကိုလည်း ပြန်ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ တဦးနဲ့တဦး အပြစ်တင် လက်ညှိုး ထိုးတာတွေကို ရပ်ဆိုင်းသင့်ပါပြီ။ လူတိုင်း အမှားနဲ့မကင်းကြပါ။”

ဇော်မင်း (လူ့ဘောင်သစ်)၊ ရွက်မွန်ဘလော့ဂ်၊ “အပြစ်တွေပုံချနေယုံနဲ့မပြီး” ဆောင်းပါး၊ သြဂုတ် ၂၇၊ ၂ဝဝ၈

“နအဖ မဟုတ်တာ လုပ်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ကြောင့်၊ အဲဒီ (၂) ချက် ရှိနေသရွေ့ အန်အယ်လ်ဒီသည် အင်အားရှိနေဆဲပဲ။”

တင်မောင်သန်းခေတ်ပြိုင်အင်တာနက်စာစောင်၏ အန်အယ်လ်ဒီရဲ့ အတိုက်အခံအဆင့်အတန်း” သတင်း၊ သြဂုတ် ၇၊ ၂၀၀၈

“ကျနော်လိုက်တဲ့အမှုထဲက ၈၈ မျိုးဆက်ကျောင်းသားထဲက ကိုကျော်ဆန်းဆိုရင် သူက အေးစေတီဘုရားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် တခြား အန်န်အယ်လ်ဒီပါတီဝင်တွေနဲ့ ဆုတောင်းကြတယ်။ ဆုတောင်းတယ်ဆိုတာ သူတို့ စိတ်ထဲကနေ သူတို့ လွတ်မြောက်ပါစေဆိုပြီး ဆုတောင်းတာ။ ဘယ်သူမှလည်း မကြားနိုင်ဘူး၊ မသိနိုင်ဘူး။ ဒီဟာကိုပဲ ရုံးတင်စစ်ဆေးတဲ့အခါကြတော့ ပုဒ်မ ၁၄၇၊ ၅၀၅(ခ)တို့နဲ့ စစ်ဆေးတဲ့အခါကြတော့ ဘုရားဝတ်ပြုနေတဲ့ပုံကို ဓာတ်ပုံရိုက်ထားပြီး ဒါ ပြစ်မှုကျူးလွန်နေပါတယ်ဆိုပြီး စွပ်စွဲထားတာမျိုးတွေပေါ့။ ဒါ အခြေခံ လူ့အခွင့်အရေးပဲ။ လူတိုင်းမှာရှိတဲ့ လွတ်လပ်စွာ ကိုးကွယ်ဆုတောင်းပိုင်ခွင့် ဆိုတဲ့ အခွင့်အရေးလေးတောင် မရဘူးဖြစ်နေတယ်။”

ရှေ့နေ ဦးညီညီလှိုင်၊ ဗွီအိုအေအသံလွှင့်ဌာန၏ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် အင်းစိန်ထောင် လေ့လာ သတင်း သြဂုတ် ၅၊ ၂၀၀၈

“ကျနော်တို့က ဂမ်ဘာရီ အလုပ်မဖြစ်ဘူး၊ ကုလသမဂ္ဂ အလုပ်မဖြစ်ဘူးလို့ ကဲ့ရဲ့နေရင် နအဖ ပိုကြိုက်တာပေါ့။ ဘာကြောင့်လဲဆိုတော့ သူက နားမထောင်ချင်တဲ့လူကို ကျနော်တို့က ရှုတ်ချတယ်ဆိုရင် သူ့အတွက် အကျိုးဖြစ်တယ်။ တကယ်ကတော့ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် ကျနော်တို့က အပြည့်အ၀ အားပေးသင့်တယ်လို့ မြင်ပါတယ်။”
“လိုချင်တဲ့အတိုင်းတော့ မဖြစ်ပါဘူး။ ဒါကတော့ သိတဲ့အတိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီး အာဏာအပြည့်အ၀ မပေးထားဘူး၊ ဂမ်ဘာရီသွားလို့ လူတိုင်းကရှုတ်ချနေတယ်၊ သူသွားတဲ့ဟာ ဘာမှမအောင်မြင်ဘူးပြောရင် ကျနော်က ဘာမြင်လဲဆိုတော့ ဘန်ကီမွန်းကိုယ်တိုင် သွားမယ်ဆိုတဲ့နေရာမှာ တကယ်ရော သွားမှာလား၊သူက စိတ်ပြောင်းသွားနိုင်ပါတယ်။”

ဦးဟန်ယောင်ဝေ၊ မြန်မာ့ရေးရာ ဥရောပရုံးတာဝန်ခံ၊ ဗွီအိုအေ အသံလွှင့်ဌာန၏ မစ္စတာ ဂမ်ဘာရီ ကို အပြစ်တင်သင့်သလား? သတင်း သြဂုတ် ၂၇၊ ၂၀၀၈

ဦးဟန်ယောင်ဝေ

“ယနေ့မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးပြစ်မှုကို ကျူးလွန်လို့ ပြစ်ဒဏ်ကျခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝ(လုံးဝ) မရှိဘူးဆိုတာ ရဲရဲကြီး ပြောနိုင်ပါတယ်။”

၂၄-၇-၂၀၀၈ ကြေးမုံသတင်းစာ၊ စာမျက်နှာ ၈တွင် ဖော်ပြခဲ့သော ဆောင်းပါး

“ကဗျာဆရာ ကဗျာရေးတာ အလုပ်လုပ်တာပေါ့ ဗျ။ ကျွန်တော့်အလုပ်အကိုင်က ဘာလဲလို့ တရားဝင် မေးလာရင် ကဗျာဆရာလို့ ဟောဒီရင်ဘတ်ကြီးကို ကော့ပြီး လိပ်ပြာသန့်သန့်နဲ့ ဖြေလိုက်မယ်။ ကျုပ်တို့ အခုရေးနေတဲ့ ကဗျာတွေကို ခင်ဗျားမြေးတွေ တက္ကသိုလ်ရောက်ရင် သင်ကြရလိမ့်မယ်၊ မှတ်ထား။”

မောင်ချောနွယ်မင်းသစ်ရေးသားသည့် လွမ်းရတဲ့သူတွေ (၅)” ဆောင်းပါး၊ မဟေသီမဂ္ဂဇင်း၊ သြဂုတ် ၂၀၀၈

“ကွာလာလမ်ပူမြို့သည် မြက်ခင်း၊ သစ်ပင် နှင့် မိုးမျှော်တိုက်ကြီးများကို အချိုးမျှတ၊ လှပစွာ ပေါင်းစပ်ထားသော မြို့ကြီးတစ်မြို့ဖြစ်ကြောင်း သတိထားမိလိုက်သည်။”

ကံချွန်၏ မလေးရှားသွားတောလား (၃) ဆောင်းပါး၊ ကလျာမဂ္ဂဇင်း၊ သြဂုတ် ၂၀၀၈

“အရင်က အလှူဆိုတာ ရှင်ပြု၊ နားသ လောက်သာ ကွက်တိကွက်ကြား ရှိခဲ့တာမဟုတ်လား။ ခုတော့ ဒုက္ခရောက်တဲ့ လူ သန်းနဲ့ချီပြီး ရှိနေတော့ သန်းပေါင်းများစွာသော အလှူရှင်တွေ ပေါ်လာတော့တာပေါ့။ သိန်း ရာနဲ့ချီပြီး လှူတဲ့ အလှူရှင်တွေကနေ လက်ပတ်နာရီလေးချွတ်ပြီး လှူတဲ့ အလှူရှင်အထိ ရှိပါတယ် သမီး။ (သမီးဘိုးဘိုးရဲ့ နာမည်ကို သုံးကြိမ် တလိုက်ပါတော့)။”

သုမောင်၏ “ချစ်သမီးသို့” ဆောင်းပါး၊ ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း၊ သြဂုတ် ၂၀၀၈

“မွေးနေ့မှာ စာနာမှုများစွာနဲ့ လှူတဲ့ ထက်ထက်မိုးဦးက သူ့ရဲ့အသက်ကို ပြောမပြခဲ့။”

လင်းနိုင်ဦးရွှေမင်းသမီးရဲ့ စာနာမှုနဲ့လှူတဲ့ မွေးနေ့အလှူ ဆောင်းပါး၊ ရွှေအမြုတေမဂ္ဂဇင်း၊ သြဂုတ် ၂၀၀၈

ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ အမျိုးသမီးအတတ်သင်ကျောင်း၊ ကျောင်းအုပ် ဒေါ်မာမာမြင့် နှင့် ထက်ထက်မိုးဦး (၁၇-၆-၂၀၀၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts