>Burmese Artists to host perfromace show in Rangoon

>

ရန်ကုန်က သရုပ်ဖော်အနုပညာ (ပါဖောမင့်ပွဲ) “အဖွင့်နဲ့ အပိတ်” ကျင်းပမည်

မိုးမခ အထောက်တော် (ရန်ကုန်)

သြဂုတ် ၂၉၊ ၂၀၀၈

မြန်မာ အနုပညာရှင် ၆ ဦးက ၃၀ သြဂုတ်၊ ရန်ကုန် အိုလံပစ်တာဝါ၊ ဘိတ် အရောင်းခန်းမတွင် “အဖွင့်၊ အပိတ်” အမည်ရ သရုပ်ဖော်အနုပညာ ပြသမည်ဟု ဆိုသည်။ အဖွင့်နဲ့ အပိတ်အကြား တဒင်္ဂမှာ တစုံတရာဟာ ဘာဖြစ်သလဲ၊ ဘာခံစားရသလဲ ဟူသော ခေါင်းစဉ်နှင့် ဖိတ်စာကို ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နာမည်ရ အနုပညာရှင်များဖြစ်သော ဖြူမွန်၊ သန်းဌေးမောင်၊ စန်းဦးတို့နှင့်အတူ လူငယ်အနုပညာရှင်များ ဖြစ်သည့် အောင်ပြည့်စုံ၊ မြတ်လင်းထွန်းနဲ့ မိုးစက်တို့ပါဝင်သည့် ပါဖောမင့်ပွဲဖြစ်သည်ကို တွေ့ရသည်။ သူတို့ထုတ်ပြန်သည့် လက်ကမ်းစာရွက်ကို ပူးတွဲ တင်ဆက်လိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts