>democracy is still possible

>

မြန်မာပြည်ဒီမိုကရေစီဖြစ်ထွန်းရေး မြန်မာစစ်တပ်ပါဝင်ရမည်ဟု ဦးဝင်းမင်း သုံးသပ်

ဓာတ်ပုံသတင်း
သြဂုတ် ၁၊ ၂၀၀၈

 ဖိလစ်ပိုင်နိုင်ငံမှ ထင်ရှားသည့် တက္ကသိုလ်တခုတွင် ဟောပြောနေသော စစ်ဘက်အရပ်ဘက် လေ့လာသူ ဦးဝင်းမင်း။ ယနေ့ နံနက်က ကွီဇုန်မြို့ပြင်ရှိ ဖိလစ်ပိုင်တက္ကသိုလ် ကျောင်းသားများနှင့်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မြန်မာပြည်ဒီမိုကရေစီရရှိရေးမှာ ဖြစ်နိုင်ချေရှိပါသေးသည်ဟု ဦးဝင်းမင်းက ပြောဆိုလိုက်သည်။ အစွန်းမရောက်သည့် စစ်အရာရှိများက စစ်တပ်ကို ထိန်းချုပ်ကာ၊ အတိုက်အခံများနှင့်လက်တွဲပြီး၊ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်ပါက ဖြစ်နိုင်ချေရှိသည်ဟု ဆိုသည်။ (photo: AP)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts