International News

Pyone Cho & Ant Bwe Kyaw headed home

၈၈ မျိုးဆက် ကိုပြုံးချိုနှင့် ကိုအံ့ဘွယ်ကျော် မြန်မာပြည်သို့ ပြန်လည်ထွက်ခွာ

မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၂၃၊ ၂၀၁၃

ဇွန်လနောက်ဆုံး ရက်သတ္တပတ်ကတည်းက အမေရိကန်သို့ အလည်အပတ်ရောက်ရှိလာသော ၈၈ မျိုးဆက် ခေါင်းဆောင် ၂ ဦးဖြစ်သည့် ကိုပြုံးချိုနှင့် ကိုအံ့ဘွယ်ကျော်တို့ ယမန်နေ့ နံနက်က ဆန်ဖရန်စစ္စကိုလေဆိပ်မှတဆင့် မြန်မာပြည်သို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။ ၎င်းတို့နှင့်အတူ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်သည့် ကိုမင်းဇေယျလည်း အမေရိကန်သို့ ရောက်ရှိနေရာ ကိုမင်းဇေယျက သြဂုတ်လ ပထမပတ်တွင် မြန်မာပြည်သို့ ပြန်မည် ဖြစ်သည်။

            ၎င်းတို့ ရောက်ရှိနေစဉ်အတွင်း ဆန်ဖရန်၊ အယ်လ်အေ၊ ဖို့ဝိန်း၊ ဗေးဂတ်စ်၊ မြောက်ကိုရိုလိုင်းနား၊ ၀ါရှင်တန်ဒီစီ မက်ထရို၊ နယူးယောက်၊ ဘတ်ဖဲလိုး မြို့များရှိ ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ မြန်မာ့အရေးလှုပ်ရှားသူများ၊ တိုင်းရင်းသားများနှင့် ၈၈ အရေးတော်ပုံ ၂၅ နှစ်အကြို တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။

            အမေရိကန်ခရီးစဉ်အတွင်း ဒေသခံများနှင့် တွေ့ဆုံခွင့် ဆွေးနွေးခွင့်များ ရရှိသည့်အတွက် ကျေနပ်အားရကြောင်း၊ အမေရိကန်ပြည်သို့ ရွှေ့ပြောင်းနေထိုင် ရောက်ရှိနေကြသည့် မြန်မာအရေးလှုပ်ရှားသူများနှင့် အချိန်ရခိုက် တွေ့ဆုံခွင့်ရခဲ့စဉ်အတွင်း ဒေသခံတို့၏ လက်ရှိအခြေအနများကို နားလည်သိရှိခွင့် ရခဲ့ကြောင်း ကိုပြုံးချိုက မှတ်ချက်ပေးသွားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts