>အင်းစိန်ထောငိမြေူမာက်ကိုးရီးယား ဗုံးသမား ဆေးရုံရောက်

>

အင်းစိန်ထောင်မှမြောက်ကိုရီးယားဗုံးသမား ဆေးရုံရောက်
အေပီသတင်းဌာန

မတ် ၁၈၊ ၂၀၀၈

နာမည်ကျော်အင်းစိန်ထောင်တွင် ၂၅ နှစ်ကြာ အကျဉ်းကျခံနေရသော မြောက်ကိုရီးယား ကွန်မန်ဒိုတစ်ဦးအား ပြီးခဲ့သည့်အပတ်မှစတင်ဆေးကုသပေးနေရကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးကပြောပြသည်။

အဆိုပါမြောက်ကိုရီးယားမှာ ကင်မင်ချူးဖြစ်ပြီး ၁၉၈၃ခုနှစ် တောင်ကိုရီးယားသမတချန်ဒူးဝမ်၏ မြန်မာပြည်ခရီးစဉ်အတွင်း သွေးချောင်းစီး ဗုံးခွဲတိုက်ခိုက်မှုကို တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ သမတချန်ဒူးဝမ် ထိခိုက်မှုမရှိသော်လည်း တောင်ကိုရီးယားဝန်ကြီးလေးဦးအပါအ၀င် စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့်အပတ်က အသည်းရောဂါပြင်းထန်စွာခံစားနေရသူ ကင်မင်ချူး(အသက်၅၃)နှစ်ကို လုံခြုံရေးထူထပ်စွာဖြင့် ရန်ကုန်ဆေးရုံကြီးသို့ခေါ်ဆောင်သွားကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးကဆိုသည်။ ဗုံးခွဲတိုက်ခိုက်သူ စုစုပေါင်း ၃ ဦးရှိရာ ၁ ဦးမှာ အင်းစိန်ထောင်တွင် ကြိုးပေးသတ်ဖြတ်ခံခဲ့ရပြီး အခြား၁ဦးမှာ ဖမ်းဆီးခံရစဉ် ဗုံးခွဲပြီးသတ်သေသွားသည်။

မြန်မာနှင့်မြောက်ကိုရီးယားနှစ်နိုင်ငံသည် ဗုံးခွဲတိုက်ခိုက်သည့်အချိန်မှစ၍ သံတမန်အဆက်အသွယ်ပြတ်တောက်သွားသည်။ မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာပြီး မြောက်ကိုရီးယားသည် မြန်မာ့တပ်မတော်ကို ကူညီထောက်ပံ့သည့် နိုင်ငံဖြစ်လာသည်။ ပြီးခဲ့သည့်နှစ်ဧပြီလတွင် နှစ်နိုင်ငံ သံတမန်လုပ်ငန်းများ ပြန်လည်ဆက်သွယ်လုပ်ကိုင်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts