Han Thit Naing News

Maung Chaw Nwe

ကဗျာဆရာမောင်ချောနွယ် အမှတ်တရအစီအစဉ် ရန်ကုန်တွင် ကျင်းပ 
ဟန်သစ်နိုင်
စက်တင်ဘာ ၆၊ ၂၀၁၂

မောင်ချောနွယ်ဓာတ်ပုံရှေ့တွင် တွေ့ရသော ဇနီးသည် (photo: DVB)
  ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း (၁၁) နှစ်ပြည့် အမှတ်တရ အစီအစဉ်ကို  ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာ ကျင်းပရာ  သူ့ကို လေးစားသူများ၊  ကဗျာဆရာများ တက်ရောက်ကြသည်။

မောင်ချောနွယ် အမှတ်တရ ဂုဏ်ပြုစကားခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည့် အစီအစဉ်များ  ပါဝင်သည်။

      ကဗျာဆရာ ကေဇော် ခေါ် ဇာတ်မင်းသားမန္တလေးသိန်းဇော်က   ကိုချောကို အသက်ရှည်စေချင်ကြောင်း၊ အကိုဖြစ်လို့ ပြောလို့ဆိုလို့ တိုင်ပင်လို့ရကြောင်း၊ ဘ၀ကြီးထဲက ကြိုးစားပမ်းစား  အစောကြီး ထွက်ခွာသွားတဲ့ ကိုချောကို စိတ်ဆိုးကြောင်း ” ကဗျာဆရာကိုချောတို့နဲ့
 ကြုံခဲ့ဆုံခဲ့တော့ အမြဲတမ်း ကဗျာနဲ့စိတ်က အလိုလို နှလုံးသားကနိုးထလာတယ်” ကိုချောမရှိတဲ့နောက်ပိုင်းတွင် ကဗျာနှင့်ဝေးလံသွားခဲ့ရကြောင်း၊ ကဗျာဆရာ မိတ်ဆွေအပေါင်းအသင်းများနှင့် ပြန်လည်ဆုံတွေ့ရလို့ ၀မ်းသာရကြောင်းများပြောပြီး ကဗျာတစ်ပုဒ်ကို ရွတ်ဆိုခဲ့သည်။

မောင်ချောနွယ်၏ချစ်ဇနီး မမမြင့်ကလည်း ကိုချောရဲ့( ၁၁) ပြည့် အစီအစဉ်တွင် ကဗျာဆရာများနဲ့ ကဗျာချစ်သူ ပရိတ်သတ်များကို အခုလို အများကြီးတွေ့ရလို့ ၀မ်းသာကြောင်း၊   ယခုအခမ်းအနားကို ဖြစ်မြောက်အောင်   ၀ိုင်းဝန်း ကူညီပေးခဲ့ကြသော ကဗျာဆရာများနှင့် ဇာတ်မင်းသား  ဦးမိုးဝင်းမိသားစုကို ကျေးဇူးတင်ကြောင်းများ ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts