Yan Naung (Bo Ta Htaung) သတင်းပဒေသာ ဟံသာဝတီ ဦးဝင်းတင်

ကွယ်လွန်သူ ဟံသာဝတီဦးဝင်းတင် ၈၉နှစ်ပြည့် ဖောင်ဒေးရှင်းအလှူ

 

ကွယ်လွန်သူ ဟံသာဝတီဦးဝင်းတင် ၈၉နှစ်ပြည့် ဖောင်ဒေးရှင်းအလှူ

ရန်နောင်(ဗိုလ်တထောင်) မတ် ၁၃၊ ၂၀၁၉

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှ နိုင်ငံရေးအကျဉ်းသားများ သိန်း နှစ်ထောင်ကျော် ထောက်ပံ့ပေးနိုင်ခဲ့သည်။ ရန်ကုန် မတ် ၁၂ ရက်နေ့က သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ၏ (၈၉) နှစ်မြောက်မွေးနေ့၊ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း တည်ထောင်ခြင်း( ၇ )နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် (၃၆) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲနှငွ အလှူရှင်များ ဂုဏ်ပြု ပွဲကို ယနေ့ နံနက် (၁၀) နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင် ငြိမ်းချမ်းခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားမှူး အဖြစ် ဦးကျော်အောင် က ဆောင်ရွက်ပြီး ဖောင်ဒေးရှင်း နာယက ဦးမောင်မောင်ခင်က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာကြီးဟံသာဝတီဦးဝင်းတင်၏ ၈၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် စာရေးဆရာမုံရွာအောင်ရှင်က အမှတ်တရ စကားပြောကြားပြီး ကဗျာဆရာနီလုံဦးက အမှတ်တရ ကဗျာရွတ်ဆိုခဲ့သည်။ ထို့နောက် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ၏ ၃၆ ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲ နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့သည်။ ယနေ့ ထောက်ပံ့ငွေပေးအပ်ပွဲ တွင် နိုင်ငံရေး အကျဉ်းသားဟောင်း ၇ ဦးအား တယောက်လျှင် နှစ်သိန်း စီ နှင့် NLD လူငယ်ဘုံရိပ်သာ အတွက် သုံးသိန်းကျပ် ပေးအပ်လှူဒါန်း ထောက်ပံ့ပေးခဲ့ပြီး ယခု ၃၆ ကြိမ်မြောက်အထိ ထောက်ပံ့ငွေ ၂၀၆၈ သိန်း ကျပ် ပေးအပ်ခဲ့ပြီးကြောင်း သိရှိရပါသည်။


ဦးဝင်းတင်သည် ၂၀၁၄ ဧပြီလ ၂၁ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီးဖြစ်ရာ ယခုဆိုလျင် ကွယ်လွန်ခြင်း ၅ နှစ် လာမည့် ဧပြီလတွင် ပြည့်မည် ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts