K ငြိမ်းချမ်း စာအုပ်စင်

K ငြိမ်းချမ်း – အဘိဓာန်ထဲက မြန်မာ့သမိုင်း



K ငြိမ်းချမ်း – အဘိဓာန်ထဲက မြန်မာ့သမိုင်း

(မိုးမခစာအုပ်စင်) မတ် ၉၊ ၂၀၁၉

လူမျိုးတိုင်း လူမျိုးတိုင်း နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သမိုင်းရှိကြပါတယ်။ သမိုင်းမရှိသော လူမျိုး၊ နိုင်ငံဟူ၍ မကြားဖူး ပေ။ အဲဒီရှိ သော သမိုင်းကို ကောင်းတာရော ဆိုးတာရော အပါအ၀င် ပြည့်စုံအောင် မှတ်တမ်းတင်ရေးသားနိုင်ခဲ့မှသာ နောင်မျိုးဆက် အဆက်ဆက် ပြင်သင့်ဆင်သင့်တာတွေကို ပြုပြင်တည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမှ မှတ် တမ်း မရှိလို့ကတော့ လမ်းပြမြေပုံမရှိတဲ့ခရီးသွားတွေလိုဖြစ်နေပါလိမ့်မယ်။

သမိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကွယ်လွန်သူ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ သမိုင်းသင်တာ မအ အောင်လို့ အတိုဆုံးနဲ့အထိရောက်ဆုံး ပြောဆိုခဲ့ဖူးပါတယ်။

အဲတော့ သမိုင်းဆိုတာ နိုင်ငံအတွက်ရော လူမျိုးအတွက်ရော အရေးပါအရာရောက်ကြောင်း အထူးပြောစရာ မလို အောင် နိုင်ငံသားတိုင်းအတွက် အရေးပါတယ်ဆိုတာပါပဲ။

ကျနော်တို့နေထိုင်ရှင်သန်ကြီးပြင်းရာ မြန်မာနိုင်ငံမှာလည်း ကောင်းမွေဆိုးမွေ သမိုင်းများစွာထုနဲ့ထေးပါ။ အဲဒီ သမိုင်းကြောင်းများကို ပြည်တွင်းမှာရှိတဲ့ သမိုင်းပညာရှင်များ သုတေသီများက ရေးထိုးမှတ်တမ်း တင်ထားတဲ့ စာအုပ် စာတမ်းများစွာရှိပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ သမိုင်းဆိုင်ရာစာအုပ်တအုပ်ဖြစ်ဖို့ဆိုတာတော့ မလွယ်ပါဘူး။ နောက် ထပ်တွေ့ရှိချက်တွေ အသစ်အသစ်ထပ်မံဖြည့်စွက်မှုတွေနဲ့ ကြိုးစားရတာတွေရှိပါတယ်။

ထားပါ။ အခုပြောဆိုလိုတဲ့သမိုင်းစာအုပ်ကတော့ ကျနော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံခြားသားတယောက် က ပြုစုရေးသားထားတဲ့ စာအုပ်တအုပ်ဖြစ်လို့ပါပဲ။

DONALD M. SEEKINS ပြုစုရေးသားထားတဲ့ HISTORICAL DICTIIONARY OF BURMA(MYANMAR) Second Editin(2017) စာအုပ်ကို ကိုကိုလေး က မြန်မာ့သမိုင်းအဘိဓာန် အမည်ဖြင့် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

အဘိဓာန်ဆိုတဲ့အတိုင်း အက္ခရာစဉ်အလိုက် စီစဉ်ထားပြီး ပါဝင်တဲ့ (က)အခန်းကဏ္ဍများကတော့ ကပ္ပလီ ပင် လယ်၊ ကုလားဗမာအဓိကရုဏ်းများ၊ ကလေးစစ်သား၊ ကာကွယ်ရေးဝန်ဆောင်မှုအင်စတီကျူ့(ဒီအက်စ်အိုင်)၊ ကျားပျံ ( အမေရိကန်စေတနာ့ဝန်ထမ်းအဖွဲ့)၊ ကျောက်မျက်အရိုင်းတုံးများ၊ ကျန်းမာရေး၊ ကြက်ဆူပင်၊ ကာကွယ်ရေး(တပ်)၊ ကပြား၊ ကချင်လွတ်မြောက်ရေးတပ်/ အစည်းအရုံး၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်လူမျိုး၊ ကတော်ဘွဲ့၊ ကဒူးလူမျိုး၊ ကု လားတန်မြစ်၊ ကမန်လူမျိုး၊ ကမ္မ(ကံ)၊ ကန်တော်ကြီး၊ ကန္နီအစည်းအဝေး၊ ကရင်ချစ်ကြည်ရေးမစ်ရှင်၊ ကရင်အမျိုးသား အသင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကရင်ပြည်နယ်၊ ကရင်နီ(ကယား)အမျိုးသားတိုးတက်ရေးပါတီ၊ ကရင်နီပြည်နယ်၊ ကရင်နီ(ကယား)၊ကရင်၊ ကောင်းမှုတော်စေတီတော်၊ ကင်းဝန်မင်းကြီး၊ ကိုကိုကြီး၊ (ဦး)ကိုနီ၊ (သခင်) ကိုယ်တော်မှိုင်း၊ ကိုးကန့်လူမျိုး၊ ကိုးကန့်ဒီမိုကရေစီနှင့် စည်းလုံးညီညွတ်ရေးပါတီ၊ ကုန်းဘောင်မင်းဆက်၊ ကူကီး၊ ကူမင် တန်၊ ကုသိုလ်၊ ကုသိုလ်တော်ဘုရား၊ ကျိုက်၊ ကျန်စစ်သား၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကြီး၊ ကျော်သူ၊ (ဦး)ကြည်မောင်၊ ကျားဖြူပါတီ၊ ကျောင်းသားလှုပ်ရှားမှု(၁၉၉၆)၊ ကျွန်းသစ်၊ ကုန်သွယ်ရေးဌာနအဖြစ်အပျက်၊ (ဗမာပြည်မှ) ကုလသမဂ္ဂ အဖွဲ့အစည်းများတို့ပါဝင်ပါတယ်။

(ခ) မှာတော့ ခွဲရေးကို ဆန့်ကျင်သောအဖွဲ့ကြီး၊ ချစ်တီးများ၊ ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတိုးတက်ရေး ပါတီ၊ ချင်းပြည်နယ်၊ ချင်းဒစ်၊ ချင်းတွင်းမြစ်၊ ချင်းတို့မြေ၊ ချင်း၊ ခြင်္သေ့)၊ (ဗမာပြည်မှ သန်းကြွယ်သူဌေးများ) ခရိုနီကြီးများ၊ ခေတ်(သမိုင်း)၊ ခါကာဘိုရာဇီ၊ (ဒေါ်)ခင်ကြည်၊ (ဒေါ်) ခင်မျိုးချစ်၊ ခင်ညွှန့်၊ ခွန်ဆာ၊ ခွန်ဆန်တုန့်ဟုန်းတို့ပါဝင်ပါတယ်။

(ဂ) ဂဠုန်(ငှက်)၊ (ဦး) ဂမ္ဘီရ၊ ဂန္ဒီကြေညာချက်၊ ဂျီစီဘီအေအသင်းကြီး၊ ဂုတ်ထိပ်တံတားကြီး၊ ဂေါက်၊ ဗိုလ်ချုပ် (ဂွမ်မော်)၊ ဂေါ်ရခါး၊ (ဗမာပြည်မှ) ဂျူးများ၊ ဂျပ်ဆင်၊ ဂီတ(ရိုးရာနှင့် ခေတ်ပေါ်)၊ ဂဏာန်းဗေဒင်၊ ဂျော့အိုဝယ်၊တို့ပါဝင် ပါတယ်။

(င) ငဇင်ကာ(ဖီလစ်ဒီဗရစ်တို)၊ ငွေကြေးလဲလှယ်မှု၊ ငွေစက္ကူများဖျက်သိမ်းမှု၊ (မြန်မာ့)ငလျင်များ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတို့ပါဝင်ပါတယ်။

(စ) စစ်တွေ၊ (ကရင်ခေါင်းဆောင်ကြီး) စံစီဖိုး၊ စစ်ရုံးချုပ်၊ စစ်ထောက်လှမ်းရေးဦးစီးဌာန၊ စီးပွားရေးနှင့်စီးပွား ရေး ပေါ်လစီ( မဆလခေတ်)၊ စီးပွားရေးနှင့်စီးပွားရေးပေါ်လစီ(ဖွဲ့စည်းပုံအခြေခံဥပဒေကာလ)၊ စီးပွားရေးနှင့် စီးပွားရေးပေါ်လ စီ(စစ်အစိုးရခေတ်)၊ စစ်ထောက်လှမ်းရေး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းအစုလိုက်အပြုံလိုက်လူသတ်မှု၊ စစ်ကိုင်းတိုင်း၊ (ဦး)စန်းယု၊ စီးပွားရေးပိတ်ဆို့ပြစ်ဒဏ်ပေးခြင်း၊ (ဂဠုန်ဦး)စော၊ (ဗိုလ်ချုပ်ကြီး) စောမောင်၊ စော်ဘွား၊ (ဆရာ)စံတော်လှန်ရေး၊ (ဂျိမ်း ဂျော့)စကော့၊ (ဦး)စိန်လွင်၊ (ဦး) စိန်ဝင်း၊ စစ်တောင်းမြစ်၊ စစ်တွေမြို့၊ စစ်ဝန်ထမ်းတပ်၊ (ဗိုလ်ချုပ်) စလင်း၊ စမစ်ဒွန်း၊ (သ ခင်)စိုး၊ စိုးဝင်း၊ စုဖုရားလတ်၊ (နော်)စီဖိုးရာစိန်တို့ပါဝင်ပါတယ်။

(ဆ) (ဗြိတိသျှနှင့်)ဆက်ဆံရေး၊ (ဗမာပြည်ကိုလိုနီခေတ်)ဆင်ဆာဖြတ်တောက်မှု၊ (ဗမာပြည်စစ်အစိုးရခေတ်) ဆင်ဆာဖြတ်တောက်မှု၊ (ဗမာနိုင်ငံ)ဆည်မြောင်းစီမံကိန်း၊ ဆင်ဖြူတော်၊ (ဗမာ့)ဆင်၊ (ဥရောပသမဂ္ဂEUနှင့်) ဆက်ဆံရေး၊ (ဂျာမဏီနိုင်ငံနှင့်) ဆက်ဆံရေး၊ (အိန္ဒိယနိုင်ငံနှင့်) ဆက်ဆံရေး၊ (ဂျပန်နိုင်ငံနှင့်) ဆက်ဆံရေး၊ ဂျပန်လုပ်ရပ်၊ (မြောက်ကိုရီး ယားနှင့်)ဆက်ဆံရေး၊ (နန်းတော်ရှေ့)ဆရာတင်၊ ဆီးဂရင်း၊ ဆဲဗင်းဂျူလိုင်အရေးအခင်း၊ (စင်္ကာပူနှင့်)ဆက်ဆံရေး (န၀တ /နအဖခေတ်)၊ ဆင်းရဲသားပါတီ၊ ဆူဘတ်ချဒရာ့ဘိုစ့်၊ ဆူးလေဘုရား၊ (ကာနယ်)ဆူဇူကီး၊ (အမေရိကန်-မြန်မာ) ဆက်ဆံ ရေးတို့ပါဝင်ပါတယ်။

(ဇ) ဇာတကပုံပြင်များ၊ ဇာဂနာ၊ (ဆရာ)ဇော်ဂျီ၊ ဇော်ဂျီ(၀ိဇ္ဇာ)၊ ဇေဘာဒီ၊ ဇိုမီးကွန်ဂရက်ဒီမိုကရေစီပါတီ၊ ဇိုမစ်၊ ဇွဲကပင်တောင်တို့ပါဝင်တယ်။

(ည) ညောင်ရွှေမြို့

(တ) တပ်မတော်(လေ)၊ တရုတ်-ဗမာ အဓိကရုဏ်း၊ တပ်မတော်၊ တရုတ်-ဗမာဆက်ဆံရေး၊ တရုတ်-ဗမာ ဆက် ဆံရေးသမိုင်း၊ တရုတ်မြန်မာဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ တပ်မတော်အကယ်ဒမီ(ဒီအက်စ်အေ)၊ တိုင်းရင်းသား ရေးရာ ၀န်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၊ တစ်နိုင်ငံလုံးအတိုင်း အတာ ကိစ္စ ရပ်သဘောတူညီချက် (အန်စီအေ)၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့၊ တပ်မတော်(နေဗီ)၊ တရုတ်-ဗမာကပြားများ၊ တပင်ရွှေထီး၊ တာချီလိတ် မြို့၊ တောင်ကြီးမြို့၊တော်စိန်ကို၊ တနင်္သာရီတိုင်း၊ (အမ်အိုင်မျက်မှန်ကြီး)တင်ဦး၊ (အတွင်းရေးမှူး-၂) တင်ဦး၊ (ဗိုလ်မှူး ချုပ်) တင်ဖေ၊ (ဦး)တင်ဦး(အန်အယ်ဒီ)၊ တောင်ငူမြို့၊ တောင်ငူမင်းဆက်တို့ပါဝင်ပါတယ်။

ဒီနေရာမှာ စာမျက်နှာအခက်ခဲကြောင့် စာအုပ်တအုပ်လုံးထဲပါဝင်တဲ့ အက္ခရာစဉ်အကုန်ဖော်ပြဖို့ မလွယ်ပါဘူး။ စာမျက်နှာ ၆၀၀နီးပါးကို က-မှ အအထိ အက္ခရာစဉ်လိုက်ရော သမိုင်းကြောင်းအရရော မဖြစ်မနေပါဝင်သင့်တဲ့ အကြောင်း အရာများပါဝင် တယ်လို့ပဲ ကနဦးစကားဆိုလိုက်ရပါတယ်။

ပါဝင်တဲ့ အကြောင်းအရာများကတော့ သူ့ကျွန်ဘ၀စတင်ကျရောက်နေသော အချိန်ကာလ(၁၈၂၄) ဗမာမင်း ဆက်များမှ ခရစ်နှစ် ၂၀၁၇ အတွင်း လူပုဂ္ဂိုလ်၊ အဖြစ်အပျက်၊ တိုင်းရင်းသားရေးရာ၊ ယဉ်ကျေးမှုဓလေ့များကို မူရင်းပြုစုသူ စာအုပ် ရေးသားပြီး စီးသည်အထိ ပါဝင်ပါတယ်။

ဒီနေရာမှာ နိုင်ငံရေးနှင့်ပတ်သက်တဲ့ ၈၈၈၈အရေးတော်ပုံ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးအခင်း ခေါင်းစဉ်ငယ် ဖြင့်ပြု စုထားမှုကို ကောက်နုတ်ဖော်ပြချင်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးအခင်း ။ ။ “တပ်မတော်သည်(၈-၈-၈၈)နေ့ကတည်းက ဆန္ဒပြနေကြသော ပြည်သူလူထုကို ရက်ရက်စက်စက်ပစ်ခတ်ပြီး လူစုခွဲနေသည်။ ရန်ကုန်ဆေးရုံကြီးတွင် သေနတ်ဒဏ်ရာရသူများကိုလည်း ကုသရန် ဆေးဝါးလည်း လုံလောက်စွာ မရှိတော့ပေ။ ဆေးရုံကြမ်းပြင်တွင် ဖြစ်သလို လှဲအိပ်နေကြရသည်။ မိသားစုများက အော်ဟစ်ငိုနေကြသည်။ သေဆုံးသွားသူများကိုလည်း ဖြစ်သလိုယူသွားကြသည်။ လမ်းမှာလည်း တွေ့ရာလူကို ပစ်ခတ်နေ သည်။ ထို့ကြောင့်ဆေးရုံဆရာဝန်ကြီးများမှ စပြီး သူနာပြုများအထိ လက်မှတ်ရေးထိုးပြီး တောင်းဆိုချက်တစ်ရပ်ထုတ်ပြန် ခဲ့သည်။

‘တပ်မတော်သို့ပန်ကြားပါသည်။ တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ ပြည်သူလူထု၏ သားများသာဖြစ်သည်။ စစ်အာဏာရှင်တို့က ပစ်မိန့်ပေးတိုင်း မပစ်ပါနဲ့၊ ကိုယ်ပိုင်အသိဖြင့် စဉ်းစားချင့်ချိန်ဆုံးဖြတ်ပါ”ဟု စာ တမ်းများထောင်ပြီး ဟန့်တားကြသည်။ စစ်ကားကြီးရောက်လာသောအခါ သတိပေးတောင်းပန်စာများထောင်ပြီး ဆရာ ၀န်၊ ဆရာမများ၊ သူနာပြုများက အော်ဟစ်တောင်းဆို ဟန့်တားခဲ့သည်။ သို့သော် မရပါ။ စစ်သားများက သေနတ်ဖြင့် ပစ် ခတ် ရာ ဆရာဝန်များ၊ ဆရာဝန်မကြီးများကို ဦးစားပေးပြီး ထွက်ပြေးစေသော်လည်း သူနာပြုဆရာမများ ထိခိုက်ဒဏ်ရာ ရပြီး သေဆုံးခဲ့ကြသည်။ ကျန်းမာရေးဝန်ကြီးနှင့် ရန်ကုန်ဆေးရုံအုပ်ကြီးများ ရာထူးတာဝန်မှနုတ်ထွက်လိုက်ကြသည်။” လို့ ဖော် ပြထားပါတယ်။

အနှစ်ချုပ်ဆိုရရင် မြန်မာ့သမိုင်းအဘိဓာန်လို့ဆိုထားသောကြောင့် အကြောင်းအရာအတော်များများ ပါဝင်တာ တွေ့ရပါတယ်။ သို့သော်လည်း ပြီးပြည့်စုံသော အဘိဓာန်ဆိုတာကလည်း မရှိတာကြောင့် ကျန်ရစ်ကောင်းကျန်ရစ်မယ့် နောင်တချိန် ပြန်ဖြည့်စွက်ရမယ့်အရာများလည်း ရှိပါလိမ့်မယ်။ ရှိလိမ့်မယ်ဆိုတာက စာအုပ်ပြုစုသူဟာ မြန်မာနိုင်ငံ သား မဟုတ်တာက တကြောင်း၊ အဘိဓာန်လိုစာအုပ်မျိုးဟာ အဖွဲ့အစည်းနဲ့ပြုစုလုပ်ဆောင်တာတောင်မှ အတော်ကြိုးစား ဆောင်ရွက်ရတာလို့သိထားတာကြောင့်ဖြစ်ပါတယ်။

မူရင်းရေးသူကိုယ်တိုင်လည်း စာအုပ်အကြောင်းဟုဆိုကာ “တချို့သောစကားလုံးများမှာ စာတမ်းတစ်စောင်ပြုစု လောက်သော အဖြစ်အပျက်အကြောင်းအရာများဖြစ်၍ ဤစာအုပ်တွင်ဖော်ပြသော အကျဉ်းမျှလောက်နှင့် မပြည့်စုံနိုင်ပေ။ အဘိဓာန်သဘောပြုစုရပြီး စုံလင်စွာဖော်ပြနိုင်ရန်အတွက်သာ အကျဉ်းမျှဖော်ပြနိုင်ပေသည်။ ဤသို့သော စာအုပ်မျိုးမှာ မြန်မာပညာရှင်အစုအဖွဲ့တစ်ခုဖြင့် အချိန်ယူပြုစုသင့်သော စာအုပ်မျိုးဖြစ်သော်လည်း ထိုသို့ပြုစုရန် အခက်အခဲပေါင်းများ စွာရှိသဖြင့် စာဖတ်သူများအနေဖြင့် သစ်မရခင် ၀ါးပေါင်းကူနိုင်ရန်ဤစာအုပ်ကို အားထုတ်ပြုစုလိုက်ရခြင်းဖြစ်ပါ သည်။”လို့ စာအုပ်အစမှာ ရေးသားထားပါတယ်။

မည်သို့ဆိုစေ မြန်မာ့သမိုင်းကို နိုင်ငံခြားသားတဦးက ပြုစုထားပေမယ့် စာအုပ်ရေးသားထားတဲ့ ရည်ရွယ်ချက်နဲ့ စေတနာကိုတော့ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ မြန်မာ့သမိုင်းအတွက် အဘိဓာန်စစ်စစ်တအုပ်လို သဘောမထားနိုင်ရင် တောင် ကိုးကားစရာ၊ လေ့လာစရာ သမိုင်းဆိုင်ရာစာအုပ်ကောင်းတအုပ်ဖြစ်တယ်ဆိုတာကတော့ ညွှန်းဆိုလိုက်ရပါတယ်။

စာရေးသူ- DONALD M. SEEKINS
ဘာသာပြန်ဆိုသူ- ကိုကိုလေး
စာအုပ်အမည်- HISTORICAL DICTIIONARY OF BURMA(MYANMAR)
မြန်မာ့သမိုင်းအဘိဓာန်
အမျိုးအစား- နိုင်ငံရေး
ထုတ်ဝေသည့်ခုနှစ်- ၂၀၁၉၊ ဖေဖော်ဝါရီ
ထုတ်ဝေသည့်တိုက်- ယဉ်မျိုးစာပေ
တန်ဖိုး- ၁၃၀၀၀ ကျပ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts