ကဗျာ

တင်လတ်ကို ● တချောင်းမြင်

တင်လတ်ကို ● တချောင်းမြင်
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉

နှစ်ချောင်းမြင်နဲ့
တချောင်းမြင်က ညီအကို။

နှစ်ချောင်းမြင်က
နှစ်ချောင်းမြင်ပြီး
တချောင်းမြင်က
တချောင်းပဲမြင်လို့
တချောင်းမြင်လို့ ခေါ်တွင်ကျတယ်။

တချောင်းမြင်က
သူ့အကိုလို မဟုတ်ဘူး
လမ်းလျှောက်ရင်းတောင်း ဆော့သွားတာ
လမ်းလျှောက်တော့ ဘာဖြစ်
မိုင်နင်းမိတယ်။

မိုင်းနင်းမိတော့
ထုံးစံဘာဖြစ်။

တချောင်းမြင်က
သူ့ရှိတဲ့ ခြေထောက်တဖက် မပြတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts