စာစုတို

လူနှင်းချို (မတ္တရာ) ● ဆေးလိပ်​​ကြောင်

လူနှင်းချို (မတ္တရာ) ● ဆေးလိပ်​​ကြောင်
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၈


ခိုင်​လုံသည့်​ အ​ကြောင်းပြချက်​မရှိ။ န​ဝေတိမ်​​တောင်​နှင့်​ ​သောက်​တတ်​သွားသည်​ပဲ ဆိုရမည်​။ ​ယောင်​​ချာချာကြီးဖြစ်​​နေ၍ ဒီ​ဆေးလိပ်​​သောက်​တတ်​သွားရသည့်​ အဖြစ်​က ကိုယ်​တ​ယောက်​တည်းမဟုတ်။ ​ငါသူတပါး​ယောက်ျား မိန်းမ အကုန်​။ သည်​လိုပဲ ​ယောင်​ချာချာ​ဆေးလိပ်​ခဲတတ်​သွားကြသည်​က များသည်​။ တ​နေ့ဆေးလိပ်​​​ကြောင်​ဖြစ်​ရမည်​လို့ ဘယ်​သူကများ သန္နိဋ္ဌာန်​ချမည်​နည်း။ ​ယောင်​ကန်းကန်းနှင့်သာ ​​အ​ကြောင်​ဘဝ​ ​ရောက်​သွားရသည်​။

ဖေ​ဖေက​တော့ တကျပ်​ဖိုး သုံးလိပ်​နှင့်​ ဆုံးပါး သွားရှာပြီ။ အစ်​ကိုကြီးက​​ရော။ ​မေ​မေ့ဆီ ခုထိ​ဆေးလိပ်​ဖိုး ​တောင်း​နေတုန်း။ အသက်​က ငါးဆယ်​စွန်းပြီ။  အရက်​​ကြောင်​,​ကြောင်​သည်​ကို ​ပျောက်​​အောင်​ကု​ပေးပြီးတာ​တောင်​ ​ကြောင်​​နေတုန်း။ ​ဆေး လိပ်​​ကြောင်​။ မနက်​ဆို ​​ရောက်​ချလာပြီ။ ​မေ​မေ​ဆေးလိပ်​ဖိုး​ပေးဦး။ ​နေ့လယ်​လည်းမနားဘူး​။ ည​နေလည်းတ​ခေါက်​လာ တာလည်း ဒီ​​ဆေးလိပ်ဖိုးပဲ။ ​ဆေးလိပ်​​ကြောင်​ကို လူ​တွေ မရိပ်​စားမိသလိုမျိုးပဲ။ ​မေ​မေလည်း မရိပ်​စားမိ။ တကယ်​​တော့ အစ်​ကိုကြီးက အရက်​​ကြောင်​ပြီး​တော့ ​ဆေးလိပ်​​ပါ ဆက်​​ကြောင်​​နေခြင်းဖြစ်သည်​။ လူ​တောထဲ ကိုယ်​​ယောင်​​ဖျောက်​နိုင်​လွန်း သည့်​ ​ဆေးလိပ်​​ကြောင်​။ လူ​တွေအမြင်​မှာ မထင်​​ပေါ်လှသည့်​ ​ဆေးလိပ်​​ကြောင်​။

မေ​မေ​တောင်​ သူ့သားကြီးကို အရက်​​ကြောင်​ဘဝကလွတ်​​​တော့ ဝမ်းသာမဆုံးစွာ ​ဆေးလိပ်​ဖိုး မညည်းမညူ​ပေး​နေသည်​။ ​ဆေးလိပ်​​ကြောင်​ကြီးကလည်းသူ့ ကိုယ်​ကိုယ်​ ​ဆေးလိပ်​​ကြောင်​မှန်းမသိ။ မနက်​အိပ်​ယာထက​နေ ည​ဟောက်​သံထွက်​မှ မီးခိုးတိတ်​သည်​အထိ၊၊​ကြောင်​ချက်​နာလှသည်​။ ဒီအ​ကြောင်​မျိုးနှင့်​ဆို​ခြောက်​​ပေတွင်းထဲမြန်​မြန်​သွားရနိုင်​သည်​ကို ​မေ​မေ လည်း မသိ။ သူကိုယ်​တိုင်​လည်း မသိ။ ​မေ​​မေ့သားကြီး ​ဆေးလိပ်​​ကြောင်​ ထပ်​​ကြောင်​​နေတာ​လို့ ​ပြော​တော့ ​မေ​မေကရယ်​ ​နေသည်​။ သူကလည်း ​​မေ​​မေနှင့်​​​ရောယောင် လိုက်ရယ်​နလိုက်​​သေး။ ရယ်​ရင်းတဟွတ်​ဟွတ်​က တွဲပါ​နေသည်​။ ချွဲသလိပ်​က မနက်​​စော​​​စောမှမဟုတ်​​​တော့။ အဟမ်းအဟမ်းနှင့်​။ စကားသုံး​​လေးခွန်းဆို အဟွတ်အဟမ်းကလည်း သုံးလေးကြိမ်။ ​အစ်​ကိုကြီး​ဆေးလိပ်​​ကြောင်​က ​တော်​​တော်​ဆိုး​နေပြီ။

သူငယ်​ချင်း​မောင်​ဦးကျ တမျိုး။ ဗွီဒီယိုကြည့်​ရင်း​ဒွေးစတိုင်​ ကြိုက်​သွားသည်​။ ​ဆေးလိပ်​က အဓိကမဟုတ်​။ ​ဒွေးစတိုင်​သာ ပဓာန။ ​​ဒွေး ​ဆေးလိပ်​ခဲပုံက ဟန်ပါလွန်းလှသည်။ ​​​ဒွေးစတိုင်​နှင့်​ ​ဆေးလိပ်​ခဲရင်း​ဆေးလိပ်​က လူကိုခဲသွားသည်​။ ​ဒွေးဆုံးသွား​​​တော့ ​ဒွေး​စတိုင်​လည်း နိဂုံးချုပ်​သွားသည်​။ ​မောင်​ဦးလက်​ကြားက​​ဆေးလိပ်​က​တော့ နိဂုံးမချုပ်​နိုင်​​တော့။ အ​ငွေ့တလူလူနှင့်​ စတိုင်​မိ​နေသည်​။ ​ဒွေး​ကြောင်​​ မောင်​ဦးတယောက်​ ​ဆေးလိပ်​ပါ ဆက်​​ကြောင်​​နေခဲ့သည်​။

တက္ကသိုလ်​ပထမနှစ်​။ ​ရွှေဒူးယားတဗူး တစ်ရာ။ ​မနက်​​စော​စော ငူ​ငေါင်​​နေသည့်​အချိန်​။ ကျူရှင်​မယူ​တော့ သွားစရာလည်း မရှိ။ စာလည်းမကျက်​ချင်​။ သူက ​ဒွေးစတိုင်​နှင့်​ ခဲ​နေသည်​။ ပြတင်း​ပေါက်​ကို ​ငေးရီရင်း မာန်​ပါပါမှုတ်​ထုတ်​​နေသည့်​ သူ့မီးခိုး​တွေက လှ​နေသည်​။ ငါ့လည်းတစ်လိပ်​​​ပေးသမ်းကွာဆိုပြီး ငူ​ငေါင်​ခြင်းကို တိုက်​ခိုက်​လိုက်​သည်​။ မနက်​တိုင်း မငူ​ငေါင်​​တော့။  ​ကြောင်​​တော့ကြောင်​သွားသည်​။ ​​ဆေးလိပ်​​ကြောင်​။ ​​မောင်​ဦးက သူ့စတိုင်နှင့်သူ။ ​​ကိုယ်​က ​ဆေးလိပ်​​ကြောင်​စတိုင်​သက်​သက်​။

အစ်​ကို​ဝေပုံလည်း မထူးလှ။ သူက ကိုးတန်း​လောက်​ကတည်းက ခိုးခိုး​ကြောင်​​နေတာ။ ​မေ​မေသိရင်​ အတွယ်​ခံရသည်​။ ​ဒါလည်း  ​မေ​မေ့ကွယ်​ရာ ဆက်​​ကြောင်​​နေတုန်း။ ခုချိန်​ထိ။ သူ့သမီး​တောင်​ ဆယ်​တန်း​ရောက်​​တော့မည်​။ သူ့​ဆေးလိပ်​​ကြောင်​သက်​က နှစ်​အစိတ်​​တောင်​​ကျော်​​​ရော့မည်​။ တစက်​က​လေးမှမ​လျှော့။ သူလာလျှင်​ မီးခိုး​ခေါင်းတိုင်​ကြီး ကိုယ့်​နား လာထိုင်​​နေတာနှင့်​ တူသည်​။ ​​​မေ​မေကလည်း ငယ်ငယ်ကလို ​​မတွယ်​​တော့။ ပထမနှစ်​တုန်းက သူ​​ရော ဝဏ္ဏ​​ရောပါသည်​။ ​​လေး​ယောက်​သား မနက်​ထပြီဆို ​ရွှေဒူးယားဗူး​လေးဆီ အလုအယက်​။ တလိပ်​တည်းကျန်​လျှင်​​တော့ ထိုဒူးယား မသက်​သာ။ ပါးစပ်​​လေးေ​ပါက်​​ကြောင့်​နားချိန်မရနိုင်​​တော့။ ဘယ်​​လောက်​များ မိုက်​မဲခဲ့သည့်​ င​ကြောင်​များပါနည်း။ 

အ​ကြောင်​​မျိုးစုံကို လူ​တွေသိသည်​။ လက်​ခံသည်​။ အရက်​​ကြောင်​။ ​ဆေး​ကြောင်​။ ဦး​နှောက်​​ကြောင်​ စသည်​ဖြင့်​ လူ​တွေ ဆဝါးမိကြသည်​။ အ​​​ကြောင်​​ပျောက်​ဖို့​တောင်​ ဆေးရုံ ​ဆေးခန်းပို့ကြသည်​။ ထိုအ​ကြောင်​များကိုသာ လူ​တွေက ​အ​ကြောင်​ဟု အသိမှတ်​ပြုပုံရသည်​။ ​ဆေးလိပ်​​ကြောင်​ကိုကျ လူ​တွေ ရိပ်​မိပုံမရ။ တရွာသားလုံး​​ကြောင်​၊ တမြို့သားလုံး​​ကြောင်​​နေသည့် ဆေးလိပ်​ကြောင်​ကို​​လူ​တွေအ​လေးဂရုမပြုတာ ​တော်​​တော်​ဆိုးသည်​။ တကယ်​​တော့ တကမ္ဘာလုံး​ကြောင်​​နေသည့်​ ဒီ​ဆေး လိပ်​​ကြောင်​ကို အ​လေးနက်​ထားဖို့​ကောင်းသည်​။ အမျိုးသား​ရေးလှုံ့ဆော်​မှုတရပ်​အ​နေနှင့်​ ​ဆေးလိပ်​​ကြောင်​ကို အသိ​ပေးဖို့ လို​နေသည်​။

တတိယကမ္ဘာစစ်​ကို လူ​တွေ မရိပ်​မိ။ တတိယကမ္ဘာစစ်​ဆိုသည်​မှာ နိုင်​ငံအချင်းချင်း အားပြိုင်​မှုမဟုတ်​။ နည်းပညာတိုက်​ပွဲမဟုတ်​။ နယူကလီယာ စစ်​ပွဲလည်းမဟုတ်​။ ​ဆေးလိပ်​က ကမ္ဘာပတ်​၍ ပြာချ​နေခြင်းကို ဆိုလိုသည်​။ လူ​တွေ တတိယ ကမ္ဘာစစ်​ကို အဓိပ္ပါယ်​မ​ကောက်​တတ်​။ တတိယကမ္ဘာစစ်​ဖြစ်​​နေသည်​မှာ ကြာပြီ။ ပြာဖြစ်​သွားသူများလည်း မနည်းမ​နောရှိပြီ။

အ​ငွေ့တလူလူနှင့်​ ​ဆေးလိပ်​​ကြောင်​။ ကိုယ့်စည်းစိမ်ကို ကိုယ်တိုင်မီးရှို့​​နေသည့်​ ​ဆေးလိပ်​​ကြောင်​။  ​​​​​ကိုယ့်​ကိုယ်​ကိုယ်​ မီးရှို့​နေသည့်​ ​ဆေးလိပ်​​ကြောင်​။ အရည်​မရ အဖတ်​မရ ​ဆေးလိပ်​​ကြောင်​။ ​ယုတ်စွအဆုံး ကြိုက်​လှပါတယ်​ဆိုသည့်​အ​ငွေ့​တောင်​ ကိုယ်အပိုင်​​မရသည့်​ ​ဆေးလိပ်​​ကြောင်​။ အ​ငွေ့ထဲကဘယ်​အရာကများ ​ဆေးလိပ်​​ကြောင်​များကို ဖမ်းစားထားပါသနည်း။

အလွန်​​တော်​သည့်​ ခွဲစိပ်​ဆရာဝန်​ကြီး ​ဒေါက်​တာမြင့်​ထူးလည်း ဆုံသွားရှာပြီ။  ​ဆေးရုံအုပ်​ကြီး​က​တော်​​တော်​ နှ​​​​မြောစရာ။ မြို့ မှာ တ​ခေတ်​ဆန်း​အောင်​​တော်​တာ။ သူကိုယ့်​မြို့ကျကတည်းက ကိုယ့်​မြို့​ဆေးရုံလည်း ဟိုးဟိုး​ကျော်​သွား​တော့တာ။ သူ ကိုယ်​တိုင်​ ခွဲစိပ်​တာချည်းပဲ။ မ​အောင်​မြင်​တာ မရှိ။ ဘယ်​မြို့ကြီးပြကြီးမှ လွှဲစရာလည်းမလို။ ​စေတနာကလည်း အ​တော်​ထားတာ။ နိုး အသပြာဆိုသည့်​ရှားပါး ဆရာဝန်​ကြီး။

ဆရာကြီး​တွေ့လိုက်​ရရင်​ နားကြပ်​ကိုသိုင်းထားလျက်​။ လန်​ဒန်​ဗူးက လက်​ထဲကမချ။ လူနာခန်း​တွေ တခန်းပြီးတခန်း ​ရောင်း လှည့်​ရင်​​တောင်​ လန်​ဒန်​ကို ပါးစပ်​ထဲ ခဲထား​သေးတာ။ လူနာ့ရင်​ဘတ်​​ပေါ် နားကြပ်​စမ်းပြီဆိုတာ​တောင်​ ပါးစပ်​မှာ လန်​ဒန်​က ခဲလျက်​ကြီး။ ဘာမှ​ပြောစရာမရှိ​​အောင်​တော်​သည့်​ ဆရာဝန်​ကြီး။ မြို့က​လေးရဲ့အချစ်​​တော်​ ဆရာဝန်​ကြီး။ ထိုဆရာဝန်​ကြီးလည်း​ဆေးလိပ်​​ကြောင်​,​ကြောင်​​သွားရသည်​။ ဆရာဝန်​ကြီးဆုံးပါးသွား​တော့ မြို့က​လေးနစ်​နာသလို တိုင်းပြည်​ကလည်း ဝန်​ထမ်းေ​ကာင်းကြီးကို ဆုံရှုံးလိုက်ရ​​သည်​။

မသိနိုးနား​ကြောင်​​နေသည့်​ ဒီ​ဆေးလိပ်​​ကြောင်​ကို အ​ကြောင်​အဖြစ်​သတ်​မှတ်​ပစ်​လိုက်​ဖို့ ​ကောင်းသည်​။ ဟုန်းဟုန်း​လောင်​လျှင်​ ထိုမီးကိုငြှိမ်းသက်​ဖို့ ထင်​သာမြင်​သာရှိ​သေးသည်​။ ဝိုင်းအုံငြှိမ်းလိုက်​ကြမည်​သာ။ ဖွဲမီးလိုတအုံ​နွေး​နွေးကျ မီးအဖြစ်​မ​ကြောက်​။ အန္တရာယ်​အကြီးစားအဖြစ်​ ဘယ်​သူမှမထင်​စား။ တရိပ်​ရိပ်​ပြာဖြစ်​​အောင်​​လောင်​သွား​တော့မှ ငိုကြီးချက်​မလုပ်​ကြသည်​။ တကယ်​​တော့ ဖွဲမီးက ငြှ်ိမ်းရတာ မခက်​။ အပူလည်း ဟပ်​စရာမရှိ။ ​စေ့​စေ့စပ်​စပ်​က​လေး​တော့ ငြှိမ်းဖို့လိုသည်​။

ဆေးလိပ်​​ကြောင်​ကလည်း ဖွဲမီးနှင့်​တူသည်​။ အန္တရာယ်​ကြီးအဖြစ်​ မမြင်​နိုင်​ခြင်းကိုက အန္တရာယ်​ကြီးလွန်း​နေသည်​။ သူငယ်​ချင်း​နေယု အရက်​​ကြောင်​တုန်းကလို  ထင်​ရာမြင်​ရာ​တွေလည်းမ​ပြော။ ငါ့ကို လူ​တွေလိုက်​​နေပြီ လိုက်​​နေပြီလိုလည်း မ​အော်။ ဟို​ကောင်​ငါ့ကိုသတ်​​တော့မှာ ငါ့ကယ်​ပါဦးလို့လည်း က​ယောင်ေ​ချာက်​ချားမဖြစ်​။ အတည်​​ပေါက်​ ယဉ်​ယဉ်​​လေး​ကြောင်​​နေသည့်​ ​ဆေးလိပ်​​​ကြောင်​။ ဖွဲမီးလို ခန္ဓာတခုလုံးပြာဖြစ်​​အောင်​ ပြာချပစ်​မည့်​ ​ဆေးလိပ်​​ကြောင်​။ မျက်​နှာစိမ်း သူခိုး အကြီးစား လိုပိရိလွန်းသည့်​ ​ဆေးလိပ်​​ကြောင်​။ အဆုတ်​တခုလုံး ဖြုတ်​ခိုးသွားမှ ချုံးပွဲချငိုရသည့်​ ​ဆေးလိပ်​​ကြောင်​။

ကိုယ်​လည်း ​ပထမနှစ်​တက်​ကတည်း​ကြောင်​ခဲ့​တော့ ထပ်​မ​ကြောင်​ချင်​​တော့။ ​ကြောင်​ရမှာ ခပ်​​ကြောက်​​ကြောက်​ဖြစ်​​နေမိ သည်​။ ​ဆေးလိပ်​​ကြောင်​တုန်းက ​တော်​​တော်​ဆိုးဆိုး။ ​မနက်​အိပ်​ယာထ နှုတ်​ခမ်းပတ်​ပတ်​လည်​ ချဉ်​ချဉ်​စူးစူးနှင့်​။ အိပ်​ယာ​အောက်​ အတိုရှာရတာလည်း အ​မော။ ​ကျောင်းသား​တွေမြင်​မှာလည်း စိုးရိမ်​ရ​သေး။ ဆရာက အတိုရှာ​နေတာ​တွေ့သွားလျှင်​ အတန်းထဲ ဒင်းတို့ကိုဆိုဆုံးမဖို့ ခက်​မှာ။ ဆယ်​တန်းဆိုတာက အကုန်​​ကြောင်​ချင်​​နေကြတာ။ အ​ကြောင်​ကု​ဋေကဋာကို ကိုယ်​က ထိန်းချုပ်​​နေရတာ။ ကိုယ်​တိုင်​ ​ဆေးလိပ်​​ကြောင်​ဆို​တော့ လူမိလို့မဖြစ်​။ ခိုး​ကြောင်​​နေရသည့်​ ​ဆေးလိပ်​​ကြောင်​ဘဝ​တော်​​​တော်​ဆိုဆိုးကို ပြန်​မ​ရောက်​ချင်​​တော့။

ပြန်​​တွေးကြည့်​ရင်​​ ကိုယ့်​​​ဆေးလိပ်​​ကြောင်​ဘဝ ဆိုးတာမှ​တော်​​တော်​ဆိုးတာ။ ​​ဗြောင်​လည်း ​ကြောင်​မရ။ မ​ကြောင်​ဘဲလည်း မ​နေနိုင်​။ ​နေ့လည်​ထမင်းစားပြီးချိန်​ဆရာ​နား​နေခန်းထဲ​ရောက်​ပြီဆို ပါးစပ်​က ရွစိတက်​​နေပြီ။ ​​ကြောင်​စရာကမရှိ။ ပါးစပ်​ထဲ သံပရာရည်​​ရေတံခွန်​ကြီးစီးကျ​နေသလို ချဉ်​​နေတာ။ အခန်းဆီ​ပြေးယူ​တော့လည်းမရှိ။ အခန်းထဲ ကြိုကြိုကြားကြားအနှံ့ရှာ​တော့လည်းမ​​တွေ့။ အခန်းအပြင်​ထွက်​ပြီး မြက်ဖုတ်ထဲ​​ကိုယ်​တိုင်​လွှင့်​ပစ်​ထားသည့်​ အတိုရှာ​တော့လည်း မလွယ်​။ ဆရာဘာ​​ပျောက်​​နေတာလဲ၊ သားတို့ကူရှာ​ပေးမယ်​၊သမီးတို့ကူရှာ​ပေးမယ်​​တွေက​နေ မလွတ်​။ တပည့်​​တွေကို ဟိုလိုလို ဒီလိုလို ​ပြ​န်​​ဖြေရတာ​တွေကလည်း ကြာ​တော့ရှက်​​​တောင်​လာသည်​။ ​အတို​တွေ့​တော့လည်း လက်​နဲ့အသာအုပ်​။ ဒင်းတို့အလစ်​ အခန်းထဲ​ပြေးဖွာ။ အတိုကုန်​​တော့ ခပ်​တည်​တည်​နှုတ်​ခမ်းသပ်​ပြီး ပြန်​ထွက်​။ ​ဆေးလိပ်​​ကြောင်ဘ​ဝက​ ​တော်​​တော်​ဆိုးဆိုးပါ​ပေ။

ဘက်​စ်​ကား​ပေါ် ဒရိုက်​ဘာ ​ဆေးလိပ်​​​ကြောင်​​တော့ ခရီးသည်​​တွေ ​အသက်​ရှူကြပ်​ အ​နေခက်​ရသည်​။ ထိုစဉ်​က ကိုယ်​က လည်းခရီးသည်​။ ​ကြောင်​​သောသူ၏အ​တွေးအ​ခေါ်သည်​ reasonable မဖြစ်​။ ကိုယ်အ​​ကြောင်​​ဖြေဖို့သာ​တွေးသည်​။ ပတ်​ဝန်းကျင်​ကို အ​လေးဂရုမပြု။ ဆိုးသွမ်းလှသည့်​ ဒရိုက်​ဘာကို ထရိုက်​ပစ်​လိုက်​ချင်သည်​။ ကိုယ်​​ဆေးလိပ်​​ကြောင်​တုန်းက လည်း န​ဘေးကလူ​တွေ ​တော်​​တော်​အ​နေဆိုးမည်​ကို​တွေးမိရင်း ​အတိတ်​ကိုအားနာမိလိုက်​သည်​။

ကိုယ်​​ကြောင်​ခဲ့၍ ကိုယ့်​​မျက်​စိ​ရှေ့​ဆေးလိပ်​​ကြောင်​သူ​တွေ့လျှင်​ ကိုယ်​ချင်းစာခွင့်​လွှတ်​ရမည်​လား။ ခွင့်​လွှတ်ဖို့ မဖြစ်​နိုင်​။ ကိုယ်​​ကြောင်​ခဲ့တာ ကိုယ့်​အမှား။ သူ​ကြောင်​တာ သူ့အမှားသာဖြစ်​သည်​။ ​ဆေးလိပ်​ကြောင်​အချင်းချင်း စာနာနားလည်​​နေ လျှင်​ ကမ္ဘာကြီးတခုလုံး မီးခိုးအူ​နေ​တော့မည်​။ ​ဆေးလိပ်​​ကြောင်​သူကို တတ်​နိုင်​သည့်​နည်းနှင့်​ ​ခြေထိုးပစ်​အပ်​သည်​။ ခဲလက်​စ ​ဆေးလိပ်​ ပြုတ်​ထွက်​သွား​အောင်​ ​ဒေါက်​ဖြုတ်​အပ်​သည်​။ မိတ်​ပျက်​ ​ဆွေပျက်​လျှင်​လည်း ပျက်​​တော့။ ဘဝမပျက်​ဖို့က ပိုအ​ရေးကြီးသည်​။

တော်​​သေးသည်​။ အစ်​ကိုရင်းတမျှချစ်​ခင်​ရသည့်​စက်​ရှင်​တရားသူကြီး ​ဆေးလိပ်​မ​ကြောင်​​တော့။ သူနှင့်​နှစ်​​ယောက်​တည်း သုံးနှစ်ေ​လာက်​အတူ​နေခဲ့​​တော့ သူ​​ကြောင်​တာ​တွေ မျက်​လုံးထဲကမထွက်​။ ​ရှေ့ပိုင်း နှစ်​,နှစ်​​လောက်​က သူ ​ဆေးလိပ်​​ကြောင်​​နေခဲ့တာ။ ​သေဒဏ်​ထိချနိုင်​တဲ့ ပါဝါဒီဂရီကြီးနှင့်​ တရားခွင်​တက်​လျှင် ​အဟမ်း အဟမ်းကြီးနှင့်​က မကိုက်​​သေး။ ပါဝါ ပြတဲ့အဟမ်းမဟုတ်​ဘဲ​ဆေးလိပ်​​ကြောင်​ကရတဲ့ အဟမ်းဆိုတာ တရားခံ​တွေ​ရှေ့​နေ​တွေမသိ​​သော်​လည်း သူ့ရုံးခန်းထဲ အလည်​​ရောက်​​နေသည့်​ ကိုယ်​ကသိသည်​။ အိပ်​​တော့ကြလည်း သုံးမီတာ​လောက်​​ဝေးတဲ့ သူ့အခန်းဆီက တဟွတ်​ဟွတ်​နှင့်။ ​နောက်​​တော့ ဖြစ်​ချင်​ရာဖြစ်​ ​ဆေးလိပ်​မ​ကြောင်​ဖို့ ဇွတ်​​ပြောရ​တော့သည်​။ ​အေးပါကွာ ​အေးပါကွာနှင့်​။ ​ကြောင်​လျက်​ ဟွတ်​လျက်​က​နေ ခု​တော့ ​ဆေးလိပ်​​ကြောင်​ဘဝ နိဋ္ဌိတံသွားသည်​။ စက်​ရှင်​တရားသူကြီးက ​ဆေးလိပ်​ကိုပါ​သေဒဏ်​​ပေး လိုက်​နိုင်​လို့ ​တော်​​သေးသည်​။

ကင်​ဆာကို အိမ်​​မွေးတိရစ္ဆာန်​နာမည်​မှတ်​​နေကြသည်​လား မသိ။ ကင်​ဆာကို ​ဖော်​​ဖော်​​ရွေ​ရွေ ကမ်းလင့်​​နေကြသူများမှာ ​လျှော့မသွား။ တိုး​၍​နေသည်​။ လမ်း​ပေါ်​မှာ ​ဆေးလိပ်​​ကြောင်​​နေသည့်​ လူငယ်​နှင့်​။ တံတား​ပေါ်မှာ ထိုင်​​နေကြသည့်​လူငယ်​များကလည်း ​ဆေးလိပ်​တဖက်​ သီချင်းတဖက်​နှင့်​။ ကိုယ့်​ရည်းစားကိုယ်​​တောင်​ ​ဆေးလိပ်​​ကြောင်​မဖြစ်​ဖို့ မတတ်​နိုင်​​တော့ သည့်​​ခေတ်​။

ကျောင်းမှာ ​ကျောင်းသားလူငယ်​​တွေ ​ကြောင်​ကြသည်​။ ရုံးမှာ ၊ဌာနာဆိုင်​ရာ​တွေမှာ အဆင်​​ပြေသလို​ကြောင်​​နေကြသည်​။ ​နေရာစုံ လူမျိုးစုံ  ရာထူးစုံ ​အ​ကြောင်​တူ​နေကြသည်​မှာ ​ဆေးလိပ်​​ကြောင်​ပဲဖြစ်​သည်​။

အရွယ်​မ​ရွေး​ကြောင်​​နေကြသည့်​ ဒီ​ဆေးလိပ်​။ ​ဆေးလိပ်​​ကြောင်​ဘဝများနှင့်​ ဘာကိုရင်​ဆိုင်​မည်​နည်း။ ဘယ်​ကို ရင်​​ဘောင်​တန်းမည်​နည်း။ တမျိုးသားလုံးနှင့်​သက်​ဆိုင်​သည့်​ အ​ရေးကိစ္စ။ ​ပေါ့၍မဖြစ်​။ ​ပျော့၍မဖြစ်​။ တိကျထိ​ရောက်​စွာ ပြဋ္ဌာန်းသင့်​ သည့်​ ​ဆေးလိပ်​​ကြောင်​ကင်းစင်​​ရေး အသက်ဝင်​​ဥပ​ဒေ။ တိုင်းပြည်​ကို ပန်းနာရင်​ကျပ်​မဖြစ်​​အောင်​ တွန်း​နေရချိန်​။ မျက်​တွင်း​ ဟောက်​ပက်​များနှင့်​တွန်း​နေလျှင်​​တော့ သမိုင်းနိဂုံးချုပ်​သွားလိမ့်​မည်​။ ​ဆေးလိပ်​​ကြောင်​အ​ရေအတွက်​ တ​နေ့တခြားများ​​နေလျှင်​ တိုင်းပြည်​ပါ​ကြောင်​သွားနိုင်​သည်​။

နိုင်​ငံခြားသတင်းတခုဖတ်​လိုက်​ရသည်​။ အဝလွန်​သူများကို မသန်​စွမ်းသူများအဖြစ်​သတ်​မှတ်​မည်​ဆိုသည့်​သတင်း။ ထိုစဉ်​က အဝလွန်​​နေသူ​တွေ ​စွေ့​စွေ့ခုန်​သွားကြသည်​။ ဘာဆိုင်​လို့ ဒီလိုသတ်​မှတ်​မှာလဲ ဘာညာနှင့် ​​​တော်​​တော်​ပွဲဆူသွားသည်​။ ကိုယ်​ကိုယ်​တိုင်​က မီတာတရာ​ ​လောက်​​တောင်​ ​ပေါ့​ပေါ့ပါးပါး ​ပြေးမပြနိုင်​​တော့။ ​ခြေကျိုး​နေသူနှင့်​ မခြား​တော့။ သို့​သော်​ မသန်​စွမ်းအဖြစ်သတ်​မှတ်​မည်​ကို​တော့ ခါးခါးသီးသီး။

ထိုနည်းအတိုင်း ​ဆေးလိပ်​​ကြောင်​သူများကိုလည်း အ​ကြောင်​စာရင်းသွင်းရမလို။ အရက်​​ကြောင်​၊ ​ဆေး​ကြောင်​၊ဦး​နှောက်​​ကြောင်​သူများ ​ဆေးရုံ​ဆေးခန်းပို့၍ ပြန်​လည်​ထူ​ထောင်​​ရေးလုပ်​ရသည်​။ အတည်​​ပေါက်​​ကြောင်​​နေကြသည့်​ ​ဆေးလိပ်​​ကြောင်​များကိုလည်း ဒီအတိုင်းမထားသင့်​​တော့။ သူ့အ​ကြောင်​ကို သူရိပ်​မိ​အောင်​လုပ်​ရမည်​။  အသက်​ရှည်​​အောင်​ ဥပ​ဒေနှင့်​ နာနာရိုက်​သင့်​သည်​။ ကင်​ဆာတ​စ္ဆေထွက်​​ပြေး​အောင်​ ဥပ​ဒေသံပုံး နာနာထုသင့်​သည်​။

တော်​​တော်​ဆိုးသည့်​ ​ဆေးလိပ်​​ကြောင်​ပါ​​ပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts