ကဗျာ သစ်ကောင်းအိမ်

သစ်ကောင်းအိမ် ● တကယ်က မီးပွိုင့်မှာ သွန်ချပစ်ခဲ့ရမယ့်မိုးသားတွေ

သစ်ကောင်းအိမ် ● တကယ်က မီးပွိုင့်မှာ သွန်ချပစ်ခဲ့ရမယ့်မိုးသားတွေ
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၉

ကွင်းကျယ်ရင် ကျယ်သလောက်
ဝါးမြို့ဖြန့်ခင်းလေ့ရှိသော မြူနှင်းများ
ပြတင်းကျယ်ရင်ကျယ်သလောက်
ဝင်ရောက်ကြည့်ရှုလေ့ရှိသောရှုခင်းများ
မီးပွိုင့်မှာ
သွန်ချပစ်ခဲ့ရမယ့်မိုးသားတွေ

ကိုယ်တိုင်ဖန်တီးထားတာဆိုတော့
မီးဖိုပေါ်က ဆိတ်သားဟင်းအိုးကိုလည်း စိတ်မချ

ကြက်တူရွေးကို မှားမွေးမိတယ်
မြေခွေးလည်း တေးဆိုသင်မရ

ကြယ်ရောင်တွေဆိုတာလည်း
မီးရောင်တွေအောက်ရောက်ရင်
ပျောက်ကွယ်သွားတတ်တဲ့အရာ

တံမြက်စည်းတချောင်းလို
ရိုကျိုးချင်စိတ်နဲ့
ကားပေါ်က ခွေးဟောင်သံလို
ထောင့်မကျိုးဖြစ်ရ

တော်ပါသေးရဲ့
မီးပုံးပျံဦးကျော်ရင်ပဲရှိပြီး
ရိုက်ဒ်ညီနောင်တွေမရှိလို့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts