အဲဒီတုန်းက Guarding အယ်ဒီတာလုပ်နေသူ တပည့်နဲ့စာပေသမားအချို့တော့ အင်္ဂလိပ်စာလေ့လာပုံမေးကြတယ်။
ဆရာတော်က သူ ဗမာပြည်၊ အိန္ဒိယပြည်မှာပဲအင်္ဂလိပ်စာသင်သွားခဲ့ပေမယ့် အင်္ဂလန်မှာ သင်တန်းတွေဆက်တက်ရပုံ၊ တက်တော့ သဒ္ဒါသင်ပြတာက နည်းနည်း၊ စာပဲအဖတ်ခိုင်းပုံ(ဆရာတော်က Somerset Maugham ဝတ္ထုတွေဖတ်ခဲ့ရပုံပြောပြတာ မှတ်မိနေတယ်) အမိန့်ရှိပါတယ်။
ဒေါ်ခင်မျိုးချစ်ကစာဖတ်ဖို့လူတိုင်းကိုတိုက်တွန်းပြီး၊ သူ့ဆီလာတွေ့ပြီး အင်္ဂလိပ်စာမေးချင်တဲ့တက္ကသိုလ်ကျောင်းသူကလေးတွေက စားပွဲပေါ်ချပေးထားတဲ့ မဂ
္ဂဇင်းတွေထဲက ဗမာမဂ္ဂဇင်း ကိုပဲကိုင်ကြည့်ပြီးအင်္ဂလိပ်မဂ္ဂဇင်းကို လက်ဖျားနဲ့တောင်မတို့ လို့ ဆူရပုံပြောပြဖူးတယ်။ ဦးဝင်းဖေကလည်း မိမိတို့အင်္ဂလိပ်စာတတ်နေတာ ကျောင်းမှာသင်တာက နည်းနည်း၊ အပြင်မှာ ကိုယ့်ဘာသာစာဖတ်လို့တတ်နေတာ ဖြစ်ကြောင်း အင်္ဂလိပ်စာလေ့လာမှုအကြောင်း စကားစပ်မိကြစဉ်ပြောဖူးတယ်။ဒါဖြင့် သဒ္ဒါကို အခြေခံဘယ်လောက်တတ်ရမှာလဲ။ ဒီနေရာမှာလည်း Guarding အယ်ဒီတာကို ဆရာတော် ဦးသေဋ္ဌိလမိန့်ကြားထားတာကိုပဲ ပြန်လည်ကိုး ကားရရင် “အင်္ဂလိပ်စာတတ်ချင်ရင် အရင်ဆုံး Articles တတ်ပါစေ။ ဘုန်းကြီး ဗမာပြည်ပြန်ရောက်တော့ ဘုန်းကြီးဆီဒကာကြီးတချို့ သူတို့ရေးတဲ့အင်္ဂလိပ်စာ aတွ လာပြMကတယ်ကွာ။ Articles ကို မသုံးတတ်ကြတာတွေ့ရတယ်။ ခေါင်းစဉ်ကိုက The Buddhism တဲ့။ နောက်က modify လည်းလုပ်မထားဘဲနဲ့၊ ဘာthe ထည့် ရသလဲ။ အဲသလောက်ကို မသိတာ” တဲ့။
ကျွန်တော့်သဒ္ဒါညီလာခံမှာ မေးကြတာတွေကြည့်လည်း သိနိုင်တယ်။ ဒါကြောင့် ကျွန်တော် အင်္ဂလိပ်သဒ္ဒါစာအုပ်ရေးရင် (ဥပမာ- English the Easy Way) ပထမအခန်းဟာ article ပဲ။ နောက် verb ။
ကျွန်တော့် အခြေခံသင်တန်းမှာလည်း စစချင်း articles တလ သင်လိုက်တယ်။ ပြီးနောက် နှစ်လ tenses of verb ပါပဲ။
ဒါ အင်္ဂလိပ်စကားတတ်ဖို့ အခြေခံလိုအပ်ချက်နှစ်ခုပါပဲ။ တွဲရက်ဖတ်စာကလေးဖတ်ကာ Preposition တို့ adjective တို့ adverb တို့ ပြသွားတယ်။ ဒါကိုတော့ အခြေခံတတ်ရမယ့်သဒ္ဒါလို့ပြောလိုက်ရပေမယ့် ဒါကိုလည်း အတန်းထဲဟောပြောသင်ပြရုံနဲ့မရသေးပါ။ သဒ္ဒါစာအုပ်ဖတ်ပြီး မှတ်ရုံနဲ့မရသေးပါ။ လက် တွေ့ ပြောနေသုံးနေမှ ပိုသဘောပေါက်တာ၊ ကျွမ်းသွားတာ။ ကိုယ်က အင်္ဂလိပ်စကားပြောတဲ့တိုင်းပြည်မှာနေတာမဟုတ်တော့ ရေဒီယိုနားထောင်၊ ရုပ်ရှင်ကြည့်၊ စာဖတ်၊ ဒါပဲတတ်နိုင်တာ။ ရေဒီယို၊ ရုပ်ရှင်က နည်းနည်းကရိကထများတယ်ဆိုနိုင်တော့၊ အလွယ်ဆုံးနဲ့အကောင်းဆုံးက စာဖတ်တာပဲ ဖြစ်တော့တယ်။
ဒါကြောင့် အခြေခံသဒ္ဒါတတ်ဖို့လည်း စာဖတ်ရတယ် ” လို့ပြောဆိုထားပါတယ်