ကဗျာ မြန်မာပြည်တွင်း

သားဦး – ဝမ်းသာစရာ

ဝမ်းသာစရာ
သားဦး
(မိုးမခ) စက်တင်ဘာ ၁၇

ရွာလမ်းတလျှောက်
ဟိုဒီလွန်းထိုးရင်း
ရေထမ်းထင်းခွေ
ကြုံရာလုပ်စားနေရတဲ့မိဘမဲ့ကလေး
ကားကြိတ်ဆုံးတော့
တရွာလုံးစုပ်တသပ်သပ်နဲ့ငြီးကြတယ်
ဝမ်းသာစရာပါ
သူ့ခင်ဗျာဝဋ်ကျွတ်ရှာတာတဲ့
ရွာစဉ်တရိုး
တံတားထိုးလမ်းဖောက်
စပါးအထွက်တိုးအောင်လုပ်ခဲ့တဲ့
ငါတို့သူကြီးကိုတော့
ဘယ်သေမင်းမှမခေါ်သေးဘူးတဲ့
ဝမ်းသာစရာပါဗျာ ။

၁၀ ၇ ၁၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts