ကြော်ငြာကဏ္ဍ မြန်မာပြည်တွင်း

အလယ်ရိုးမကဗျာဆရာများ – ” မြစ်” ကဗျာ/အနုပညာမဂ္ဂဇင်းအမှတ်(၂) အစီအစဉ်ကြေညာ

မြစ်”  ကဗျာ/အနုပညာမဂ္ဂဇင်းအမှတ်(၂) အစီအစဉ်ကြေညာ

အလယ်ရိုးမကဗျာဆရာများ၏ စီစဉ်မှုဖြင့် “မြစ်´´ ကဗျာ/အနုပညာမဂ္ဂဇင်းအမှတ် (၁)ကို ၂၀၁၇ ခုနှစ် မတ်လ (၂၁)ရက်နေ့ (ကမ္ဘာ့ကဗျာနေ့) တွင် စီစဉ်ထုတ်လုပ် ဖြန့်ချိခဲ့ပါသည်။
ယခု “မြစ်´´ ကဗျာ/အနုပညာမဂ္ဂဇင်းအမှတ်(၂)ကို ၂၀၁၉ ခုနှစ် မတ်လ (၂၁)ရက်နေ့ (ကမ္ဘာ့ကဗျာနေ့) အမီထုတ်လုပ်ဖြန့်ချိနိုင်ရန် အလယ်ရိုးမကဗျာဆရာများအဖွဲ့မှ စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။


ကဗျာ / ကဗျာရှည် / အက်ဆေး / ကဗျာဆိုင်ရာတို့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍
middleyomapoetry@gmail.com သို့လည်းကောင်း….

မိုးကျော်အောင်

ဆုသစ် စတိုး

ဦးဘွားလမ်းl
ဦးမင်းဒင်ရပ်

ပျဉ်းမနားမြို့။


အိုအောင်

တိုက် (၁၅၀)

အခန်း (၃၃) ၄လွှာ

ခရေအိမ်ယာ ပညာသိဒ္ဓိရပ်ကွက်

ဇဗ္ဗူသီရိမြို့နယ်
နေပြည်တော်
…  တို့သို့ လိပ်မူ၍ စာတိုက်မှသော်လည်းကောင်း ၊ စာမူများ ပေးပို့နိုင်ကြပါသည်။
စာတည်းအဖွဲ့၏ ရွေးချယ်ထားသည့်စာမူများစာရင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ယခု မြစ် facebook page မှတဆင့် ဖော်ပြကြေညာပေးသွားမည် ဖြစ်ပါသည်။

“မြစ်´´ကဗျာ/အနုပညာမဂ္ဂဇင်း စုစည်းဖွဲ့စည်းမှု

နာယက
– မောင်သင်းခိုင်| မောင်ကြူးရင့်| ဇော်ဝင်းကို

တာဝန်ခံစာတည်း
– မိုးကျော်အောင်| အိုအောင်

စာတည်းအဖွဲ့
– လှိုင်းထက်| အောင်နှင်းသစ်|
ညီဗလ| ဇော်ထိန်| ဆောင်းချစ်ငြိမ်| သွေးဦး

စီမံထုတ်လုပ်
– ကိုရွှေလင်း

ပန်းချီတာဝန်ခံ
– ပန်းချီဝင်းတင့်

ဂီတတာဝန်ခံ
– သိန်းဌေးအောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts