လူများ၊ ရုပ်ပုံလွှာများ ဖြစ်ရပ်များ၊ အမှတ်တရများ

အိုစိုး – နှစ်​ ၃၀မုန်​တိုင်းထဲက ရှင်​သန်​​နေတဲ့ သစ်​ပင်​ (သို့မဟုတ်​)

 


အိုစိုး – နှစ်​ ၃၀မုန်​တိုင်းထဲက ရှင်​သန်​​နေတဲ့ သစ်​ပင်​ (သို့မဟုတ်​) သက်​ဝင်း​အောင်​စာကြည့်​တိုက်
( ၈၈ နှစ်​ ၃၀ အမှတ်​တရ)
(မိုးမခ) သြဂုတ် ၆၊ ၂၀၁၈

(သူ့ဖေ့စ်ဘွတ်က ကူးယူပါတယ်)
အတိတ်
လွန်​ခဲ့တဲ့ နှစ်​ ၃၀ က အဖြုအစိမ်း ​ကျောင်းသား​လေး​တွေဟာ ခုချိန်​မှာ ၄၀​ကျော်​အရွယ်​​တွေဖြစ်​​လို့​နေ​ပါပြီ၊ဒါ​ပေမယ့်​ တစ်​နှစ်​တစ်​ခါ ၈ရက်​ ၈လဆိုတဲ့အသံကြားတိုင်း ​ကျောင်းသားက​လေး​တွေ​လို တက်​ကြွပြီး
အတိတ်​ဆီပြန်​ပြန်​ရောက်​သွားတတ်​တာ နှစ်​တိုင်းပါဘဲဆရာ​နေလင်း​အောင်​(LCCI) အင်​တာဗျုးတစ်​ခုမှာ ​ပြောခဲ့သလို ၈၈ကို ​ချေ​ဂွေးဗားရား၊ ဖူးချစ်​၊ အ​တွေးအမြင်​ စတဲ့  စာအုပ်​မျိုး​တွေဖတ်​တဲ့ ​ကျောင်းသား​တွေက ဦး​ဆောင်​ခဲ့ကြတယ်​ဆိုတာ​လေး ပြန်​သတိရမိပါတယ်​ ဘာစာမှမဖတ်​ ဘာ​လေ့လာမှုမှမရှိဘဲ နိုင်​ငံ​ရေးကို ဦး​ဆောင်​လိုမရသလို ဘာမှမသိတဲ့သူ​တွေ ဦး​ဆောင်​ခဲ့လို့လည်း နိုင်​ငံဟာ ချွတ်​ခြုံကြခဲ့ရတာပါ။

၈၈ အလွန်​ကာလ​တွေဟာ နိုင်​ငံ​ရေးစာအုပ်​​တွေဖတ်​ဖို့ဆိုတာ ရှာ​ဖွေရတာမလွယ်​ကူသလို ဝယ်​ဖတ်​ဖို့ဆိုတာလည်း ​ကျောင်းသားအရွယ်​​တွေဖြစ်​တဲ့အတွက်​ မဝယ်​နိုင်​ သူငယ်​ချင်းအကို​တွေ အ​ဖေ​တွေစုထားတဲ့စာအုပ်​​တွေကို အိမ်​သွားလည်​ရင်းငှား၊အချင်းချင်းလဲဖတ်​ နဲ့ဖြတ်​သန်းခဲ့ကြရတဲ့ လူငယ်​ဘဝဟာလည်းလွမ်းစရာပါ

ကျောက်​​မြောင်းထဲ ၈၉ ​လောက်​မှာ ​ယောနသံဆိုပြီး နိုင်​ငံ​ရေးစိတ်​ဝင်​စားတဲ့လူငယ်​​တွေက စုပြီး မိမိတို့စု​ဆောင်းထားတဲ့စာအုပ်​​တွေ (နိုင်​ငံ​ရေး နဲ့ ဘာသာပြန်​ စာအုပ်​​တွေများပါတယ်​ ) ငှါး​​ပေးတာက အစပြုပြီး ​​စာကြည့်​တိုက်​အလုပ်​ကိုစိတ်​ဝင်​စားခဲ့ကြတာပါ

၉၃ ​မှာ​တော့ ဗဂျီအိမ်​ဆိုပြီး ကျွန်​​တော်​တို့ဆုံစည်းရာ စာအုပ်​အငှါးဆိုင်​​လေးဖွင့်​ဖြစ်​ခဲ့ကြသလို အဲ့နှစ်​မှာဘဲ သက်​ဝင်း​အောင်​နဲ့အမှတ်​တရဖြစ်​​စေမဲ့ စာ​ပေ​ဟော​ပြောပွဲ​လေးကို ပိုစ့်​စကဒ်​​ရောင်းပြီး လုပ်​ဖြစ်​ခဲ့ကြပါတယ်​ ဆရာဦး​အောင်​သင်းနဲ့ ဆရာ​ဖေမြင့်​တို့ ​ဟော​ပြောခဲ့ကြတဲ့ပွဲမှာ မဝသ ဥက္ကဌ က စကားတက်​​ပြောလို့ဆိုပြီး ​ချေ​ဂွေးဗားရားခ​ရေစီ သက်​ဝင်း​အောင်​က ရန်​သူနဲ့ပူး​ပေါင်းရ​ကောင်းလားလို့​ပြောကာ ပွဲမှာမီးဖြတ်မယ်​​လုပ်​လို့ ရန်​ဖြစ်​ခဲ့ကြရတာ​လေးကလည်း တကယ့်​အမှတ်​တရပါ

လူငယ်​ဆိုတာ ​ဒေါသထွက်​မယ်​ ​ပေါက်​ကွဲမယ်​ ထင်​ရာလုပ်​မယ်​ ဒါ​ပေမယ့်​ မတရားတာ​တွေရင်​ငြိမ်​ခံမ​နေဘူး ပိုက်​ဆံအတွက်​မဟုတ်​တာမလုပ်​ဘူးဆိုတဲ့အမြင်​ဟာ ကျွန်​​တော်​တို့မျိုးဆက်​​တွေမှာ ​တွေ့ခဲ့ရသလို ရဲ​ဘော်​ရဲဘက်​စိတ်​နဲ့​နေထိုင်​ခဲ့ကြတာ​တွေဟာ ​အောင့်​​မေ့သတိရစရာအဖြစ်​ရှိ​နေအုန်းမှာဖြစ်​ပါတယ်​။

ကျွန်​​တော်​တို့ဖတ်​ခဲ့တဲ့စာ​တွေ၊သိခဲ့တဲ့အသိ​တွေဟာ ဒီ​နေ့အထိကျွန်​​တော်​တို့ဘဝကိုရိုက်​ခတ်​​နေသလို လက်​ထဲမှာစာအုပ်​​လေးကိုင်​ကိုင်​လာတတ်​တဲ့ ကိုသက်​ဝင်း​အောင်​ဟာလည်း ​သေဆုံးသွား​ပေမယ့်​(၂၀၀၆ မန္တ​လေးအိုးဘို​ထောင်​အတွင်းကျဆုံး) သူ့နာမည်​နဲ့စာကြည့်​တိုက်​​လေး ၁၂.၁၂.၂၀၁၂ မှစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ် ၊ရန်​ကုန်​တိုင်း​ဒေသကြီး၊တာ​မွေမြို့နယ်​၊​ကျောက်​​မြောင်း၊၁၀၆​အောင်​မင်္ဂလာလမ်းမှာဖွင့်​လှစ်​ထားတဲ့ကိုသက်​ဝင်း​အောင်​အထိမ်းအမှတ်​စာကြည့်​တိုက်​ဟာ မြန်​မာနိုင်​ငံမှာ ​၈​၈ဖြတ်​သန်းခဲ့ကြသူတွေထဲမှာ တစ်​ခုတည်း​သော ​ကျောင်းသားနံမည်​နဲ့ဖွင့်လှစ်နိုင်ခဲ့တဲ့စာကြည့်​တိုက် ​လေးတစ်​ခုဖြစ်​ပါတယ်​။

ပစ္စုန်​ပ္ပန်
သက်​ဝင်း​အောင်​စာကြည့်​တိုက်​အ​နေနဲ့လက်​ရှိနိုင်​ငံ​ရေးစာ​ပေကိုအဓိကထားငှါး​ပေး​တာပါ၊ကျောင်းသားသမဂ္ဂက ​ကျောင်းသား​တွေ ၊က​လေးလူငယ်​ လူကြီးအရွယ်​မ​ရွေးဖတ်​နိုင်​​အောင်​ စာအုပ်​စာတမ်းအစုံစု​ဆောင်း ငှါး​ပေး​နေတဲ့အပြင်​ ပြီးခဲ့တဲ့လပိုင်းက အ​မေရိကန်​က Ph.D ဘွဲ့အတွက်​ စာတမ်းလုပ်​​ဆောင်​​နေတဲ့ ဗီယက်​နမ်​​ကျောင်းသူ​လေးတစ်​​ယောက်​ကို ကူညီ​ပေးခဲ့ရပါ​သေးတယ်​ လက်​ရှိလည်းစာတမ်းပြုစုလိုသူ ၊စာအုပ်​မိုဘိုင်းငှါး​ပေးလိုသူ​တွေအတွက်​ အားကိုးစရာစာကြည့်​တိုက်​တစ်​ခုဖြစ်​ပါတယ်​။

အနာဂတ်
စာကြည့်​တိုက်​​အ​နေနဲ့ကိုယ်​ပိုင်​​နေရာ မရှိ​သေးတဲ့အတွက်​ ကိုသက်​ဝင်း​အောင်​ကိုချစ်​သူများ၊ အကသ သူငယ်​ချင်းများက စု​ပေါင်းအခန်းငှါးပြီး လုပ်​​ဆောင်​​နေကြရတာပါ တကယ်​​တော့ ၈၈ ရဲ့နှစ်​ ၃၀ပြည့်​အလွန်​မှာ နိုင်​ငံ​ရေးစာ​ပေ​တွေကို လူငယ်​​တွေစိတ်​ဝင်​စားလာ​အောင်​ ​ကျောင်းသား ဝင်​ထွက်​သွားလာစရာ​နေရာတစ်​ခုဖြစ်​လာ​အောင်​ ၈၈ ကိုတမ်းတရုံမဟုတ်​ဘဲ လူထုအတွက်​ မျက်​စီဖွင့်​​ပေးတဲ့​နေရာ​လေးဖြစ်​လာဖို့ ဝိုင်းဝန်းလုပ်​​ဆောင်​ကြ​စေချင်​မိပါတယ်​။

လက်​ရှိစာကြည့်​တိုက်​​လေးဟာ မြန်​မာနိုင်​ငံအနှံကစာကြည့်​တိုက်​​တွေအားထားရာ က​လေး လူငယ်​ လူကြီးပါအားကိုးရတဲ့ စာကြည့်​တိုက်​​တ​ခုအဖြစ် ​ရှင်​သန်​​နေတဲ့အတွက်​ နှစ်​ ၃၀ မုန်​တိုင်းထဲက ရှင်​သန်​​နေ​သော သစ်​ပင်​လို့ တင်​စားလိုက်​တာပါ ၈၈ အလွန်​ နိုင်​ငံ​ရေး​လောကဓံ ခံစားခဲ့ရတဲ့ သက်​ဝင်း​အောင်​သာရှိ​နေ​သေးရင်​ ဒီ​နေ့​ခေတ်​နိုင်​ငံ​ရေးအ​ခြေအ​​နေကို ဘယ်​လိုသုံးသပ်​မလည်းဆိုတာ စဉ်းစားရင်း ၈၈ နှစ်​ ၃၀ အမှတ်​တရ ​ရေးသားလိုက်​ရပါတယ်​။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts