စာအုပ်စင် မောင်တူး

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

 

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ 
(မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈

ခေါင်းစဉ် – သက်ရှိပန်းချီ (ကျောင်းသားတပ်မတော်နဲ့ DVB သတင်းထောက်ဘ၀ ဖြတ်သန်းမှု ပုံရိပ်များ)
စာရေးသူ – မောင်တူး
ထုတ်ဝေ – မိုးမခစာပေ၊ ရန်ကုန်။
ပုံနှိပ် – ဗမာ့အမျိုးသမီးပုံနှိပ်တိုက်၊ ဒေါပုံ၊ ရန်ကုန်။
ဖြန့်ချိရေး – ဆိပ်ကမ်းသာစာပေ၊ ဆိုင် ၁၃၊ ၃၈လမ်း၊ ပလာဇာဈေးသစ်၊ ရန်ကုန်၊
ဖုံး – ၀၉-၇၈၆-၈၃၇-၃၀၅, ၀၉-၉၆၃-၆၉၉-၈၃၆
တန်ဖိုး – ၂၅၀၀
အုပ်ရေ – ၅၀၀
စာမျက်နှာ ၁၅၉၊ ဆိုင် ၁၃.၇ × ၂၀.၉ စင်တီ

မိုးမခရဲ့ ပင်တိုင်စာရေးဆရာ၊ DVB သတင်းထောက်၊ ABSDF ရဲဘော်တဦးဖြစ်တဲ့ မောင်တူးရဲ့ သူဖြတ်သန်းခဲ့စဉ် တွေ့ရှိခံစားရတဲ့ ဘ၀ရုပ်ပုံလွှာတွေကို သက်ရှိပန်းချီအဖြစ် ရေးဖွဲ့ထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကြီးကို ဖြတ်သန်းနေကြရတဲ့ မြန်မာတိုင်းရင်းသားတွေ လှုပ်ရှားရဲရင့် စွန့်လွှတ်ကြသူတွေကို မှတ်တမ်းရေးထိုး အလေးပြုထားတဲ့စာတွေဆိုလည်း မှားမယ် မထင်ပါ။


သူကတော့ သတင်းကြေညာတဲ့အခါ ‘ကျနော် မောင်တူးပါ’ လို့ ပြောလေ့ရှိပါတယ်။ လေလှိုင်းသံကနေ သူ့သတင်းတင်ပြချက်ကို စောင့်မျှော်နားထောင်ကြရသူတွေက သူ့ကို သိကြမှာပါ။ စာရေးတော့လည်း ‘မောင်တူး’ လို့သာ ကလောင်အမည်ထိုးထားပါတယ်။ ကျနော်တို့ကတော့ ဒီမိုကရေစီခရီးကြမ်း ဖြတ်သန်းကြသူတွေကို ဂုဏ်ယူစွာနဲ့ – ရဲဘော်မောင်တူး – လို့ ခေါ်လိုက်ချင်ပါတယ်။ သူရေးတဲ့ သက်ရှိပန်းချီတွေထဲမှာ သူ့ရဲဘော်တွေကို သူကိုယ်တိုင်ကလည်း ‘ရဲဘော်’ လို့ မော်ကွန်းတင်ပြီး ဂုဏ်ပြုရေးသားထားပါတယ်။

ရဲဘော် တိုက်မောင်း၊ ရဲဘော် ၀လုံး၊ ရဲဘော် ဇာဇာ၊ ရဲဘော် ဆန်းလင်း၊ ရဲဘော် ကမ်ပူးချား၊ ရဲဘော် ကျော်စွာ၊ ရဲဘော် မောင်မောင်တိတ်၊ ရဲဘော် လှတိုး၊ ရဲဘော် ထွန်းဦး၊ ရဲဘော် ကျော်အဲ့ဖော၊ ရဲဘော် အောင်အောင် စသည်ဖြင့် မှတ်တမ်းထိုး ရေးသားထားသလို စွန့်လွှတ်သူ ဂါရ၀ထိုက်သူများဖြစ်တဲ့ ရန်ကြီးအောင်စိန်ဝင်း၊ ခရမ်းဦးတင်မောင်ဝင်း၊ ဦးတင်မိုး၊ ဆလိုင်းတင်မောင်ဦး၊ မိုင်အိုက်ပန်း စသူတွေကိုလည်း စာပန်းချီ ဖွဲ့ထားပါတယ်။

ဒီမိုကရေစီအရေးတော်ပုံရဲ့ ရဲဘော်တွေအတွက် ရဲဘော်မောင်တူးရဲ့ တတ်စွမ်းတဲ့ ဒေါင့်တနေရာက အားထုတ် ဂုဏ်ပြုမှုကို ကျနော်တို့တွေ အားပေးကြပါစို့ လို့ တိုက်တွန်းလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts