သတင်းပဒေသာ

K ငြိမ်းချမ်း ● မန္တလေး ရေဆေးပန်းချီပြပွဲ ကျုံးဘေးမှာ ကျင်းပနေ

K ငြိမ်းချမ်း ● မန္တလေး ရေဆေးပန်းချီပြပွဲ ကျုံးဘေးမှာ ကျင်းပနေ
(မိုးမခ) မေ ၂၊ ၂၀၁၈

မန္တလေး ရေဆေးပန်းချီအသင်းမှ ဦးစီးကျင်းပတဲ့ (၁၅) ကြိမ်မြောက် ရေဆေးပန်းချီပြပွဲကို မန္တလေးမြို့ ၂၆ လမ်း၊ ၆၆ လမ်း ထောင့် ကျုံးဘေး Public Area မှာ ဧပြီလ ၃၁ ရက်နေ့မှ မေလ ၃ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ကျင်းပ သွားမယ်လို့ သိရပါတယ်။

ရေဆေးပန်းချီပြပွဲ ပြပွဲဖိတ်စာ

ပြပွဲကို ဧပြီလ ၃၀ရက်နေ့ နေ့လယ် ၃နာရီမှာ မန္တလေးမြို့တော်ဝန်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြပွဲကာလအတွင်း နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ မြန်မာ့ရေဆေး ပန်းချီအသင်း ဦးဆောင်သူများဖြစ်ကြတဲ့ ဆရာကြီးဦးဇော်ဝင်း (သစ်ထွင်း)၊ ဆ ရာကြီးဦးမာလာ၊ ဆရာကြီး ဦးခင်မောင်စန်းတို့နှင့်အတူ မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်တို့မှ MWS အသင်းဝင်ပန်းချီဆရာကြီးများ MWS အသင်းဝင်လူငယ် ပန်းချီဆရာများမှ ပုံတူ၊ ပုံတူရုပ်ပြောင်၊ ရှုခင်းပန်းချီကားများကို လက်တွေ့ရေးဆွဲပေး နေကြပါ တယ်။

ဖွင့်ပွဲတွင် မန္တလေး မြို့တော်ဝန်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်

လက်တွေ့ရေးဆွဲပေးနေတဲ့ပန်းချီကားများကိုလည်း တန်ဖိုး အနည်းဆုံး ငါးထောင်ကျပ်၊ တစ်သောင်းကျပ်တန် ပန်းချီကား များအပြင် ရေဆေးပန်းချီဆရာကြီးများ၊ လူငယ်ရေဆေးပန်းချီဆရာများရဲ့လက်ရာများကိုလည်း ကြည့်ရှု အား ပေးနိုင် ကြောင်းလည်း သိရပါတယ်။

ပြပွဲတွင် ပြသထားသည့် ရေဆေးကား

ဓာတ်ပုံ – ပန်းချီ ဦးမာလာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts