တော်လှန်ကဗျာဆရာရဲ့ နောက်ဆုံးခရီး

တော်လှန်ကဗျာဆရာရဲ့ နောက်ဆုံးခရီး
ဓာတ်ပုံ ထွန်းဝင်းငြိမ်း၊ (မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၇

ပိတောက်ပွင့်သစ်အယ်ဒီတာချုပ် ကဗျာဆရာ မောင်စိမ်းနီရဲ့ ဈာပနအခမ်းအနားကို (၃၊ ဖေဖော်ဝါရီ၊  ၂၀၁၇) မွန်းလွဲ ၃ နာရီမှာ ရေဝေးသုသန်မှာ ကျင်းပခဲ့ပြီး မွန်းလွဲ ၄ နာရီမှာ ဂူသွင်းသင်္ဂြုဟ်ခဲ့ပါတယ်။ ဈာပနကို စာပေ၊ အနုပညာ၊ နိုင်ငံရေးအသိုင်းက ပုဂ္ဂိုလ်များနဲ့ ကဗျာဆရာ အများအပြား တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှာ မိသားစုဝင်များ၊ ဆရာမောင်စိမ်းနီနဲ့ ရေးဖော်ရေးဖက်များဖြစ်ကြတဲ့ ဆရာ အောင်ဇင်မင်း၊ သစ္စာနီတို့က အမှတ်တရ၀မ်းနည်း စကားပြောကြားခဲ့ကြပါတယ်။

 

 

မိုဃ်းဇော်၊ စံညိမ်းဦး၊ မောင်ဝေးခေါင် စတဲ့ ကဗျာဆရာများက ကဗျာရွတ်ဆိုခဲ့ ကြပါတယ်။ မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂ၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ အထက်ဗမာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံစာရေးဆရာ အသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကဗျာဆရာများသမဂ္ဂ အစရှိတဲ့ စာပေအနုပညာ၊ လူမှုအဖွဲ့အစည်းများက သ၀ဏ်လွှာဖတ်ကြားခဲ့ကြပါတယ်။

 

 

 

မဂ္ဂဇင်း၊ ဂျာနယ်တိုက်များက အမှတ်တရ ပန်းခြင်းပေးပို့ကြပြီး ကဗျာဆရာ ရင်နီနဲ့  ကဗျာသီချင်းအဖွဲ့သားများက ဂီတဖြင့် ဂါရ၀ပြု နှုတ်ဆက်ကာ ပရိသတ် အများအပြား စည်စည်ကားကား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။