Business Directory

သင်္ကြန်ရက်များကို အဆုံးစွန်လန်းဆန်းစေပြီး ဗောက်လုံးဝရှင်းစေမယ့် CLEAR နှင့်အတူ ဆင်နွှဲကြပါစို့

  သင်္ကြန်ရက်များကို  အဆုံးစွန်လန်းဆန်းစေပြီး

ဗောက်လုံးဝရှင်းစေမယ့် CLEAR နှင့်အတူ ဆင်နွှဲကြပါစို့
(မိုးမခ ကြော်ငြာ) ဧပြီ ၁၄၊ ၂၀၁၆

မြန်မာနိုင်ငံရဲ့ အယ်လ်နီညိုကျရောက်မှုများပြီး အပူချိန်မြင့်မားနေတဲ့ ဒီနွေရာသီမှာ မိမိကိုယ်ကို ဂရုစိုက်ရုံသာမက ဆံသား ကိုလည်း ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒီပြင်းထန်လှတဲ့ အပူချိန်က ကျွနု်ပ်တို့ရဲ့ ဆံကေသာမှာ  အလွယ် တကူ ချွေးထွက် စေနိုင်၊ ပိုမိုအဆီပြန်စေနိုင်ပြီး ယားယံမှုနဲ့ ဗောက်တွေကို ပိုမိုဖြစ်ပေါ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။ ကျွနု်ပ်တို့တွေ ဟာ ဒီသင်္ကြန်အားလပ်ရက်မှာ ပျော်ချင်ရုံသာမကဘဲ ၂၀၁၆ သင်္ကြန်ကို့   အမြဲအမှတ်ရနေစေမယ့် ဓာတ်ပုံတွေရိုက်တဲ့အခါမှာ လည်း အလှဆုံး ယုံကြည်မှုအရှိဆုံးလည်း ဖြစ်နေချင်ကြပါတယ်။

ဆံသားနဲ့ ဦးရေပြားကျွမ်းကျင်ပညာရှင် CLEAR ကလည်း သင်္ကြန်မှာကြုံတွေ့ရတတ်တဲ့ ဗောက်ဖြစ်နိုင်ချေ အများဆုံး အ ကြောင်းအရာများကို စုစည်းတင်ပြထားပါတယ်။

■  နေရောင်ခြည်၊ ချွေးနှင့် အပူဒဏ်များ

• Malassezia globosa လို့ခေါ်တဲ့ ဗောက်ဖြစ်စေတဲ့ ဘက်တီးရီးယားတစ်မျိုးဟာ နေရောင်ခြည်ပူပြင်းပြီး ချွေးထွက်တဲ့အခါ မျိုးမှာ ရှင်သန်မှုအားပိုကောင်းပြီး ဗောက်ပိုထစေနိုင်ပါတယ်။ ဒါဆိုရင်တော့ သင်္ကြန်အတွက် ဆံပင်စတိုင်တွေက ထင်ထား သလောက် လူတွေအလယ်မှာ မ၀င့်ကြွားနိုင်တော့ဘူးပေါ့။

• အပြောင်းအလဲများတဲ့ အပူချိန်ဟာ ဦးရေပြားဆဲလ်တွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် မဏ္ဍပ်ပေါ်မှာပဲ ဖြစ်ဖြစ်၊ ကားနဲ့ လျောက်လည်တဲ့အချိန်မှာဖြစ်ဖြစ် ရန်ကုန်ရဲ့  ပြင်းထန်တဲ့အပူဒဏ်နဲ့ ရေရဲ့အအေးဒဏ်ကို တစ်လှည့်စီခံစားနေရမှာဖြစ်ပါ တယ်။

 

■ အညစ်အကြေး၊ ဖုန် နှင့် ဓာတုဗေဒပစ္စည်းများ
• သင်္ကြန်အချိန်မှာ နေရောင်ခြည်အောက် အချိန်အကြာကြီးရှိနေပြီး လေထုညစ်ညမ်းမှုတွေနဲ့ အချိန်ကြာ တိုက်ရိုက်ထိတွေ့ နေတာတွေက ဦးရေပြားရဲ့  သဘာဝကာကွယ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။  ကာကွယ်နိုင်စွမ်းနည်းလာတာနဲ့အမျှ ဗောက် ဖြစ်နိုင်ချေလည်း ပိုများလာနိုင်ပါတယ်။

• ဖုန်အညစ်အကြေးတွေနဲ့ အဆီတွေက အရေပြားဆဲလ်သေတွေနဲ့ တွေ့တဲ့အခါမှာ အလွှာလိုက်ကွာကျပြီး အဆင်မပြေဖြစ် တတ်ပါတယ်။ ဒါကြောင့် သင်္ကြန်မှာ တစ်နေ့လုံး ရေမြှုပ်တွေနဲ့ကစားပြီး ပြန်လာတဲ့အချိန်မှာ ခေါင်းကို သေချာ လျှော်ပေးဖို့ လိုပါတယ်။

• သင်္ကြန်အချိန်ဟာ ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ မတူကွဲပြားတဲ့ ဆံပင်အရောင်များနဲ့ လွတ်လပ်စွာ ဖော်ပြ ကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ ဦးရေပြားကို စပ်ဖျင်းဖျင်းဖြစ်စေပြီး ခေါင်းယားစေနိုင်တဲ့ ဓာတုဗေဒပစ္စည်းများ ပါဝင်တဲ့ ယာယီဆံပင်ဆိုးဆေးများနဲ့ ခေါင်းလိမ်းဆီများကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

ဒီပြဿနာတွေထဲက အချို့ကတော့ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါကြောင့် သင်္ကြန်မှာ ကျွန်မတို့ရဲ့ ဆံသားတွေကို ကာကွယ်ဖို့နဲ့ ဗောက်လုံးဝရှင်းဖို့ကတော့ ခေါင်းလျှော်မယ့်အချိန်တိုင်းမှာ CLEAR လို ဗောက်ပျောက်ခေါင်းလျှော်ရည်ကို အသုံးပြုဖို့ပါပဲ။

သုတေသနတွေ အရ CLEAR ရဲ့ ပညာရှင်များက ဒီပြဿနာတွေအားလုံးကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းကို ဖန်တီးနိုင်ခဲ့ပါတယ်။ သင့်ရဲ့ ဆံသားကို ဗောက်လုံးဝရှင်းအောင် ထိန်းသိမ်းပေးနိုင်မယ့် နည်းလမ်းကတော့ အအေးဓာတ်ထိန်းသိမ်းဖို့၊ ယားယံမှု သက်သာစေဖို့နဲ့ ဦးရေပြားကာကွယ်မှုအလွှာကို အသက်သွင်းပေးဖို့ဖြစ်ပါတယ်။

Clear ရဲ့  ICE COOL MENTHOL နဲ့ CLEAR MEN (COOL SPORT MENTHOL) SHAMPOO တွေမှာ အဓိကအားဖြင့် ဗိုက်တာမင် ၁၀ မျိုးနဲ့ ဦးရေပြားကို အားဖြည့်ပြီး ဗောက်ထခြင်းကာကွယ်နိုင်မဲ့ သတ္တုပစ္စည်းတွေပေါင်းစပ်ထားတဲ့ Nutrium 10 ပါဝင်ပါတယ်။ Nutrium 10 ဟာ ဦးရေပြားပြဿနာတွေကို ဟန့်တားနိုင်ရုံသာမက ဆံသားကိုလည်း အရင်းကနေ အဖျားအထိ သန်စွမ်းစေပါတယ်။ ဒါကြောင့် Clear နဲ့ဆို သင်္ကြန်မှာ အဆုံးစွန်သောလန်းဆန်းမှုကို ခံစားရရုံသာမက ဆံနွယ် တွေ ဟာလည်း စတိုင်ကျလှပနေမှာ ဖြစ်ပါတယ်။

သင်္ကြန်ရဲ့ အဆုံးစွန်သော လန်းဆန်းမှုကို ခံစားနိုင်ဖို့ကတော့ ဒီနေရာတွေမှာ CLEAR နှင့် အတူဆင်နွှဲလိုက်ပါ။

• ရန်ကုန် –
    ၁) ၁၉ လမ်း၊ တရုတ်တန်း (Skynet မဏ္ဍပ်အနီး)
    ၂) ၇ မိုင်၊ ပြည်လမ်း (VeVe မဏ္ဍပ်အနီး)
• မန္တလေး –
၁) ၂၆ လမ်း၊ ၇၀-၇၁ ကြား
    ၂) အမှတ် ၁၂၊ ဗဟိုလမ်း IC မဏ္ဍပ်အနီး (မန္တလေးမုတ် မြောက်ဘက်)

 

Clear Myanmar Facebook Page တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါသည်။

https://www.facebook.com/Clear-Myanmar-576493995834390/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts