နီဇူလိုင် – “ဒီဇင်ဘာ”

နီဇူလိုင် – “ဒီဇင်ဘာ“

(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၅

ဒီဇင်ဘာ

မင့် နှင်းထုရဲ့  သိပ်သည်းဆထဲမှာ

ချစ်သူချင်းတွေ ထွေးပါစေ

ချစ်သူချင်းတွေ နွေးပါစေ..။

 

ဒီဇင်ဘာ

မင့် နှစ်ဟောင်းရဲ့ နောက်ဆုံးထွက်သက်နဲ့အတူ

 အေးစက်မာကျော…

တရားမဲ့သော မုန်းသူတွေ… ကျဆုံးပါစေ

တရားမဲ့သော မုန်းသူတွေ… ကျဆုံးပါစေ

 တရားမဲ့သော မုန်းသူတွေ… ကျဆုံးပါစေ .

အဝေးဆုံးသို့ … သယ်ဆောင်သွားပါလေ..။

 (၂၅.၁၂.၁၅)