အသက်အကြီးဆုံး ပန်းချီဆရာကြီး ဦးစန်းလှိုင် တစ်ကိုယ်တော်ပြပွဲ ကျင်းပ

အသက်အကြီးဆုံး ပန်းချီဆရာကြီး ဦးစန်းလှိုင် တစ်ကိုယ်တော်ပြပွဲ ကျင်းပ

(အက်စ်ကောင်းမြတ်) မိုးမခ၊ နိုဝင်ဘာ ၂၀၊ ၂၀၁၅

ဂျပန်ခေတ်တွင်  BIA BDA တပ်သားအဖြစ် ဆောင်ရွက်ခဲ့သော လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်)
ပန်းချီစန်းလှိုင် (အသက် ၉၄ နှစ်)၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို Strand  Hotel   ခန်းမတွင်
၂၀၁၅ နိုဝင်ဘာလ ၁၇ မှ ၁၈ ထိ  နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ၂-ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။

ဆရာကြီးသည် စာနယ်ဇင်း သရုပ်ဖေါ်ပန်းချီများသာမက ဆီဆေးပန်းချီကား များစွာကိုလည်း
ရေးဆွဲခဲ့သည်။ယခုပြပွဲတွင် အရွယ်စုံ ဆီဆေးပန်းချီကားချပ်ပေါင်း ၁၃၀ ဝန်းကျင် တွေ့ရသည်။

ဆရာကြီးသည် စာနယ်ဇင်းသရုပ်ဖေါ် ပန်းချီဆရာများနှင့် ဆီဆေးပန်းချီဆရာများတွင် အသက်
အကြီးဆုံးဖြစ်သည်ဟု သီရပါသည်။ ပြပွဲ မကျင်းပမီ ၁-လ အလို ၂၀၁၅ အောက်တိုဘာလတွင်
ရန်ကုန်မြို့တွင်း၌  တစ်ဦးတည်းပင် သွားလာနေခဲ့သော်လည်း ပြပွဲရက်များတွင်မူ ကျန်းမာရေး
ကြောင့်  Wheel Chair ပေါ် ထိုင်ကာ အောက်ဆီဂျင်ပိုက်များ တပ်ဆင်ထားရသည်။

သို့သော် သတိကောင်းနေပြီး  ပရိသတ်များ၊မိတ်ဆွေများ၊ဆွေမျိုးများကို အဆင်ေ်ပြပြေ   ဧည့်ခံ စကားပြောနိုင်နေဆဲဖြစ်သည်။

ချင်းဗုဒ္ဓသာသနပါလက အဖွဲ့ သြဝါဒါစရိယဆရာတော်
အရှင်နာရဒ (ပုတီးကုန်း)လည်း ပြပွဲကို ကြည့်ရှုတော်မူပြီး (မြတ်မင်္ဂလာမှာ နှစ်ပေါင်းများစွာ
ယခုထိ  ရေးဆွဲလာခဲ့တဲ့ သာသနာပြု ပန်းချီဆရာကြီးပါ) ဟု မှတ်ချက်ပြုသည်။
ဆရာကြီးက ပြပွဲခန်းမ၌ ထိုင်နေရင်း ( အကြောင်းအရာစုံကို ရေးဆွဲခဲ့ပါတယ်၊ တမယ်ကောင်း၊ နှစ်မယ်ကောင်း သဘောမျိုး မဟုတ်ပါဘူး) ဟု ပြောကြားခဲ့သည်။