ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ပြောဇာတ် ( ၇ )

 
ရန်လင်းအောင် – ပြောဇာတ် ( )
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၅

တစ်နေ့သား

တောကောင်တွေကို မာယာသုံး

ဖမ်းဆီးသတ်ဖြတ်နေတဲ့ မုဆိုးတစ်ယောက်

ယမနေပင် အောက်မှာ

ဆတ်ကြီးတစ်ကောင်ရဲ့ ခြေရာကောက်မိပါလေရော၊


ဒီတော့ မုဆိုးက

ယမနေပင်ခွကြား လင့်စင်ပေါ်တက်

ဆတ်ကြီးအလာ လှံအသင့်ကိုင်ပြီး စောင့်နေတာပေါ

 
လာပြီလာပြီ

လာနေကျ ဆတ်ကြီး ယမနေပင်အောက်လာပါပြီ

ကူလီကူမာနဲ့ မုဆိုး ယမနေသီးတွေခူးခူးပြီး

ပစ်ပစ်ချပေးသတဲ့


ဆတ်ကြီးကလည်း ခပ်ပါးပါးရယ်

အနေအထားကိုရိပ်မိပေမယ့် မမြင်သလိုလိုဘာလိုလိုနဲ့

ဟေ့ယမနေပင်ကြီး

ဒီနေ့ အသီးကြွေတာ အဆန်းသားပဲ

အပင်အောက်တည့်တည့် မကြွေ

သစ်ပင်က သစ်ပင်လို အထာမကျမှတော့

ကျုပ်လည်း တခြားအပင်ဆီ သွားပြီဗျို့


ဒီလို ဆတ်ကြီးက အော်ပြောပြီး

ထွက်သွားမယ်ဟန်လည်းပြင်ရော

လင့်စင်ပေါ်က မုဆိုး

ကပျာကယာ လှံနဲ့ထ အပစ် ချိန်သားမကိုက်တော့

လွဲသွားတာပေါ


ဆတ်ကြီးလည်း ခဏတန့်

ဒီမယ်မုဆိုး

အခု  နင်  ငါကိုလွဲပေမယ့်

ငရဲ နဲ့တော့ မလွဲပါ

နင့်အကုသိုလ်နဲ့ နင်တော့ တည့်တည့်တိုးတော့မှာ


ဆတ်ကြီးလည် ပြောပြောပြေးပြေး……

လှည့်ကွက်သုံးတိုင်း အနိုင်မရတဲ့

မုဆိုးခမျာ လဒမှိုင်မှိုင် ငိုင်ကျန်နေတော့တာ ………

 
၅၅၀ ဇာတ်တော်လာ
ကုရုင်္ဂမိဂဝဂ်၊ ကုရုင်္ဂမိဂဇာတ် ကိုမှီးပါသည်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts